သတင်းနှ့င့်ရသစုံလင်

လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....

နည်းပညာများ

ကွန်ပျူတာနည်းပညာများ ANDROID ဖုန်း နည်းပညာများ APPLE (IOS) မိုးဘိုင်းဖုန်းနည်းပညာများ ကို နည်းပညာများနေရာမှာ ဖတ်ရှုနိုင်ပါတယ်

ဒေါင်းလုပ်သီချင်း

သီချင်းဒေါင်းချင်သူမျာအတွက် အသစ်ထွက်တဲ့သီချင်းတွေရော သီချင်းဟောင်လေးတွေပါ " MP3 ဒေါင်းလုပ်" နေရာမှာ ၀င်ဒေါင်းနိုင်ပါတယ် သီချင်းများကို album လိုက်စုစည်းပြီး တင်ပေးထားပါတယ်

ဂီတစက်ခန်း

ဂီတစက်ခန်း စိတ်ညစ်နေသူ...စိတ်ရှုပ်နေသူများ... စိတ်ထွက်ပေါက်ရှာချင်တယ်ဆိုရင် ဂီတစက်ခန်းထဲဝင်ပြီး ၀င်ကလိလိုက်ပါ... ဂီတစက်ခန်းမှာ ဂီတာ၊ဒရမ်၊စန္ဒယား၊တယော၊ဒီဂျေ အပြင်... ရောသမမွှေနိုင်တဲ့ တီးလုံးသံစဉ်လေးများကို အသုံးပြုနိုင်ပါတယ်...

အွန်လိုင်းဂိမ်း

အွန်လိုင်းဂိမ်းများကို အဆင်ပြေပြေနဲ့ အလွယ်တကူကစားချင်တယ်ဆိုရင် ဓါတ်ပုံပြင်ရန်အောက်က..အွန်လိုင်းဂိမ်းနေရာမှာ ၀င်ရောက်ကစားနိုင်ပါတယ်

www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Thursday, May 23, 2013

ခွေး နဲ့ ဘီလူး

ရေကိုမှီပြီး အသက်မွေးကြတဲ့သူတွေထဲမှာ ကိုဘတုတ်လဲပါတယ်လေ.. ။ ရေကိုမှီပြီး အသက်မွေးတယ်ဆိုလို့ မျက်စိထဲမှာ ပိုက်ကွန်တွေ ဘာတွေ ပြေးမမြင်နဲ့ဦး..။ ကိုဘတုတ်တို့က ဖောင်လုပ်သားတွေ..။ အဲဒီတော့ ညညဆိုရင် ကမ်းစပ်က တဲလေးထဲမှာ ညအိပ်ကြတယ်..။ တဲကလဲ ရေစပ်နဲ့ မဝေးဘူးရယ်..။ ကုန်းပတ်နဲ့ ကပ်ကပ်လေး..။
တစ်နေ့လုံး အလုပ်တွေလုပ်.. ပြီးတော့ ညအိပ်၊ မနက်အစောကြီး ပြန်ပြီး အလုပ်ဝင်..။ အဲလိုနဲ့ သူတို့ဘဝ လည်ပတ်နေတာ..။ အစားအသောက်ကလဲ  သတ်သတ်မှတ်မှတ်ရယ်လို့ ချက်ပြုတ်စားသောက်လို့မရနေဘူး..။ အဲဒီတော့ အိမ်သူတွေက ချက်ပြုတ်ပြီး လာပို့ပေးရတယ်..။ အများအားဖြင့်တော့ ကိုဘတုတ်ရဲ့ မိန်းမချက်ပေးတာများတယ်..။ လက်ရာက ကောင်းတာကိုး။ ကိုဘတုတ်တို့ ညစာစားလို့ ပိုနေတဲ့ ထမင်းဟင်းတွေကို အိုးလေးထဲထည့်ပြီး မနက်အတွက် သိမ်းရတာပေါ့.။ ဒါပေမယ့် မနက် သူတို့ စားရတယ် မထင်နဲ့..။ မနက်နိုးလာလို့ကြည့်လိုက်ရင် အိုးထဲမှာ ချန်ထားတာတွေ မရှိတော့ဘူး..။ အစကတော့ ကိုဘတုတ်တို့ အချင်းချင်း တစ်ယောက်ကိုတစ်ယောက်မျက်စောင်းတစ်ခဲခဲပေါ့။ သူက ကိုယ့်ကိုထင် ကိုယ်က သူ့ကိုထင်နဲ့ အဲဒီအကြောင်း မပြောဖြစ်နေဘူး.။ နေ့တိုင်းကို ကုန်နေတော့ မအောင့်နိုင်တော့ဘူး.။ ကိုဘတုတ်က ထစစ်ပါတော့တယ်..။ ။ ထမင်းကျန်ဟင်းကျန်တွေ ဘယ်သူက ဘယ်နားသွားသွားပြီး ဘာလုပ်ပစ်တာလဲပေါ့.။ အဲဒီမှာမှ ဇာတ်ရည်လည်တော့တာ.။ ဘယ်သူမှ မထိတဲ့အကြောင်း သိလိုက်ရတယ်.။ အဲဒိမှာ ကိုဘတုတ်လဲ တစ်ယောက်ယောက်က သူတို့ အိပ်နေတုန်း လာခိုးစားတာလို့ တွက်လိုက်တယ်.။ တင်းတာပေါ့ ဘာပြောကောင်းမလဲ.. ။ အဲဒီတော့ ဒီညတော့ စောင့်ဖမ်းမယ်လို့ ကြံတယ်..။
အားလုံး တက်ညီလက်ညီပဲ..။ စောင့်ဖမ်းရင် မမိမှာစိုးလို့ ညစာတောင် လျှော့စားကြပြီး ပိုပိုသာသာလေးကို ချန်ပေးထားလိုက်တယ်.။ သူတို့ ဖောင်လုပ်သားတွေရဲ့ လက်နက်တွေကတော့ ဂျင်ကလိတို့ မှိန်းတို့ပေါ့..။ ရရာလက်နက်စွဲပြီး အားခဲစောင့်နေကြတယ်.။ ညတော်တော်နက်လာတော့ လူတစ်ယောက် ရေကူးနေသလို အသံတွေစကြားရတယ်.။ အဲဒါနဲ့ သကောင့်သား သူခိုးတော့လာနေပြီဆိုပြီး အားလုံး သတိအနေအထားနဲ့ပေါ့..။ လရောင်လေးကလဲ အားပေးနေတယ်လေ..။ တအောင့်လောက်နေတော့ ဝုန်းဆိုပြီး ရေထဲက ထိုးထွက်လိုက်သံကို ကြားလိုက်ရတယ်.။ ပြီးတော့ အရိပ်တစ်ခု ကုန်းဘောင်ပေါ်ကို တွယ်တက်လာတယ်.။ လားလား..။ အားလုံး အသက်ရှူဖို့ မေ့ကုန်တယ်.။ ဘယ့်နှယ်..။ လူမှတ်လို့စောင့်နေတာ.။ ဘာကြီးမှန်းမသိဘူး မဲမဲကောင်ကြီး။ ထွားကလဲ ထွားသေးတယ်.။ မျက်နှာကိုတောင် ကောင်းကောင်း တွေ့ရတာမဟုတ်ဘူး..။ တက်လာပြီး အဲဒီအကောင်ကြီးက ကိုဘတုတ်တို့ ထမင်းကျန် ဟင်းကျန် ချန်ထားတဲ့ဆီကို ခပ်သုတ်သုတ်သွားနေတယ်.။ အဲဒီတော့မှ မှင်တက်နေတဲ့ ကိုဘတုတ်တို့လဲ သတိဝင်လာတယ်.။ မတိုင်ပင်ထားရပဲ လက်ထဲမှာ ကိုင်ထားတဲ့ လက်နက်တွေနဲ့ ဝိုင်းဆော်တော့တာပေါ့..။ အဲဒီမှာ အဲဒီအကောင်ကြီးလဲ ရေထဲကို ပြန်ခုန်ဝင်သွားတယ်.။
နောက်နေ့ကစလို့ ကိုဘတုတ်တို့ ချန်ထားတဲ့ ထမင်းဟင်းတွေ လက်ရာမပျက်တော့ဘူး..။ ဒါပေမယ့် ပြီးသွားပြီလို့ မထင်လိုက်နဲ့..။ အဲဒီ အကောင်ကြီးက စားကျက်ပြောင်းသွားတာ..။ ကိုဘတုတ်တို့ ရွာမှာက ကိုတင်ရွှေနဲ့ မဥ ဆိုတဲ့ အကြော်သည် လင်မယားရှိတယ်.။ မဥက အိမ်မှာ အကြော်ကြော်၊ ကိုတင်ရွှေက ရွာထဲပတ်ရောင်း..။ အဲလို အသက်မွေးကြတာ.။ တစ်ရက်တော့ မဥ အကြော်ကြော်ပြီးသွားပေမယ့် ကိုတင်ရွှေက အချိန်မှီ ရောက်မလာဘူး.။ အဲဒါနဲ့ မဥကိုယ်တိုင် ဗန်းကိုမလို့ အကြော်ရောင်းထွက်တာပေါ့..။ ဆိပ်ကမ်းနားတစ်ဝိုက်ကို ရောင်းဖို့ ဆင်းလာတော့ ဆိပ်ကမ်းနားမရောက်ခင်မှာ နောက်က ခြေသံကြားတယ်.။ အဲဒါနဲ့ မယ်ဥလဲ လှည့်ကြည့်လိုက်တာပေါ့.။ ဘာကောင်မှန်းမသိဘူးတဲ့.။ မဲမဲကြီး..။ လူကောင်ကလဲ ထွားတယ်ပေါ့..။ လမ်းအပြည့်ပဲတဲ့..။ မယ်ဥက ဘာမှန်းမသိပေမယ့် လူမဟုတ်မှန်းတော့ သိတယ်တဲ့..။ အဲဒါနဲ့ သူ့အကြော်ဗန်းကို ပစ်ချပြီး ဆိပ်ကမ်း ဟိုဘက်လမ်းကနေ အိမ်ကို ပြန်ပြေးတော့တာပေါ့..။ ဒီတိုင်းပြေးတယ်မထင်နဲ့..။ ဆိပ်ကမ်းက လူတွေ အလန့်တကြားနိုးသွားအောင် ကိုတင်ရွှေ ကိုတင်ရွှေဆိုပြီး ဒင်းကြမ်းအော်ပြေးတာကိုး..။ အိမ်ရောက်တော့ အမောဖောက်ပြီး မယ်ဥ လဲကျ သတိလစ်သွားတယ်.။ ဖျားလိုက်တာမှ ညည ကယောင်ကတမ်းတွေ အော်တဲ့အထိပဲ..။ တော်တော်လေး ပြန်ကုလိုက်ရတယ်.။ နောက်ပိုင်းတော့ သိပ်တော့ မကြားရတော့ပါဘူး.။ ပရိတ်ရွတ် ဘာရွတ် သေချာလုပ်လိုက်ကြတာကိုး..။ ဒါကတော့ ကြားဖူးနားဝလေးပါ..။



by ခစ်ခစ် (သရဲအကြောင်းပြောကြမယ်)

ဆိပ်ကမ်းသာက လူမဲကြီး

ရေကိုမှီပြီး အသက်မွေးကြတဲ့သူတွေထဲမှာ ကိုဘတုတ်လဲပါတယ်လေ.. ။ ရေကိုမှီပြီး အသက်မွေးတယ်ဆိုလို့ မျက်စိထဲမှာ ပိုက်ကွန်တွေ ဘာတွေ ပြေးမမြင်နဲ့ဦး..။ ကိုဘတုတ်တို့က ဖောင်လုပ်သားတွေ..။ အဲဒီတော့ ညညဆိုရင် ကမ်းစပ်က တဲလေးထဲမှာ ညအိပ်ကြတယ်..။ တဲကလဲ ရေစပ်နဲ့ မဝေးဘူးရယ်..။ ကုန်းပတ်နဲ့ ကပ်ကပ်လေး..။
တစ်နေ့လုံး အလုပ်တွေလုပ်.. ပြီးတော့ ညအိပ်၊ မနက်အစောကြီး ပြန်ပြီး အလုပ်ဝင်..။ အဲလိုနဲ့ သူတို့ဘဝ လည်ပတ်နေတာ..။ အစားအသောက်ကလဲ  သတ်သတ်မှတ်မှတ်ရယ်လို့ ချက်ပြုတ်စားသောက်လို့မရနေဘူး..။ အဲဒီတော့ အိမ်သူတွေက ချက်ပြုတ်ပြီး လာပို့ပေးရတယ်..။ အများအားဖြင့်တော့ ကိုဘတုတ်ရဲ့ မိန်းမချက်ပေးတာများတယ်..။ လက်ရာက ကောင်းတာကိုး။ ကိုဘတုတ်တို့ ညစာစားလို့ ပိုနေတဲ့ ထမင်းဟင်းတွေကို အိုးလေးထဲထည့်ပြီး မနက်အတွက် သိမ်းရတာပေါ့.။ ဒါပေမယ့် မနက် သူတို့ စားရတယ် မထင်နဲ့..။ မနက်နိုးလာလို့ကြည့်လိုက်ရင် အိုးထဲမှာ ချန်ထားတာတွေ မရှိတော့ဘူး..။ အစကတော့ ကိုဘတုတ်တို့ အချင်းချင်း တစ်ယောက်ကိုတစ်ယောက်မျက်စောင်းတစ်ခဲခဲပေါ့။ သူက ကိုယ့်ကိုထင် ကိုယ်က သူ့ကိုထင်နဲ့ အဲဒီအကြောင်း မပြောဖြစ်နေဘူး.။ နေ့တိုင်းကို ကုန်နေတော့ မအောင့်နိုင်တော့ဘူး.။ ကိုဘတုတ်က ထစစ်ပါတော့တယ်..။ ။ ထမင်းကျန်ဟင်းကျန်တွေ ဘယ်သူက ဘယ်နားသွားသွားပြီး ဘာလုပ်ပစ်တာလဲပေါ့.။ အဲဒီမှာမှ ဇာတ်ရည်လည်တော့တာ.။ ဘယ်သူမှ မထိတဲ့အကြောင်း သိလိုက်ရတယ်.။ အဲဒိမှာ ကိုဘတုတ်လဲ တစ်ယောက်ယောက်က သူတို့ အိပ်နေတုန်း လာခိုးစားတာလို့ တွက်လိုက်တယ်.။ တင်းတာပေါ့ ဘာပြောကောင်းမလဲ.. ။ အဲဒီတော့ ဒီညတော့ စောင့်ဖမ်းမယ်လို့ ကြံတယ်..။
အားလုံး တက်ညီလက်ညီပဲ..။ စောင့်ဖမ်းရင် မမိမှာစိုးလို့ ညစာတောင် လျှော့စားကြပြီး ပိုပိုသာသာလေးကို ချန်ပေးထားလိုက်တယ်.။ သူတို့ ဖောင်လုပ်သားတွေရဲ့ လက်နက်တွေကတော့ ဂျင်ကလိတို့ မှိန်းတို့ပေါ့..။ ရရာလက်နက်စွဲပြီး အားခဲစောင့်နေကြတယ်.။ ညတော်တော်နက်လာတော့ လူတစ်ယောက် ရေကူးနေသလို အသံတွေစကြားရတယ်.။ အဲဒါနဲ့ သကောင့်သား သူခိုးတော့လာနေပြီဆိုပြီး အားလုံး သတိအနေအထားနဲ့ပေါ့..။ လရောင်လေးကလဲ အားပေးနေတယ်လေ..။ တအောင့်လောက်နေတော့ ဝုန်းဆိုပြီး ရေထဲက ထိုးထွက်လိုက်သံကို ကြားလိုက်ရတယ်.။ ပြီးတော့ အရိပ်တစ်ခု ကုန်းဘောင်ပေါ်ကို တွယ်တက်လာတယ်.။ လားလား..။ အားလုံး အသက်ရှူဖို့ မေ့ကုန်တယ်.။ ဘယ့်နှယ်..။ လူမှတ်လို့စောင့်နေတာ.။ ဘာကြီးမှန်းမသိဘူး မဲမဲကောင်ကြီး။ ထွားကလဲ ထွားသေးတယ်.။ မျက်နှာကိုတောင် ကောင်းကောင်း တွေ့ရတာမဟုတ်ဘူး..။ တက်လာပြီး အဲဒီအကောင်ကြီးက ကိုဘတုတ်တို့ ထမင်းကျန် ဟင်းကျန် ချန်ထားတဲ့ဆီကို ခပ်သုတ်သုတ်သွားနေတယ်.။ အဲဒီတော့မှ မှင်တက်နေတဲ့ ကိုဘတုတ်တို့လဲ သတိဝင်လာတယ်.။ မတိုင်ပင်ထားရပဲ လက်ထဲမှာ ကိုင်ထားတဲ့ လက်နက်တွေနဲ့ ဝိုင်းဆော်တော့တာပေါ့..။ အဲဒီမှာ အဲဒီအကောင်ကြီးလဲ ရေထဲကို ပြန်ခုန်ဝင်သွားတယ်.။
နောက်နေ့ကစလို့ ကိုဘတုတ်တို့ ချန်ထားတဲ့ ထမင်းဟင်းတွေ လက်ရာမပျက်တော့ဘူး..။ ဒါပေမယ့် ပြီးသွားပြီလို့ မထင်လိုက်နဲ့..။ အဲဒီ အကောင်ကြီးက စားကျက်ပြောင်းသွားတာ..။ ကိုဘတုတ်တို့ ရွာမှာက ကိုတင်ရွှေနဲ့ မဥ ဆိုတဲ့ အကြော်သည် လင်မယားရှိတယ်.။ မဥက အိမ်မှာ အကြော်ကြော်၊ ကိုတင်ရွှေက ရွာထဲပတ်ရောင်း..။ အဲလို အသက်မွေးကြတာ.။ တစ်ရက်တော့ မဥ အကြော်ကြော်ပြီးသွားပေမယ့် ကိုတင်ရွှေက အချိန်မှီ ရောက်မလာဘူး.။ အဲဒါနဲ့ မဥကိုယ်တိုင် ဗန်းကိုမလို့ အကြော်ရောင်းထွက်တာပေါ့..။ ဆိပ်ကမ်းနားတစ်ဝိုက်ကို ရောင်းဖို့ ဆင်းလာတော့ ဆိပ်ကမ်းနားမရောက်ခင်မှာ နောက်က ခြေသံကြားတယ်.။ အဲဒါနဲ့ မယ်ဥလဲ လှည့်ကြည့်လိုက်တာပေါ့.။ ဘာကောင်မှန်းမသိဘူးတဲ့.။ မဲမဲကြီး..။ လူကောင်ကလဲ ထွားတယ်ပေါ့..။ လမ်းအပြည့်ပဲတဲ့..။ မယ်ဥက ဘာမှန်းမသိပေမယ့် လူမဟုတ်မှန်းတော့ သိတယ်တဲ့..။ အဲဒါနဲ့ သူ့အကြော်ဗန်းကို ပစ်ချပြီး ဆိပ်ကမ်း ဟိုဘက်လမ်းကနေ အိမ်ကို ပြန်ပြေးတော့တာပေါ့..။ ဒီတိုင်းပြေးတယ်မထင်နဲ့..။ ဆိပ်ကမ်းက လူတွေ အလန့်တကြားနိုးသွားအောင် ကိုတင်ရွှေ ကိုတင်ရွှေဆိုပြီး ဒင်းကြမ်းအော်ပြေးတာကိုး..။ အိမ်ရောက်တော့ အမောဖောက်ပြီး မယ်ဥ လဲကျ သတိလစ်သွားတယ်.။ ဖျားလိုက်တာမှ ညည ကယောင်ကတမ်းတွေ အော်တဲ့အထိပဲ..။ တော်တော်လေး ပြန်ကုလိုက်ရတယ်.။ နောက်ပိုင်းတော့ သိပ်တော့ မကြားရတော့ပါဘူး.။ ပရိတ်ရွတ် ဘာရွတ် သေချာလုပ်လိုက်ကြတာကိုး..။ ဒါကတော့ ကြားဖူးနားဝလေးပါ..။



by ခစ်ခစ် (သရဲအကြောင်းပြောကြမယ်)

"ဘဝခြားပေမယ့်..... ကစားမက်လေသလား"

ကျွန်တော် ငယ်ငယ်လေးတုန်းက သရဲဆိုတာကို နှစ်ခါမြင်ဘူးတယ်ဗျ။ ပထမတစ်ခေါက်တုန်းက အသက်က ၄ နှစ်ခွဲလောက်ပဲ ရှိဦးမယ် ကျောင်းမနေရသေးတဲ့အချိန် အသက်ငယ်သေးတယ်။ သရဲတွေ ဘာတွေမှန်း သိပ်ပြီးတော့ နားမလည်၊ မသိသေးတဲ့အချိန်ပေါ့ဗျာ။

        ကျွန်တော်တို့ လိုင်းထဲက အပျိုအရွယ်အစ်မတစ်ယောက် အမျိုးသမီးရောဂါနဲ့ သေဖူးတယ်။  အဲ့ဒီအစ်မက ကျွန်တော်တို့ တစ်အိမ်ကျော်မှာ နေတဲ့ အန်တီမြင့်ရဲ့ တူမ။ သူ့ကို သူ့အဒေါ်က ရိုက်တိုင်း အိမ်ကိုပြေးပြေးလာပြီး ငိုနေကြမို့ အိမ်နဲ့လည်း ရင်းနှီးနေတာ။ အဲ့ဒီအစ်မ သေတုန်းက သေသေချင်းကတော့ ဘာမှ ထူးခြားမှု မပြဘူး။ ဒါပေမယ့် ၂ ရက်လောက်ကြတော့ စတာပဲ...

       ကျွန်တော်တို့ ရေကန်ထဲကို သွားတိုက်ဆေးတွေ ညှစ်ညှစ်ချသွားတယ်။ အစကတော့ အမေက ကျွန်တော့ကိုပဲ ထင်တာပေါ့ ။ ကလေးက ကျွန်တော်တစ်ယောက်ပဲ ရှိတာကိုး။ ဒါပေမယ့် မိသားစုလိုက် အပြင်သွားပီး ပြန်လာရင်ကို အဲ့လိုမျိုးတွေ ဖြစ်နေတာ။ ပြီးတော့ သူမသေခင်က လှယ်နေကျ ၀က်စာအိုးကို အိမ်ကလူတွေ မသိခင် လှယ်ထားတာမျိုးတွေ။ သူလာလာထိုင်နေကြ လှေကားမှာ တခါတလေ ငိုသံကြားရတာတွေ ဖြစ်ဖြစ်လာတော့ တစ်လိုင်းလုံးက လန့်လာတာ။ ရက်တောင် မလည်သေးဘူး ခြောက်တယ်ပေါ့............ ။

         ကျွန်တော်ကတော့ ကလေးဆိုတော့ သေတယ်ဆိုတာတောင် ဘာမှန်းသိပ်မသိသေးတော့ မကြောက်ဘူး။ ကျွန်တော်သူ့ကို မြင်ဘူးတယ်ဆိုတာက ကျွန်တော်တို့ လိုင်းရှေ့မှာ သဲဖုတ်တောကြီးရှိတယ်။ အဲ့မှာ ညနေညနေဆို လိုင်းပေါင်းစုံက ကလေးတွေ လာဆော့ကြတယ်။ တစ်ညနေကြီး ကျွန်တော်လည်း ဆော့မလို့ အဲ့ဒီဖုတ်တောကို သွားတာ ကလေးတွေ ကြားထဲမှာဗျာ အဲ့သေသွားတဲ့ အစ်မ လမ်းလျှောက်သွားနေတာ သူဝတ်နေကြ အကျီင်္အနီလေးနဲ့... မျက်နှာလေးက ငယ်လို့........ ။

        အဲ့ဒါနဲ့ ကျွန်တော်က အမေ့ကို ခေါ်ပြောတာ.........
"အမေ အဲ့အစ်မကြီး သေသွားပြီလဲ ပြောသေးတယ် ... ဟိုမှာ ဆော့နေတာရယ်"
ဆိုတော့............ ဘယ်ပြောကောင်းမလဲ ....... မိဘတွေ အကုန်လုံး ကိုယ့်သားသမီး ကိုယ် အပြေးအလွား လာခေါ်ကြရော။ ရိုက်ပြီး ပြန်ခေါ်တဲ့လူခေါ်နဲ့ ဆူညံပွတ်သွားတာပဲ...................

အဲ့ဒီအစ်မကြီးလည်း နာမည်အခုထိကြီးတုန်း ကျွန်တော်တို့ အရွယ်တွေ အကုန်လုံး သူ့ကို မှတ်မိသေးတယ်  (လူကိုပြောတာမဟုတ်ဘူး နာမည်ကို ပြောတာ........ )အခုကြီးလာမှ သိတယ် အဲ့ဒါ သရဲအခြောက်ခံရတာဆိုတာ ....း)


by ရွာတော်ရှင် (သရဲအကြောင်းပြောကြမယ်)

အသုဘအိမ်က လက်ဝှေ့ပွဲ

အသုဘအိမ်မှာ ညဘက်မိုးရွာရင် ကြိုက်ကို မကြိုက်ဘူး..။ ဘယ့်နှယ် ... ။ လေက တဝူးဝူး မိုးကတစ်ဝုန်းဝုန်းနဲ့...။ ကြားထဲက မီးက ဖြတ်သေး..။ ဖယောင်းတိုင်မီးကို အားကိုးပေမယ့် လေက ကြမ်းတာကြောင့် ဟိုဟာနဲ့ ကာ ဒီဟာနဲ့ကာ လုပ်ရသေးတယ်.။. ဖဲကို ဖြောင့်ဖြောင့်မရိုက်နိုင်ဘူး..။ အခုလဲ ရပ်ကွက်ထဲက ဦးမှေးရဲ့ အသုဘမှာ ထုံးစံအတိုင်း မိုးအလင်း ဖဲရိုက်စောင့်ပေးပါတယ်ဆိုမှ မိုးက သည်းသည်း ရွာလိုက်သေးတယ်..။ မိုးစကျတယ်ရှိသေး လျှပ်စစ်ရုံးကလူကလဲ အားကိုးရတယ်..။ မီးကို တန်းဖြတ်တာပဲ.။ ငုတ်တုတ်များ ထိုင်စောင့်ပြီး မိုးရွာပါစေ ဆုတောင်းနေလားမသိ..။
စဉ်းစားကြည့်ပါဗျာ...။ ကြောက်တတ်လို့တော့မဟုတ်ဘူး ဒါပေမယ့် ဖယောင်းတိုင်မီး လှုပ်တုတ် လှုပ်တုတ်အောက်မှာ ဆန့်ဆန့်ကြီးလဲနေတဲ့ ဦးမှေးကို ကြည့်ရတာ ထပဲ နရင်းအုပ်တော့မယ့်ယောင်ယောင်..။ ဖဲဝိုင်းထဲကို မနည်း အာရုံစိုက်ထားရတယ်.။ မိုးရွာတော့ အကြောင်းပြချက်ကောင်းပြီး ညလာကူစောင့်မယ့် ကာလသား မောင်မိုးတို့ အုပ်စုကလဲမလာ.။ သူတို့လာရင် အားပိုရှိတယ်.။ သူတို့က အနည်းဆုံး ဆယ်ယောက်လောက်ရှိတာကိုး..။ အခုတော့ မောင်ဝင်း၊ မြကြီး၊ သန်းအောင်၊ ပေါက်စနဲ့ အားလုံးပေါင်းမှ ငါးယောက်ထဲရယ်.။ ဦးမှေးရဲ့ သားသမီးတွေကလဲ မနက်ဖြန်မှရောက်မှာဆိုတော့ အိမ်မှာ ဆွေမျိုးသားချင်းရယ်လဲ မ၇ှိဘူး.။ အမျိုးတွေကလဲ အလုပ်အကြောင်းပြပြီး ဦးမှေးအသုဘကို ရပ်ကွက်အပ်သွားတာကိုး..။
ငါးယောက်ရှိနေသေးလို့ တော်သေးတာပေါ့.။ တစ်ဝိုင်းတော့ ပြည့်တယ်.။ ဒါပေမယ့် မြကြီးဆိုတဲ့ကောင်က ဖဲကို အခုမှ ရိုက်ဖူးတဲ့ကောင်..။ ဒါကြောင့် ပါသမျှ ကုန်တဲ့သကာလ ဘေးထွက်ထိုင်နေတော့တယ်.။ ညတော်တော်နက်တဲ့အထိ မိုးက မတိတ်နိုင်ဘူး.။ သန်းခေါင်ကျော် တစ်ချက်ထိုးလောက်ကျတော့ မိုးလေး ဖွဲသွားတယ်.။ အဲဒီအချိန် မြကြီးကလွဲလို့ အကုန် ရေချိန်ကိုက်နေပြီ..။ ပွဲကလဲ ဟာသဖြစ်နေပြီ.။ အကုန်လုံး ဖဲချပ်တွေကို ပြူးပြဲကြည့်ရင်း ဘေးဘီကို သိပ်အာရုံမစိုက်နိုင်တော့ဘူး.။ အဲဒီအချိန်မှာ တံခါးလာခေါက်တယ်.။ မြကြီးက ထပြီးဖွင့်ပေးတယ်.။ မောင်မိုးတို့ဖြစ်မယ်ထင်တယ်.။
အဲလိုနဲ့ ဖဲကို ဆက်ရိုက်နေကြတုန်း ဒုန်းဆို မီးဖိုထဲက အသံမြည်တယ်.။ ခေါင်းထောင်ပြီးကြည့်လိုက်တော့ အလောင်းစံထားတဲ့ ဧည့်ခန်းထဲမှာ လူစိမ်းသူစိမ်း ရှိမနေဘူး..။ အဲဒါနဲ့ မြကြီးကို လှမ်းကြည့်လိုက်တော့ ပြုံးပြပြီး ဖဲဝိုင်းဘေးကို မေးဆတ်ပြတယ်.။ တစ်ယောက်ယောက် ထိုင်နေတယ်ဆိုတဲ့အထာ...။ သူမသိတဲ့သူဆိုရင် အဲလိုပဲ လှမ်းပြနေကျ..။ ကြက်သီးမွှေးညှင်းတွေ ထချက်ဗျာ.။ ရုတ်တရက်ကြီး..။ ဘေးဘီကို သေချာ လှည့်ကြည့်တော့ ဘယ်သူမှ မရှိနေဘူး.။ မြကြီးကို လှမ်းမေးရတယ်.။ ဘာလဲဟပေါ့..။ မြကြီးကပြောတယ်.။ ကိုသာဖေ..။ ခင်ဗျား ဘေးမှာလေ.. ။ ဦးမှေးရဲ့ သားကြီးလို့ပြောတယ်... တဲ့..။ ဟာဗျာ..။ ရုတ်တရက် သတိရသွားတယ်.။ မူးသာမူးနေတာ ...။ ဦးမှေးရဲ့ သားကြီးဆုံးတာဖြင့် ငါးနှစ်လောက်ရှိတော့မယ်.။ မြကြီးကတော့ သိပုံမရဘူး..။
ဒီကောင် မြကြီး ဖဲရှုံးလို့ ကူလီကူမာလုပ်နေတယ်လို့ ထင်မိတုန်း...။ သိပ်မသေချာသေးဘူး..။ အဲဒါနဲ့ မင်း ဒါနောက်စရာမဟုတ်ဘူးဆိုပြီး ဟောက်ထည့်လိုက်တယ်.။ မြကြီးက ပြန်အော်တယ်.။ ခင်ဗျားဘေးမှာ ငုတ်တုတ် ခင်ဗျားကို ပြူးကြည့်နေတာတဲ့..။ သူ့သူငယ်ချင်းနှစ်ယောက်တောင် မီးဖိုထဲကို ဝင်သွားတာ ပြန်မထွက်လာသေးလို့တဲ့..။ အကျိုးတော့ နည်းပြီပေါ့ဗျာ..။ ဘယ့်နှယ်...။ မြကြီးဆိုပြီး လှမ်းအော်တုန်းရှိသေးတယ် မီးဖိုထဲက ဒုန်း ဆိုပြီး အသံ ထပ်ထွက်လာတယ်.။ နောက်ပြီး လူသံလိုလိုပါ ကြားလိုက်ရတယ်.။ ပေါက်စကတော့ မျက်လုံးပြူးပြီး ငြိမ်နေပြီ..။ အကြောက်လွန်နေပြီလေ..။
အဲဒါနဲ့ လုပ်မိလုပ်ရာ လုပ်လိုက်တယ်.။ ဖဲဝိုင်းဘက်ကို ပြန်လှည့်လိုက်တာ..။ ရှေ့မှာ လူက လေးယောက်.။ အားလုံးပေါင်းမှ ငါးယောက်.။ မြကြီးက အနောက်မှာ ဖဲဝိုင်းမှာ ကျန်ခဲ့တာက သူရယ်၊ ပေါက်စရယ်၊ မောင်ဝင်းရယ် သန်းအောင်ရယ်..။ အခုက တစ်ယောက်ပိုနေတယ်.။ သေချာ ပြူးပြဲကြည့်တော့ ဝိုးတဝါးနဲ့ မျက်လုံးစိမ်းကိုပဲ သေချာ မြင်ရတယ်..။
အဲလို ပြူးကြည့်နေမိတော့ ပေါက်စက ဖောက်တော့တာပဲ.။ ကိုသာဖေ ခင်ဗျားကြီးက ဘာလဲတဲ့..။ အားလုံးလဲ မှင်သက်ကုန်တာပေါ့..။ ပေါက်စက ခင်ဗျားက ဘာကိစ္စ ချိုတွေ ထွက်နေရတာလဲ ဆိုပြီး ထထိုးတယ်.။ အားလုံး ဝရုန်းသုန်းကားပဲ..။ တစ်ယောက်ကိုတစ်ယောက်ဆွဲရင်းကနေ မမြင်ဖူးတဲ့သူတွေပါ ဝင်ဆွဲနေတာကို မြင်ရပါလေရော..။ အဲဒါနဲ့ မည်းမည်းမြင်သမျှကို လိုက်ထိုး လိုက်ကန်မိတော့တာ..။ အသုဘအိမ်က ချက်ချင်းကို ဆူညံပွက်လောရိုက်သွားတယ်.။ ထိုးချက် ကန်ချက်တွေခံရင်း မည်းမည်းမြင်သမျှကို ပြန်ကန်ကျောက် ထိုးကြိတ်ရင်းနဲ့ ခြေကုန်လက်ပမ်းကျသွားချိန်မှာ မောင်မိုးတို့ အော်ဟစ်ပြီးရောက်လာတယ်.။ သူတို့ထင်နေတာ ကိုသာဖေတို့အုပ်စု ဖဲရိုက်ရင်း ထသတ်နေပြီပေါ့..။ နောက်မှ အကြောင်းစုံသိတော့ ချက်ချင်း ဘုန်းဘုန်းကို သွားလျှောက်ရတယ်.။ ဘယ်လိုဖြစ်သွားမှန်းမသိပေမယ့် မြကြီးကတော့ ဧည့်သည်လာလို့ တံခါးထဖွင့်ပေးတာ ပြောလို့ကောင်းတုန်း..။ အခုထက်ထိ အဲဒါ တကယ်လား အရက်ကြောင်တာလား သေချာ မသိသေးပါဘူး..။ ခံလိုက်ရတာကတော့ မျက်လုံး တစ်ဘက်ပိတ်၊ တစ်ပတ်လောက် လမ်းလျှောက်လို့ မရတဲ့အထိပဲ..။ အဲဒီကတည်းက သာဖေတို့ အသုဘ စောင့်အိပ်ဖို့ သိပ်လိုလို ချင်ချင် မရှိတော့တာ.။

ဒါကတော့ ပေါက်တောဆိုလား ပေါက်ခေါင်းဆိုလား အဲဒီဘက်က တက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတစ်ယောက် ပြောပြတဲ့ အတွေ့အကြုံပါ..။ ကျွန်တော်လဲ ဘာမှန်းမသိ...။



by စိုင်းမွန် (သစ္စေရွာ)

ချစ်ခြင်းအစ သချိုင်းက

ဟုတ်တာမဟုတ်တာတော့ မသိဘူးဗျာ..။ ဖဲဝိုင်းကနေပြီးတော့ သရဲ စကားဝိုင်းဖြစ်သွားတာတော့ ကြုံဖူးတယ်..။
ဖြစ်ဆို တိုက်လဲ တိုက်ဆိုင်တာကိုး..။ အဲဒီ ဖဲဝိုင်းက အသုဘအိမ်က ဖဲဝိုင်းလေ..။ ရပ်ကွက်ထဲက ကိုအောင်ကြီး ဆုံးတော့ သွားကူကြရင်း ရိုးရာမပျက် မိုးလင်းထိုင်တဲ့ အသုဘဖဲဝိုင်းပေါ့..။
စထိုင်စကတော့ သာမန် ထွေရာလေးပါး စကားတွေလောက်ပဲ ပြောဖြစ်ကြတာပါ..။ ညတော်တော်လေးနက်လာပြီး နာရီတစ်ချက်ထိုးတော့ အိမ်က ဗွေဖောက်လာတယ်.။
ခေါင်မိုးပေါ်ကို သဲတွေ အဆုပ်လိုက် ကြဲချလိုက်သလို အသံတွေ ကြားလိုက်ရတာ..။ အားလုံး ငြိမ်ကုန်တယ်..။
အသံက တစ်ကယ့်ကို ပီပြင်လွန်းတာ..။ ပီပြင်ဆို ကိုအောင်ကြီးတို့ အိမ်က သွပ်မိုးကိုး...။ ခေါင်ကနေပြီးတော့ တံစက်မြိတ်အထိကို ကလောင်ကလင်အသံပေးပြီး အစုလိုက်အပြုံလိုက် လိမ့်ဆင်းလာသံကို ကြားရတယ်.။ အားလုံးလဲ မျက်စိတွေပြူးပြီးတော့ အိမ်ရှေ့ကို ကြည့်နေတာပေါ့..။ တံစိတ်မြိတ်ကို လွန်သွားတာနဲ့ အသံပျောက်သွားတယ်.။ အဲ..။ သဲနဲ့တူတာဆိုလို့ ဖုန်တစ်မှုန့်တောင် ကျမလာဘူးဗျား..။
အဲဒီမှာတင် သတ္တိခဲတွေ သိလိုက်တယ်.။ ထူးပြီဆိုတာကို..။ ဖဲဝိုင်းကို ဦးဆောင်နေတဲ့... ကိုပွကြီးကတော့ သိပ်ဂရုစိုက်ပုံမပေါ်ပါဘူး..။ ခပ်တည်တည်ပဲ ဝိုင်းကို ပြန်ဦးဆောင်တယ်..။
မေ့ထားလိုက် ဒါမျိုးက ဖြစ်တတ်တယ်..။ အဲလိုပဲ ဆိုပြီး ပွဲကို ဆက်တယ်..။ ဖြစ်တတ်တယ်ဆိုတဲ့ စကားလုံးက ကျန်တဲ့ ဝိုင်းတော်သားတွေကို ဆွဲဆောင်သွားတယ်လေ..။
အဲဒါနဲ့ ဖြစ်တတ်တယ်ဆိုတာ ဘယ်လိုကိုပြောတာလဲဆိုတာကနေစပြီးတော့ သရဲစကားဝိုင်းကို ရောက်တာပဲ..။
ပြောလို့ပြောတာမဟုတ်ဘူးဗျ..။ အသုဘအိမ်မှာ သရဲအကြောင်းပြောရတာလောက် အရသာရှိတဲ့ အတွေ့အကြုံတော့ မရှိလောက်ဘူးထင်တာပဲ..။ အဟုတ်..။ မယုံရင် စမ်းကြည့်..။
အဲဒီတုန်းက ကိုပွကြီးပြောပြတဲ့အကြောင်းတွေကို နားထောင်ရင်း ကိုအောင်ကြီးရဲ့ အလောင်းစံထားတဲ့ ကုတင်ကို ကွက်ကြည့်ကွက်ကြည့်လုပ်ဖြစ်တယ်..။
ဘယ်အချိန်မှာများ ဝုန်းဆို ထထိုင်လိမ့်မလဲဆိုတဲ့ အတွေးနဲ့ပေါ့..။ တကယ်ကြီး ထမထိုင်ပါဘူးဗျ..။ အဲလို အရသာမျိုးရှိတယ်ဆိုတာကို သိစေချင်လို့..။
သရဲက အသုဘမှာ ဖြစ်လေ့ရှိတဲ့ သာမာန် ဟိုအသံ ဒီအသံအကြောင်းကနေ ကိုပွကြီးရဲ့ ဦးလေးအကြောင်းကို ရောက်သွားတယ်..။
သူ့ဦးလေးက ရုပ်သာဆိုးတာ အတော်လေးကို မြာစွံတာ..။ အဟုတ်အဟုတ်..။ သူ့အသက်ကြီးနဲ့ ကလေးမ ငယ်ငယ်ချောချောတွေကို ထင်သလို ကောက်စားလို့ကို ရနေတာ..။
အဲဒါကလဲ လျှို့ဝှက်ချက်ရှိသတဲ့..။ အဲလိုစကားစရင်းကနေ သူ့ဦးလေး ရုပ်ဆိုးရဲ့ ပီယဆေး ဖော်စပ်တဲ့ စွန့်စားခန်းဆီရောက်ရော..။ တစ်ကယ်လား အဟုတ်လား လံကြုပ်လားတော့ ခင်ဗျားတို့ စဉ်းစားပေါ့ဗျာ.။
သူပြောပြတာဒီလို..။ နားထောင်ကောင်းအောင် သူ့ဦးလေး အထာနဲ့ ပြောပြမယ်..။

အဲဒီနေ့က မိုးတွေ အရမ်းသည်းတယ်...။ ငါကလဲ ဆရာဒေဝနဲ့ ချိန်းထားလို့သာ တော်တော်လေးကို တောင်တွေးမြောက်တွေးနဲ့ ခြောက်ချားနေပြီ..။ အဓိကကတော့ ဒီလောက် မိုးသည်းထဲမှာ ဖယောင်းတိုင်ကို ဘယ်လိုထွန်းပြီး ဆေးကို ဘယ်လိုရအောင်ဖော်မလဲဆိုတဲ့ကိစ္စပေါ့..။ ထွေးငယ်ကို လိုချင်တော့လဲ ရဲရပြီပေါ့ကွာ..။ မင်းသိတဲ့အတိုင်း ငါ့ရုပ်နဲ့က ထွေးငယ်မပြောနဲ့ ရွာလည်က အကြော်သည် ဒေါ်ရွှေဆာတောင် ငါ့ကို ယူရင် ရွှေအချိန်လိုက်ပေးမယ်ဆိုတောင် စွံမယ့်ဟာမဟုတ်ဘူး..။ ဒီတော့ ငါအားကိုးစရာ ဆရာဒေဝပဲ ကျန်တာကိုး..။ ဆရာဒေဝကလဲ ငါ့ကို ကတိပေးတာကိုးကွ..။ ပီယဆေးဖော်ပြီးတာနဲ့ ထွေးငယ်မကဘူး ရွာထဲက ပျိုပျိုအိုအိုရှိသမျှ မိန်းမသားတွေ ငါ့ကို ကျစေရမယ်ပြောတာကိုး.။ မိန်းမ အဲလောက်အများကြီး မလိုချင်ပေမယ့် ထွေးငယ်ရမယ်ဆိုရင်တော့ ငါလဲ လိုချင်တာပေါ့ကွ..။ ကွမ်းတောင်ကိုင်ကိုး..။ ပြောနေတာနဲ့ လမ်းလဲ တော်တော်ချော်နေပါပြီ..။
မိုးကလဲ သည်းလွန်းတယ်.။ ရွာဦးကျောင်းက ကိုးချက်တီးတော့ ငါတွေဝေနေလို့မဖြစ်တော့ဘူးလေ..။ ရွာအနောက် သချိုင်းကို ပြေးရတယ်..။ ဆရာဒေဝက အဲမှာ ဆုံမယ် ပြောထားတာကိုး..။ သချိုင်းရောက်တော့ ဆရာဒေဝက ရောက်နှင့်နေပြီ..။ ငါ့ကိုမြင်တော့ လာရဲသားပဲ လုပ်နေသေးတာ..။ အဲဒီ သချိုင်းဝမှာတင် ငါ့စိတ်တွေ တော်တော်လေးကို ခြောက်ခြားသွားတယ်..။ မင်းမြင်ယောင်ကြည့်ပေါ့ကွာ..။ မိုးသည်းတော့ မှောင်မဲနေတာ..။ လျှပ်စီးတွေလက်လိုက်တော့ အုတ်ဂူနဲ့ မှတ်တိုင်တွေကို လျှပ်ရောင်အောက်မှာ မြင်ရတာ မကောင်းဆိုးဝါးတွေ ငုတ်တုတ်ထိုင်နေတဲ့အတိုင်းပဲ..။ ဆရာဒေဝနား အသေကပ်ပြီး လိုက်သွားရတယ်..။ အဲဒီနေ့ကလဲ တအားကို တိုက်ဆိုင်တာလေ..။ လကွယ်ည..။ ပြီးတော့ ရွာထဲက ပိုးထိပြီးဆုံးတဲ့ အပျိုပေါက် မိချိုကို မြေချတဲ့နေ့ကလဲ အဲနေ့ပဲလေ..။ ငါတို့လိုတာလဲ အဲဒါပဲ..။ မိချိုက တစ်ရွာလုံးသိတဲ့အတိုင်း အဖိုဆိုလို့ ရင်ဖိုတောင် သန်းဖူးတာမဟုတ်..။ တကယ့်အပျိုစင်လေးကိုး..။ အဲဒီညမှာ မှောင်နက်မဲမဲထဲ မိချိုမြေပုံကို မနည်းလိုက်ရှာရတယ်..။ မိုးဒီလောက်သည်းနေမှတော့ သုဘရာဇာ ကိုမှိန်လဲ ပုလင်းကိုင်ပြီး ကောင်းနေလောက်ပြီလေ..။ မြေပုံကိုတွေ့တော့ ဆရာဒေဝက ပြင်စရာရှိတာတွေပြင်တယ်.။ အလုပ်က ညသန်းခေါင်မှ စရမှာ..။ ဆရာဒေဝကတော့ ငါ့ကို အသားကုန်မှာနေတာ..။ ဘာတွေမှန်းကိုမသိဘူး.။ သေချာပေါက် မှတ်မိတာကတော့ ဘာဖြစ်ဖြစ် ထွက်မပြေးရဘူးဆိုတဲ့အကြောင်း..။ ညဆယ့်နှစ်ထိုးခါနီးတဲ့အထိကို မိုးကမတိတ်သေးဘူး..။ ငါက ဖြစ်ပါ့မလားလို့ပြောတော့ ဆရာဒေဝက ရယ်သဟ..။ နောက်ပြီး သူ့အိပ်ထဲက ဖယောင်းတိုင်ကို ထုတ်ပြီး မီးညှိတယ်.။ အံ့ရောဟေ့..။ မိုးသည်းထဲမှာကို ဖယောင်းတိုင်က အေးဆေး မီးတောက်နေရော..။ ပြီးတော့မကြာဘူး.. မိုးကြိုးတစ်ချက်ပစ်ပြီး မိုးလုံးဝ တိတ်ချသွားတယ်.။ ပြီးတော့ ရွာဦးကျောင်းက အုံးမောင်းခေါက်သံသဲ့သဲ့ လှမ်းကြားရတယ်..။ ဆယ့်နှစ်ချက်တီးပြီ..။ အဲဒါနဲ့ ဆရာဒေဝက ငါ့ကို မြေပုံကို စတူးခိုင်းတော့တာပဲ..။ မိုးလေးကူထားလို့သာပေါ့.။ စည်းကမ်းချက်အတိုင်းကို လက်နဲ့ ယက်ပြီး တူးရတာဟေ့..။ မလွယ်ဘူး..။ မိုးသာ မရွာထားရင် ငါတော့ သေမှာ..။ မိုးရွာထားတာကို နာရီတစ်ချက်တီးစာလောက် တူးလိုက်ရတယ်.။ နောက်ဆုံး အခေါင်းကိုမြင်မှပဲ ငါအသက်ရှူနိုင်တယ်.။ အခေါင်းကို ဖွင့်လိုက်တော့ မိချိုရယ်လေ အိပ်နေတဲ့အတိုင်းပဲ..။ ဆရာဒေဝက ငါ့ကို မိချိုရဲ့ လက်သန်းနှစ်ခုလုံးကို ဖြတ်ခိုင်းတယ်.။ ထွေးငယ်ကို လိုချင်လို့သာဟေ့...။ ငါလဲ စိတ်ထဲကနေပြီး မိချိုရယ် ငါ တမင်လုပ်တာမဟုတ်ပါဘူးဟယ်ဆိုပြီး ဖြတ်လိုက်တယ်.။ နောက်ပြီး ဆရာဒေဝက ငါ့ကို မိချိုဆံပင်တွေပါ ဖြတ်ခိုင်းတယ် လက်တစ်ဆုပ်စာတဲ့..။ ငါက ဓားနဲ့ ဖြတ်ရမယ်မှတ်နေတာ ဒီအတိုင်း ဆုပ်ပြီး ဆွဲနှုတ်တဲ့..။ ဘယ်လိုဆွဲဆွဲ မိချိုခေါင်းကြီးနဲ့ ကိုယ်ပဲ ကြွတက်လာတယ်.. ပါမလာဘူး..။ အဲဒါနဲ့ သူ့ပုခုံးကို ခြေနဲ့နင်းပြီး အာ့းရပါးရ ဆောင့်ဆွဲထည့်လိုက်မှ အပြုံလိုက် ပါလာတယ်.။ နားထဲမှာ အား နာလိုက်တာဆိုတဲ့ အော်သံကြီးကို ကြားမိသလိုဖြစ်လို့တောင် ငါထခုန်လိုက်သေးတယ်..။ မိချိုကို ငုံ့ကြည့်မိတာ ငါသည်းခြေပျက်ခါနီးတောင်ဖြစ်တယ်..။ သူ့မျက်လုံးကြီးက ငါဆောင့်ဆွဲတဲ့အရှိန်နဲ့ထင်တယ် ပွင့်နေပြီး ငါ့ကို ပြူးကြည့်နေတဲ့အတိုင်းပဲ.။ ဘယ်လို ပြတ်ပိတ်ပိတ် မပိတ်တော့ဘူး.။ ဆရာဒေဝကတော့ အမြန်တက်ခဲ့တော့လို့ပြောလို့ ငါလဲ အမြန်တက်လိုက်တယ်.။ အဲဒီနောက် သူက စည်းဝိုင်းချပြီး မိချိုရဲ့ လက်သန်းနှစ်ခုနဲ့ ဆံပင်တစ်စုပ်ကို မီးမြိုက်တယ်.။ နောက်ပြီး ဒယ်အိုးလေအသေးလေးထဲထည့်ပြီး မီးဆက်ပြတယ်.။ နောက် ပုလင်းထဲ ထည့်ယူလာတဲ့၊ ဆိတ်သွေး၊ ကြက်သွေးနဲ့ နွားသွေးတွေကို အဲဒီအိုးပြားလေးထဲ သွန်ထည့်တယ်.။ အဲလို ထည့်လိုက်တာနဲ့ အပုပ်နံ့ကြီး ထောင်းကနဲ ထလာတယ်..။ မိချိုကို မြေမှ ပြန်မဖုံးရသေးတာ..။ အဲဒီမှာတင် ဖယောင်းတိုင်ရောင်အောက်မှာ တွင်းထဲက မိချို မတ်တပ်ထရပ်လိုက်တာကို မြင်လိုက်ရတယ်.။ ငါလေ ကြောက်လွန်းလို့ တုန်တက်လာတယ်.။ ထွက်လဲ မပြေးရဲဘူး..။ ဆရာဒေဝမှာထားတာကိုး..။ စည်းပေါက်ရင် ငါရောသူပါ သေမှာဆိုတော့..။ သရဲထက် သေမှာကိုတော့ ပိုကြောက်တတ်တယ်ကွ..။ မဟုတ်ရင် ထွေးငယ်ကို ယူလို့ဘယ်ရတော့မလဲ..။ ငါလဲ အသေကြောက်နေပေမယ့် အတင်းပဲ ဇွတ်ထိုင်နေလိုက်တယ်.။ မိချိုတစ်ယောက် တွင်းထဲကနေ အပေါ် ဘယ်လိုရောက်လာမှန်းတောင် မသိလိုက်ဘူး.။ နောက် အသံနက်ကြီးနဲ့ ငါ့လက်သန်းနဲ့ ဆံပင်ပြန်ပေးလို့ အော်တယ်.။ အဲဒီမှာ ဆရာဒေဝကလဲ လိုချင်ရင် ငါခိုင်းတာလုပ်ဆိုပြီး ပွစိပွစိနဲ့ ဘာစာတွေ၇ွှတ်မှန်းမသိဘူး..။ မိချိုကလဲ အကောင်သာသေးတာ တော်တော် ခေါင်းမာပုံပဲ..။ နောက်ဆုံး ဆရာဒေဝ ထရပ်ပြီး မြေကို ဖနောင့်နဲ့ ပေါက်ခိုင်းမှပဲ လုပ်ပါ့မယ် သဘောတူတယ်.။ နောက် ဆရာဒေဝက ပုလင်းသေးသေးလေးကို မိချိုဆီပစ်ပေးလိုက်တယ်.။ အဲဒါကို မိချိုယူပြီး တွင်းထဲပြန်ဆင်းသွားတယ်.။ နောက်ဆရာဒေဝက ငါ့ဘက်လှည့်လာရော..။ ပြီးတော့ မီးကင်ထားတဲ့ ဒယ်ကို လှမ်းပေးတယ်.။ သွေးတွေကြားမှာ လက်သန်းချောင်းပေါလောပေါ်နေတာ ငါ့မှာ ပျို့တောင်ပျို့တယ်.။ ဆရာဒေဝက ငါ့ကို တွင်းထဲဆင်းပြီး မိချိုပါးစပ်ထဲက ပုလင်းကိုယူ ပြီးရင် ဒါတွေကို လောင်းထည့်ခဲ့လို့ပြောတယ်..။ မင်းစဉ်းစားကြည့်..။ ခုလေးတင် မျက်စိရှေ့မှာ တွင်းထဲက တက်လာတဲ့ မိချို..။ ငါ့မှာ ဘယ်သတ္တိနဲ့ သွားပြီး ပါးစပ်ထဲက ပုလင်းကိုထုတ်ပြီး ဒါတွေကို သွားလောင်းထည့်ရဲမှာလဲ.။ ဆရာဒေဝက ဆက်ပြောတယ်.။ မင်း နောက်ထပ်ငါးမိနစ်ဆယ်မိနစ်လောက်ပဲ အချိန်ရှိတော့တယ်.။ လင်းကြက်သွန်ချိန်မှ မလဲရသေးရင် မင်းရဲ့ လက်သန်းကိုဖြတ်ပြီး အလျော်ပေးရမယ်တဲ့.. ငါလဲ ကျားမြီးဆွဲထားပြီးမှတော့ မထူးဇာတ်ခင်းရတာပေါ့ကွာ..။ ကြောက်၇ဲကြောက်ရဲနဲ့ တွင်းထဲဆင်းပြီး မိချိုပါးစပ်ကိုဟရတယ်.။ ပုလင်းကိုတွေ့တော့ နှိုက်ယူရတယ်.။ ယူနေတုန်း ဖြုန်းဆို မိချိုမျက်လုံးတွေ ပွင့်လာတယ်.။ ငါ့ကို မျက်လုံးစိမ်းကြီးနဲ့ ကြည့်နေတာ.။ ငါလဲ ကြောက်တော့ လုပ်မိလုပ်ရာ လုပ်တယ်.။ မျက်ရည်တွေကလဲ တားမရ..။ ငိုသံကြီးနဲ့ ဒီမှာ နင့်လက်ချောင်းတွေဆိုပြီး ပါးစပ်ထဲ အကုန်လောင်းထည့်တယ်.။ ပြီးတော့ အပေါ်ကို အတင်းကုတ်တက်တယ်.။ ဗြုန်းဆို ငါ့ခြေထောက်ကို အောက်ကလှမ်းဆွဲထားတယ်.။ ငါလဲ အော်တာပေါ့.။ အဲဒီမှာ ဆရာဒေဝက ရောက်လာပြီး ပွစိပွစိနဲ့ ရွတ်ပြန်တယ်.။ ပြီးတော့ ငါ့ကို ဆွဲတင်တယ်.။ လင်းကြက်ကလဲ တွန်တော့မှာမို့ ငါတို့မှာ အခေါင်းဖုန်းကို အမြန်ပိတ်ပြီး မြေတွေကို အသားကုန် ဖို့ရတယ်.။ မြေဖို့တာတော့ မြန်ပါ့..။ ပြီးတော့ ဆရာဒေဝက သူ့ဖယောင်းတိုင်ကို မြေပုံပေါ်စိုက်ချလိုက်တယ်.။ သီသီလေးပဲ ဖယောင်းတိုင်လဲ စိုက်ပြီးရော ကြက်တွန်သံကို ကြားရတာပဲ..။ အဲဒီအခါမှ ပုလင်းကို ကြည့်ဖို့သတိရတယ်.။ ဖယောင်းတိုင်မီးရောင်အောက်မှာတော့ အရည်ကြည်လေးတွေကို မြင်ရတယ်.။ ဘာမှလဲ မထူးဆန်းနေဘူး.။ ဆရာဒေဝက ငါ့ကိုသေချာမှာတယ်.။ အစားထဲပဲဖြစ်ဖြစ်၊ ပုခုံးပေါ်ကိုပဲဖြစ်ဖြစ်၊ သောက်မယ့်အရည်တစ်ခုခုထဲမှာပဲဖြစ်ဖြစ် လက်ညိုးထိပ်လေးနဲ့ တို့ပြီး ကိုယ်လိုချင်တဲ့သူကို ထိတွေ့စေလိုက်ရင် တစ်ပတ်အတွင်းကိုယ့်အပေါ်ကို တန်းတန်းစွဲဖြစ်လာစေရမယ်တဲ့..။ ဒါပေမယ့် သတိထားရမှာက အချစ်ကြီးသလို အမျက်လဲ ကြီးသတဲ့.။ အဲဒီတော့ အဲဒီဆေးကို ချင့်ချိန်သုံးပါဆိုပြီး မှာသွားတယ်.။ အဲဒီနေ့ကစလို့ ဆရာဒေဝကို မတွေ့ရတော့ဘူး.။ ငါလဲ အဲဒီဆေးနဲ့ ထွေးငယ်ကို ပုခုံးတို့လိုက်တာ တစ်ပတ်အတွင်း ငါနဲ့ ညားတာပဲ..။ ကျန်တာတွေကိုတော့ မင်းတို့ မဟုတ်ကဟုတ်ကသုံးမှာစိုးလို့ ငါ့ကိုယ်ထဲကို ဆေးအဖြစ်နဲ့ စုတ်ထိုးထားလိုက်တယ်.။ ဒါကြောင့်ငါဟာ ပီယကိုယ်တော်ဖြစ်နေတာပဲ....။

ဒါကတော့ ကိုပွကြီးရဲ့ ဦးလေးလေသံနဲ့ပြန်ပြောပြတာပါ..။ အဖြစ်ကတော့အဲဒါပဲ.။ ဟုတ်လား မဟုတ်လားမသိပေမယ့် အဲလို ရုပ်ဆိုးတဲ့သူကြီးမှာ ကလေးမ ငယ်ငယ်ချောချောတွေကတော့ ဝိုင်းနေတာ အမှန်ပဲ..။ နောက်ပိုင်းမှ သိရတာက အဲဒီ ဆရာဒေဝဆိုတဲ့လူကို အညာက ရွာတစ်ရွာရဲ့ သချိုင်းမှာ အသက်ကင်းလျှက်သား တွေ့တယ်ဆိုလား..။ ကျွန်တော်တော့ ကြားရတာနဲ့တင် ကြက်သီးထတယ်.။ ဟုတ်တာ မဟုတ်တာကတော့ ခင်ဗျားတို့ ချင့်ယုံပေါ့ဗျာ..။ ကြားဖူးတာကို ပြန်ပြောပြယုံသက်သက်ပါ..။

လံကြုပ်လား အမှန်အရှုပ်လား တစ်ကယ်မသိပေမယ့် နားထောင်လို့ကောင်းခဲ့တဲ့ သရဲအကြောင်းတွေထဲက ခပ်ဆန်းဆန်းပုံစံတစ်ခုပေါ့ဗျာ..။
by စိုင်းမွန်း (သစ္စေရွာ)

ဖျာလိပ်နတ်နှင့် မအောင်ဖြူ

အများကပြောကြတယ် ဖျာလိပ်စောင့်နတ်မမှန်ဘူးတဲ့ သူများတွေတော့မသိဘူး ကျွန်မအတွက်ကတော့ သူက တိုင်ပင်ဖော်ပဲ၊ အရမ်းခင်ကြတယ် သိလာတာဆယ်ကျော်သက် မမကြီးတွေလုပ်ပြတာဝင်ပါကတည်းက ခု အပျိုကြီးလို့ခေါ်လို့ရတဲ့အရွယ်ထိပဲ ဟိဟိ ကြေငြာမဟုတ်ပါ၊             

သူ့အကြောင်းပြောရရင် ကျောင်းတက်တုန်းက တက္ကသိုလ်တက်တုန်းက ကျူရှင်ခတွေ တော်တော်များများ သုံးပလိုက်မိသွားတယ် ကိုယ်က ပါမောက္ခတွေအထူးဝိုင်းတက်တာဆိုတော့ မနည်းမနောပဲ ထပ်လည်းမတောင်းရဲ ချေးတာဘာညာလည်း တခါမှမလုပ်ဖူး အဲ့ဒါနဲ့ ထပ်တောင်းရတော့မယ့်အခြေအနေမှာ ကြံမိကြံရာ အမေရှင်မအောင်ဖြူကိုခေါ်မေးတော့တာပဲ ငွေရအောင်လုပ်ပေးပါပေါ့ သူကလည်းဖြေတယ် လုပ်ပေးမယ်တဲ့ ဒါဆိုလည်း လုပ်ပေးပေါ့ ဘုရားမှာဘာညာလေးတွေပေါ့ လှူပေးမယ်လို့ ၊ အဲ့ဒါလေ မေးရင် မေးဖူးတဲ့သူသိတယ် သဘောတူရင်ဘယ်လိုလုပ်ပြပါပေါ့...ကိုယ်ပြောသလိုလေ သူကမလုပ်ပြဘူး သဘောမတူဘူးတဲ့...


ဟာ အဲ့ဒါနဲ့ ဘာဖြစ်ချင်တာလည်းပေါ့ တမျိုးပြီးတမျိုး မေးတာ...အဲ့မှာနောက်ဆုံး သူစတေးးခံရတဲ့နယ်လား သူ့အပိုင်ရထားတဲ့နယ်လား ပဲခူးအကျော်မှာရှိတယ်တဲ့ အဲ့မှာ ဖျာလိပ်ရယ် အလှပြင်ပစ္စည်းတွေရယ် သွားလှူပေးရမယ်ပေါ့လေ ဖြစ်ကုန်တာ ကိုယ်တွေလည်း ပဲခူးအကျော်လောက်ဆိုတော့ မေးစမ်းသွားရင်သိမှာပါဆိုပြီး ဂတိပေးလိုက်တယ်၊                ဟဲဟဲ နှစ်လုံးလေ သိတယ်မလား အဲ့ဒါပဲအလွယ်ဆုံး ရှေ့ဂဏန်းဘယ်နှချက် နောက်ဂဏန်း ဘယ်နှချက်ရိုက်ပြပါ သုညဆိုရင်ဘယ်လိုလုပ်ပြပါပေါ့......အေးအေ  42 တဲ့....အိုခေလေ ဟုတ်သော်ရှိမဟုတ်သော်ရှိ.... မနက် 7500 ည 7500 တသောင်းခွဲပေးပြီး တခါတည်း ထိုးခိုင်းလိုက်တယ် ..မနက်ထွက်ဘူးတော် ....


အမလေး ညနေအဲ့ဂဏန်းတဲ့ ကိုယ်တွေကျူရှင်ကလည်းပြန်လာရောလေ....သယ်ရင်းတွေဆိုတာလေ တယောက်မျက်နှာတယောက်ကြည့်ပြီးတော့...ဟာဟင်ကနဲကိုဖြစ်တာ....ဟာ သဇင်ရေပေါက်ပြီဟေးးဆိုပြီးလေ ..7500ဖိုးနဲ့လားးးး...တခြားသယ်ရင်းတွေ1000 ဖိုး 1500ဖိုး 500 ဖိုး ပေါက်တဲ့သူတွေလည်းပါတယ် ...အမလေး တသက်နဲ့တကိုယ် အလောင်းအစားမလုပ်ဖူးဘူး ထိုးလည်းမထိုးဘူး အဲ့နှစ်လုံး သုံးလုံး တကယ် တကယ်...ကြံရာမရလို့သာလုပ်ရတာ...    


  အဲ့ဒါနဲ့သယ်ရင်းတွေက ကဲသူကတော့တာဝန်ကျေပြီတဲ့ ငါတို့ဒိုးကြမယ်ဆိုပြီး သယ်ရင်း 3 ယောက် အဝေးပြေးသွားပြီး တွေ့ ရာကားတက်စီးတာပဲ ရန်ကုန် _မန်းကား ပဲခူးကျော်တော့ကြည့်တာပေါ့ လမ်းဘေးတွေကို သူကပြောထားတာက လမ်းဘေးမှာကိုရှိတယ်ပေါ့ လူကြီးတချို့ကိုမေးကြည့်တာလည်း သိသာတယ်ပေါ့ ဖျာလိပ်တွေထောင်ထားတယ်ပေါ့လေ သူတို့လည်းမရောက်ဖူးဘဲနဲ့လေ အဲ့ဒါနဲ့ကားပေါ်ပါလာတဲ့လူတွေကိုမေးတော့လည်း မသိဘူးဆိုတာချည်းပဲ ပုံတွေကသာအလန်းဝတ်ထားတာ ဖျာလိပ်တွေရော သူ့အတွက်ဝယ်လာတဲ့ တိုလီမိုလီခြင်းတောင်းတွေရောဘာတွေရော လူကြီးတွေကလည်း ဘာလုပ်မလို့မေးတာလည်းပေါ့ အဲ့ဒါနဲ့ပြောပြတော့  ဟာတဲ့ မမြင်မိဘူးတဲ့ အဲ့လိုမကြားမိဘူးတဲ့၊             


ကိုယ်တွေကတော့ဒီထိရောက်နေပြီ ဆက်လိုက်ရင် မန်းလေးရောက်တော့မယ်ပေါ့ ဆိုပြီး ဆင်းကြတာ ဘယ်ရောက်မှန်းလည်းမသိဘူး လယ်ကွက်တွေရော မြို့လိုလိုရှိတဲ့နေရာမှာဆင်းပြီးမေး နတ်စင် နတ်ကွန်းတွေတော့ရှိတယ် အဲ့ဖျာလိပ်နတ်စင်ကိုမတွေ့ တာ အဲ့ဒါနဲ့ ငါတို့လမ်းများလွဲသလားမသိဘူးလို့ ဘာဆက်လုပ်ကြမလည်းတိုင်ပင်ကြတယ် အဆောင်ကလည်းပြန်ရမယ်လေအစောကြီးထွက်လာကြတာ နေ့လည်တောင်ရောက်နေပြီ.......
ပြန်မေးမယ်ဟာ နောက်မှထပ်လာမယ်ဆိုပြီး တွေ့ ရာကားတက်စီးပြန်ကြတယ်....              


ကိုယ်က အဓိကလူလေ ကိုယ်ကတိတည်ချင်တယ် စိတ်ထဲမှာလည်း ကားစီးနေရင်း ပြောလိုက်တယ် သမီးတို့ လမ်းမှားနေရင် ကားပျက်အောင်လုပ်ပြပါလို့ သိလား တကယ်ဆုတောင်းတာနော် သမီးတို့လာတာသိတယ်ဆိုရင် သမီးတို့ကိုလိုက်ကြည့်နေတယ်ဆိုရင် တကယ်လည်းသိတယ်ဆိုရင် ကားပျက်အောင်လုပ်ပေးပါလို့ ...........ကားဘီးပေါက်သွားတယ်....ကားကအကြီးကြီးလေ...ကားနောက်တစီးပြောင်းစီးတယ်

မြန်မြန်ပြန်ချင်နေကြပြီလေ....လာတုန်းကသာအလင်းရောင်နဲ့မှောင်တော့ကြောက်လာကြပြီ ဘယ်ရောက်လို့ရောက်မှန်းမသိဆိုတော့....ကိုယ်ကမကျေနပ်ဘူး ထပ်စီးတဲ့ကား ထပ်ပျက်အောင်လုပ်ပေးပါစိတ်ထဲကထပ်ပြောတယ်....ဒီတခါက ကားကရပ်သွားတာ ဘာလို့လည်းတော့မသိ ပျက်တယ်ပေါ့နော်...ကားဆရာတွေပြင်နေတုန်းမှာ အဲ့တုန်းကတော့ မှော်ဘီလားဘာလား ရောက်နေတော့ ကားသေးလေးတွေစီးပြီး ပြန်လာကြတယ် .....အဆောင်ကို ည 10 နာရီမှရောက်တယ်... 


အဆောင်မှုးကလည်း သိတော့သိတယ် သူလည်း 500 ဖိုးပေါက်ထားတာဆိုတော့ မဆူဘူး ဒါပေမယ့် ကိုယ်တွေက ဖျာလိပ်တွေနဲ့သွားတုန်းကအတိုင်းပြန်ရောက်လာကြတာလေ...အဲ့တော့ မနက်ကျတော့ ထပ်မေးရတယ်.....ဒီတခါကျတော့ကိုယ်တွေရဲတင်းသွားတယ် ....လူထဲကိုဝင်ပူးခိုင်းမယ်လို့......မအောင်ဖြူသူ့ကိုပဲရွေးခိုင်းလိုက်တယ်.......ဖျာလိပ်ကြီးက ပုတ်ပုတ်ပြတာက တကယ့်ကို အအေးဆုံး သယ်ရင်း သူနဲ့မတည့်တဲ့သူဘယ်သူမှမရှိဘူး အေးချမ်းသည်းခံအဲ့လိုမိန်းခလေး ပြောရရင်ကွာ ဒီအဖွဲ့ သားတွေပြောပြောနေတဲ့ လိပ်ပြာလှတဲ့သူမျိုးဖြစ်ဖို့များတယ်....ကိုယ့်ကိုဝင်ပူးလို့မရဘူးဆိုတာ သိပြီးသား..နောက်ကြုံမှ နတ်ကနားတွေမှာဝင်ကဲတုန်းက ဘယ်နတ်မှဝင်လို့မရပဲ ကျွေးတာတွေပဲ ၀င်ကြိတ်ခဲ့တာ ပြောပြရဦးမယ် ..ဟိဟိ 

အဲ့ဒါနဲ့ဖျာလိပ်နဲ့သယ်ရင်းကိုထိခိုင်ြး့ပီး ၀င်ပါဘာညာပေါ့ ပုတ်တာလေ တဘုတ်ဘုတ်နဲ့သိလား ထိန်းလို့တောင်မနိုင်ချင်ဘူးပြီးတော့ငြိမ်ကျသွားရော...သယ်ရင်းချီထားတဲ့ လက်အုပ်ချီရက်လေးပျောက်သွားပြီးလေ..ခေါင်းလေးငုံ့နေတာ အရမ်းသိမ်မွေ့ တယ် မပြောပြတက်ဘူး သယ်ရင်းပုံစံပျောက်သွားပြီး တကယ့်ကိုနူးညံ့သိမ်မွေ့ တဲ့ အမျိုးသမီးပုံဖြစ်သွားတယ်...ဒါနဲ့ စကားပြောရအောင်အမေလို့ပြောတော့ မပြောဘူး..ဟာအဲ့ဒါနဲ့လေ စကားပြောလို့မရလို့လားအမေရယ်လို့ ပြောတော့ ခေါင်းညိတ်ပြတယ်...သနားလိုက်တာလေ အမေလို့ခေါ်တယ်ဆိုတာက သူ့ကိုလေးစားတဲ့အနေနဲ့ပါ...ဒါဆိုရင် ပြုံးပြပါဆိုတော့ ပြုံးပြရှာတယ် ..သူ့အပြုံး..အဲ့သူ့အပြုံးကို ဒီနေ့ထိမမေ့သေးဘူး အရမ်းသိမ်မွေ့ တယ် ကိုယ်သယ်ရင်းအပြုံးနဲ့တခြားစီ..တကယ့်ကိုနှစ်နှစ်ခြိုက်ခြိုက်နဲ့ တဖြည်းဖြည်းခြင်းပြုံးတာ...အရမ်းသိမ့်မွေ့ တယ်


လက်ကလေးနှစ်ဘက်ကိုလည်းယှက်ထားတာ ပြောရရင် ရှေးဘုရင်ကားတွေထဲက မိဖုရားတွေထိုင်သလိုမျိုးဒါနဲ့ ကျွှဲရိုင်းသောက်ပါဆိုပြီးကိုယ်ကတိုက်တယ် သောက်ချင်းချင်းပဲ ရှုံ့မဲ့သွားတာလေ သိလား ဟာ သယ်ရင်းတယောက်က အမေမကြိုက်ဘူးလားဆိုတော့ ခေါင်းညိတ်ပြတယ် သူတို့ခေတ်ကမပေါ်သေးတော့ မသောက်တက်ဘူးထင်တယ် အဲ့ဒါနဲ့ရေတိုက်တော့ အများကြီးသောက်တယ်....ကိုယ်လည်းပြောတာပေါ့ အမေသမီးတို့လာတာသိတယ်မလား သမီးတို့တကယ်လာပါတယ်အမေရယ် ဆိုတော့သူသိတယ်တဲ့ အဲ့ဒါ သမီးတို့ ရှာတာလည်းမတွေ့ ဘူးလို့ လမ်းလွဲတာလားဆိုတော့ ခေါင်းညိတ်ပြတယ်...ထပ်ရှာမယ်ဆိုလည်းအချိန်ရော နေရာကလည်းအတိအကျမသိတော့ ရှာရတာခက်လို့ပါလို့ အဲ့ဒါ အမေ့အတွက်နန်းလိုမျိုးထားတဲ့ ဘုရားတွေ ရန်ကုန်မှာရှိတယ်လို့ အဲ့ကိုပဲသွားလှူခွင့်ပြုပါ အမေရယ်ဆိုတော့ ခေါင်းညိတ်ပြတယ်...သူကလေခေါင်းကိုငုံ့ပြီး တုန်နေသလိုလေးဆိုတော့လေ အမေပူလို့လား ဖျာထဲပြန်ဝင်ချင်လို့လားဆိုတော့ ခေါင်းညိတ်ပြတယ် အဲ့ဒါနဲ့ဖျာထဲပြန်ဝင်ပါဆိုပြီး သူ့ကို လက်အုပ်ပြန်ချီခိုင်းပြီး ၀င်ခိုင်းရတယ်၊               


အဲ့တော့မှပဲ ၀င်ပူးခံရတဲ့သယ်ရင်းလည်း ပြန်အသိဝင်လာတယ် သူ့မေးတော့ သူ့လက်တွေအရမ်းတုန်လာတာပဲသူသိတယ်တဲ့ ကျန်တာသူမသိဘူးတဲ့ သယ်ရင်းမလေးက တကယ့်အရိုးခံလေး နတ်ဝင်သည်လည်းမဟုတ်ဘူး...ဒါနဲ့ပဲ ဖျာလိပ်နတ်ကိုပြန်ထုတ်...မြောက်ဥက္ကလာဘက်က သူ့နန်းထားပေးတဲ့ဘုရားတခုမှာ သူ့အတွက်ဝယ်ထားတာတွေသွားလှူပေး ပြီးတော့ အမျှဝေဘာညာလုပ်....နောက်ပိုင်းတော့ အဲ့လိုဝင်ပူးတဲ့အထိမလုပ်ဖြစ်ပေမယ့် အမြဲလိုလိုမေးဖြစ်ပါတယ်.........ဟိုလိုငွေအတွက်သူကိုအသုံးချသလိုမျိုးတော့ ထပ်မလုပ်တော့ဘူး ...ဘာပဲဖြစ်ဖြစ်မကောင်းဘူးလေ...

by သရဲအကြောင်းပြောကြမယ်

နောက်ဆို သရဲမခေါ်တော့ပါဘူး...

နေရာကအင်းစိန်မြန်မာကျမ်းစာကျောင်းMICT ..ကြာတော့ကြာပြီ..အစည်းဝေးပွဲကြီးရှိလို့ 
ခရစ်ယာန်လူငယ်တွေလုပ်အားပေးရတယ်..ထမင်းချက်ဟင်းချက်လုံခြုံရေးအစုံပဲ....
ကျတော်လည်းညလုံခြုံရေးကင်းပါတယ်ပေါ့..
တရက်ကြတောဧည့် သည်တွေ အတွက် အမဲသားချက်တယ်..မဟုတ်တာလုပ်ချင်တဲ့ ထဲကျတော်ထိပ်ဆုံးးက..အမဲသားဟင်းတခွက်
ခိုးထားလိုက်တယ်...ဒီည....သရဲခေါ်မယ်..လာထား...
ဒီလိုကြံနေတာကို..မင်းကုန်းနယ်ကလာတဲ့ သူငယ်ချင်းကသိသွားရော..
ဒီကောင့်ရုပ်ကပြောရရင်..အရပ်ရှည်ရှည်ကိုင်းကိုင်း...အသားကမဲတူးမှောင်နေတာပဲ..
မင်းကုန်းကလာလို့ .......အလွယ်မင်းကုန်းလို့ ပဲခေါ်ကြတယ်လေ..
ဒီကောင်ကအကြံနဲ့ ..ကျတော်တို့ သရဲခေါ်ပြီးရင်..သူကကြားကနေသရဲလိုဝင်ခြောက်မလို့ ...

ညရောက်ပြီ....
ခါနန်ဆောင်လို့ခေါ်တဲ့ ၂ထပ်ဆောင်နောက်ဖက်ကလှေကားရင်းမှာ
လေးချောင်းထောက်ခုံကိုခင်း..အုပ်ခဲ၃လုံးခု..ခြေတချောင်းကိုလွတ်..အမဲသားခွက်ကိုတင်..သူငယ်ချင်းလေး
ယောက်..လျှောက်ပြောတာပေါ့..လာပါစားပါကစားပါ..ရောက်ရင်အချက်ပြပါပေါ့........
လက်တွေကိုကွင်းလိုခုံပေါ်မှာဆက်ထားပြီးဖွင့်လိုက်ပိတ်လိုက်လုပ်တယ်....................
ဘာမှထူးမလာဘူး.....................
ခြင်ကလည်းကိုက်မှောင်ကလည်းမှောင်...စိတ်ကဆိုးလာပြီ...(အဲ့အချိန်မှာ မင်းကုန်းသားကရွှေပြည်နမ်းတွေ
လိမ်းထားတာမျက်ကွင်း၂ကွင်းပဲကျန်တယ်..တကယ့်သရဲရုပ်..သူကပုန်းနေတာဗျ.....)
ကျတော်တို့ ထဲကကရင်တယောက်ကစိတ်ဆိုးပြီးခုံဝိုင်းလေးကိုဆောင့်ကန်လိုက်..ငါ..မသားသရဲ..ဘာညာနဲ့ 
ဟောက်ပါလေရော..ဒါနဲ့ ခုံတွေသိမ်းပြီးအပေါ်ထပ်ကိုတက်လာကြတယ်..

မင်းကုန်းကကျတော်တို့ ကိုခြောက်မယ်ဆိုတဲ့ သတင်းကရထားတော့မထူးဘူးဒီကောင်ကိုပဲဝိုင်းဘုမယ်...
ဒီကောင်တက်လာရင်..မင်းကမီးပိတ်
မင်းကဆောင်နဲ့ အုပ်..ပြီးတော့ဝိုင်းထုမယ်ပေါ့...ကိုယ်စီအကြံနဲ့ ......
ည၁နာရီကျော်တော့မင်းကုန်းကဆာင်ကြီးခြုံပြီးအနောက်လှေကား(သရဲခေါ်ခဲ့တဲ့ နေရာ) ကနေ
ဝူးဝူးဝါးဝါးအော်ပြီးတက်လာတယ်..သိပ်မကြာဘူး..အောင်မလေးဗျ....ဆိုတဲ့ အသံကြီးနဲ့ ဒုန်း...ဒုန်း..၀ုန်းဆြို့ပီး
ကြားပါလေရော..

ပြီးတော့အဆောင်မီးတွေပိတ်ကုန်တယ်..မီးပိတ်ဖို့ တာဝန်ပေးထားတဲ့ ကောင်ကို..ဟေ့မီးပြန်ဖွင့်
မင်းကုန်းပြုတ်ကျသွားပြီ..သေပြီလားမသိဘူး အော်တော့....ငါ့ချီး..ငါပိတ်တာမဟုတ်ဘူးကွတဲ့ ...
.ခဏနေတော့မီးပြန်လင်းလာတယ်..မင်းကုန်းခဗျာ..ခွေခွေလေး..သတိလစ်နေတယ်.......
ဒါနဲ့ ဆရာတွေကိုခေါ်..ဆေးခန်းပို့ ရှုတ်ကုန်ရော...မင်းကုန်းပြန်ရောက်လာတော့သနတ်ခါးထူလပြစ်နဲ့ စိတ်ညစ်စရာ...

ဒါနဲ့ ပဲမေးတာပေါ့..မင်းဘာဖြစ်တာလဲ...
အဲ့မှာမင်းကုန်းပြောတာက..ငါမင်းတို့ ကိုသရဲခြောက်လို့ နောက်လှေကား
ကတက်လာတာ...လှေကားတ၀က်ရောက်တော့မဲမဲကြီးကကန်ချလိုက်တာပဲ တဲ့ ....ကျတော်တို့ လည်းလန့် ပြီ...
ငါတို့ လည်းမင်းတက်လာရင်သမမလို့ စောင့်နေတာ..မီးကအလိုလိုပိတ်သွားတယ်..ငါတို့ တခုခု မှားနြေ့ပီနော် လို့ 
ကျတော်ပြောတော့အားလုံးကြောက်နေကြပြီ......

မထူးးပါဘူးအိပ်တော့ဆိုပြီး..ကျတော်နဲ့ အဖေါ် ၃ယောက်ကင်းစောင့်နေတယ်..မကြာဘူးကော်ရိုက်တာမှာမဲမဲ
အရိပ်ကြီးတခုခါးကိုကုန်းပြီးလျှောက်ပြတယ်..ကော်ရိုက်တာ..စဆုံးအခေါက်ခေါက်လျှောက်ပြတာ.......
ခဏနေရင်ပျောက်သွားလိုက်ခြင်ထောင်ကြိုးတွေကိုစောင့်စွဲလိုက်လုပ်တယ်.....
၎နာရီထိုးတော့မယ်..တဆောင်လုံးနိုးနေပြီ..ဒီအတိုင်ထိုင်ကြည့်နေရတယ်..
မဖြစ်သေးဘူးဆိုပြီးဆရာတွေသွား
ခေါ်ရတာပေါ့..ဆရာတွေသွားခေါ်နေတုန်း..အပေါ်မှာကြမ်းနေပြီ..
လပ္ပတာာလာတဲ့ ချာတိတ်လေးကိုဝင်ပူးတယ်
ဆဲလိုက်တာဆိုမှမိုးမွန်နေတာပဲ..ပိုးက၇င်လိုဆဲတာ..အဲ့ကောင်လေးကပိုးက၇င်မဟုတ်ဘူး....ဆောင်တွေလဲဖြဲတယ်

ဆရာေ၇ာက်လာတော့တန်းသိတယ်...မင်းတို့ ဘာလုပ်ထားလဲ.ဘယ်သူလုပ်တာလဲ..မေးရော..
အဲ့မှာ..ပြောရတော့တာပေါ့
သရဲခေါ်မိတယ်ပေါ့..မလာလို့ စားပွဲကိုစောင့်ကန်တော့ဟင်းခွက်မှောက်သွားတယ်လို့ ......
ဆရာတော်တော်စိတ်ဆိုးသွားတယ်..မင်းတို့ ဘာမှတ်နေလဲ..ကျမ်းစာကျောင်းဆိုတာ..ဘုရားအမှုတော်ဆောင်တွေ
မွေးထုတ်ပေးတဲ့နေရာ..ဒီနေရာမှာဒီလိုအနှောက်ယှက်တွေကအမြဲရှိတယ်...ခုလည်းမင်းတို့ ခေါ်လို့ ဒီကောင်တကယ်လာတာ
မင်းတို့ မသိဘဲစားပွဲစောင့်ကန်ချိန်မှာသူစားပွဲပေါ်မှာရောက်နေတာနေမယ်..ဒါကြောင့်မင်းတို့ ကိုစိတ်တိုပြီးလုပ်တာ....
နောက်လျှောက်လျှောက်မဆော့နဲ့ ဆိုပြီး..ပူးနေတဲ့ ကောင်လေးရဲ့ ခေါင်းပေါ်ကျမ်းစာအုပ်တင်ပြီးဆုတောင်းတယ်...
ကျတော်တို့လည်းဒူးထောက်ပြီးဆုတောင်းရတယ်...မျက်လုံးကိုလုံးဝမဖွင့်ဖို့ဆရာကပြောတယ်လေ....
မကြာဘူး...ညည်းသံတွေရော...တောက်ခေါက်သံတွေရော..မောတဲ့ အသံတွေရော...ကြားပါလေရော..မျက်လုံးလည်း
မဖွင့်ရဲဘူး...ဘေးမှာလေတိုက်နေသလိုလဲခံစားရတယ်...နောက်ဆုံးဝါး.....ကနဲအကျယ်ကြီးအော်သံကြားတော့မှ..
 ဆရာရဲ့ အာမင်..လို ပြောသံကြားရတယ်..ကျတော်တို့ လဲမျက်လုံးဖွင့်ပေါ့လေ...
ဆရာမှာလည်းချွေးတွေရွဲနေတာပဲ....
...အပူးခံရတဲ့ ကောင်လေးကြည့်တော့၁မိုင်လောက်ပြေးထားသလားထင်ရတယ်..ဟိုက်နေတာပဲ.....................
.....
ဆရာလဲခေါင်းတချက်ဆီခေါက်ပြီးမနက်မှမင်းတို့ တွေ့ မယ်ဆိုပြီးဆင်းသွားလေရဲ့...ကျတော်တို့ မှာမနက်ရောက်တဲ့ ထိ
ငုတ်တုတ်....မနက်ရောက်တော့အိမ်သာတွေဆေးရတယ်ဗျာ.......
..(MICT ကလုပ်အားပေးဘ၀အမှတ်တရပါမင်းကုန်းတယောက်လည်းသနတ်ခါးမလိမ်းတော့ဘူးထင်တယ်)....

by သရဲအကြောင်းပြောကြမယ်

ဂီတစက်ခန်း 14

ဂီတစက်ခန်း 13

ဂီတစက်ခန်း 12

 

လပ်ကီးမြို့တော်