www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

အသားဓာတ် အစားများခြင်း နှင့် နှလုံး ရောဂါ ဆက်စပ်မှု


အသားဓာတ်ဆွီဒင်မှာ ပြုလုပ် ခဲ့တဲ့ အကြီးစား လေ့လာမှု တစ်ခု အရ အသားဓာတ် အများကြီးစားခြင်းဟာ နှလုံးသွေး ကြောရောဂါများ ဖြစ်ပွားမှုကို မြင့်တက်စေကြောင်း သိရပါတယ်။ အဲဒီလေ့လာမှုကို BMJ ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ လေ့လာမှုမှာ အသက် ၃၀ မှ ၄၉ နှစ်အတွင်းရှိ အမျိုးသမီး ၄ သောင်းကျော်ရဲ့ အစား အစာထဲမှာ ကစီဓာတ်နဲ့ အသားဓာတ် အချိုးအစားကို ၁၅ နှစ်ကြာ လေ့လာ ခဲ့ရာ ကစီဓာတ်နဲ့ အသားဓာတ် အချိုး အစား နည်းပါးသူ (တစ်နည်းအားဖြင့် ကစီဓာတ် လျှော့စားပြီး အသားဓာတ် ပိုစားသူ) တွေဟာ နှလုံးသွေးကြော ရောဂါများ အထူးသဖြင့် နှလုံးသွေး ကြောကျဉ်းရောဂါနဲ့ လေဖြတ်ခြင်း ပိုမိုဖြစ်ပွားကြောင်း တွေ့ရှိခဲ့ရတယ်။ ဒီလေ့လာမှုနဲ့ ဆင်တူတဲ့ ယခင် လေ့လာမှုတွေမှာလည်း ကစီဓာတ် နည်းပါးစွာပါဝင်တဲ့ အစားအစာ Low Carbohydrate Diet က နှလုံးသွေး ကြောရောဂါများဖြစ်ပွားမှု မြင့်တက် စေကြောင်း တွေ့ရှိရဖူးပါတယ်။ ဒါကြောင့် သုတေသီတွေအကြံပြု ထားတာက ကိုယ်အလေးချိန် လျှော့ ချလိုသူများဟာကစီဓာတ်ကိုနည်းပါးစွာ လျှော့စားပြီး အသားဓာတ်ကို တိုးပြီး စားကြရာ အဲဒီလို လုပ်မယ့်အစား ကစီဓာတ်နဲ့ အသားဓာတ်ပါဝင်မှု အချိုးအစားကို ပုံမှန်အတိုင်းပဲစားပြီး ကာယလေ့ကျင့်ခန်းကိုသာ ပိုမိုလုပ် ဆောင်သင့်ကြောင်း အကြံပြုထားပါ တယ်။
By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်