ဘူတာရုံတွင် ညစဉ်ညတိုင်း ၉ နာရီ ခွဲ၌ ရထား နံပါတ် ၃၉၉ ဆိုက်ရောက် ပါတယ်။ အခြားရထားတွေနဲ့ မတူတဲ့ အချက်ကတော့ ထိုရထားနံပါတ် ၃၉၉ မှာ စီးနင်းလိုက်ပါလာသူများဟာ ကင်ဆာရောဂါသည်များနှင့် သူတို့ရဲ့ မိသားစုဝင်တွေပဲဖြစ်ပါတယ်။ ကင်ဆာ ဆေးကုသမှုများခံယူရန် နယ်မြို့လေး တစ်ခုမှ Bikaner မြို့ကြီးဆီသို့ သွားနေကြတာဖြစ်ပါတယ်။ ထိုရထား ကို "ကင်ဆာရထား" လို့ အများစုက ခေါ်ဆိုကြပါတယ်။
ကင်ဆာရောဂါဟာ မြို့ပြရဲ့ ညစ်ညမ်းမှုတွေကြောင့် ဖြစ်ပေါ်လာ နိုင်တဲ့ မြို့ကြီးသားရောဂါတစ်ခုလို့ သတ်မှတ်ထားခြင်းခံထားရသော်လည်း ယနေ့ခေတ်မှာတော့ကျေးလက်နေတော သူတောင်သားတွေမှာလည်းကင်ဆာ ဝေဒနာ ခံစားနေရပြီဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ နာမည် အကျော် ကြားဆုံး ဆေးတက္ကသိုလ်များထဲမှ တစ်ခုက လေ့လာမှုပြုလုပ်ခဲ့ရာ ပိုးသတ်ဆေးများ အသုံးများတဲ့ လယ်သမားတွေဟာ အသုံးနည်းသူ များနှင့် နှိုင်းယှဉ်လျှင် ကင်ဆာရောဂါ ကို ပိုပြီး ဖြစ်နိုင်ခြေရှိတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
ဒါပေမယ့် ပိုးသတ်ဆေးတွေကြောင့် ကင်ဆာဖြစ် တယ်လို့ တိုက်ရိုက်သက်သေပြမှု တွေ မရှိခဲ့ပါဘူး။ ကင်ဆာရထားပေါ်က အချို့ရဲ့ ကင်ဆာရောဂါခံစားရခြင်း အကြောင်းရင်းများကိုတော့ ယခုထက် ထိတိုင် မတွေ့ရှိကြသေးပါဘူး။ ရွာသူ ရွာသားများကတော့ စိုက်ပျိုးသီးနှံ တွေ ထုတ်လုပ်နိုင်စွမ်း မြင့်တက်လာ ပေမယ့်လည်း အဲဒီပတ်ဝန်းကျင်မှာ နေထိုင်တဲ့ လူတွေရဲ့ ကျန်းမာရေး ကတော့ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ် လာပါတယ်လို့ ပြောပြခဲ့ကြပါတယ်။
By Health Digest
0 comments:
Post a Comment