www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

မိန်းမလျာများ နှင့် စိတ်ကျန်းမာရေး


မိန်းမလျာမိန်းမ လျာ များ၊ လိင်တူရော လိင် ကွဲပါ စုံမက်သူ (Bisexual Men)) များနှင့် ယောကျာ်း ချင်း လိင်ဆက်ဆံ သူ အမျိုးသား အများစုက စိတ်ကျန်း မာရေးကိုကောင်းမွန်အောင်ထိန်းသိမ်း ထားနိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ မိန်းမလျာများဟာ စိတ်ကျန်းမာရေး ပြဿနာများ ကြုံတွေ့နိုင်တဲ့ အ္တရာယ် အခွင့်အလမ်းကတော့ များပြားပါ တယ်။ ဆိုလိုတာက သူတို့ကိုဖိအား ပေးနေတဲ့ အခြေအနေမြောက်မြားစွာ ရှိနေပါတယ်။
မိန်းမလျာအများစုဟာ သူတို့ကြုံတွေ့ရတဲ့ အနုတ်လက္ခဏာ ဖိစီးမှုများ(မကောင်းတဲ့ စိတ်ဖိစီးမှုများ) ကို ကျော်လွှားနိုင်စွမ်းရှိကြပါတယ်။ သူတို့ကြုံတွေ့ရလေ့ရှိတဲ့ မကောင်းတဲ့ ဖိစီးမှုများကတော့ လိင်တူများရဲ့ ကြောက်ရွံ့ခြင်းခံရမှု၊ ခွဲခြားဆက်ဆံခံ ရမှု စတာတွေဖြစ်ပါတယ်။ လိင်တူချင်း နှစ်သက်မှု Homosexuality ဟာ စိတ်ရောဂါတစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် Homosexuality ရှိနေခြင်းကြောင့် ကြုံတွေ့ ရတဲ့ ခွဲခြားဆက်ဆံခံရမှု၊ နှိမ့်ချမှု၊ လိင်တူချင်း (ယောကျာ်းချင်း) က ရွံကြောက်ခြင်းခံရမှုတွေကတော့ မိန်းမလျာများ၊ ယောကျာ်းလျာများနဲ့ Bisexual များရဲ့ ကျန်းမာရေးကို မကောင်းတဲ့အကျိုးတွေ သက်ရောက် စေပါတယ်။
လူမှုရေးဆိုင်ရာ စည်းခြား ခံရခြင်းရဲ့ဆိုးကျိုးကို ဆယ်ကျော်သက် နဲ့ အရွယ်ရောက်သူ မိန်းမလျာများမှာ တွေ့ရပြီး သုတေသနအရ မိန်းမလျာ တွေမှာ စိတ်ကျန်းမာရေးပြဿနာဖြစ် ပွားမယ့်အခွင့်အလမ်း ပိုမိုမြင့်မားနေ ကြောင်း တွေ့ရတယ်။ သုတေသန တွေအရ ပုံမှန်အမျိုးသားတွေနဲ့ နှိုင်း ယှဉ်ရင် မြီးကောင်ပေါက်အရွယ်နဲ့ ငယ်ရွယ်သူမိန်းမလျာများဟာ အဓိက စိတ်ကျရောဂါ Major Depression၊ စိတ်ကျစိတ်ြွကရောဂါ (Bipolar Disorder) နှင့် ယေဘုယျ စိုးရိမ် သောကရောဂါ (Generalized Anxiety Disorder) ခံစားရနိုင်တဲ့ အ္တရာယ်အခွင့်အလမ်း ပိုမိုများပြား ကြောင်း တွေ့ရပါတယ်။
ဒါ့အပြင် မိန်းမလျာတွေဟာ စိတ်ကျန်းမာရေး ပြဿနာရှိခြင်းနဲ့ ဆက်စပ်ခံစားရတဲ့ ကျန်းမာရေးပြဿနာများ ဥပမာမူးယ စ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ ပိုမိုသုံးစွဲဖွယ် ရှိခြင်း၊ သတ်သေခြင်း ပိုမိုပြုလုပ်နိုင် ဖွယ်ရှိခြင်းတို့ဖြစ်ပါတယ်။ မိန်းမလျာ တွေဟာ သာမန်အမျိုးသားတွေထက် မိမိကိုယ်မိမိ သတ်သေရန် ကြံစည်မှု ပိုများပြီး သတ်သေရန်ကြံစည်မှု အောင်မြင်သွားခြင်းကလည်း ပိုများပါ တယ်။ HIV ရောဂါပိုးရဲ့ ကြောက်မက် ဖွယ်ရာကောင်းမှုကလည်း မိန်းမလျာ တွေကိုခြောက်လှန့်နေပြီး စိတ်ကျန်း မာရေးပြဿနာကို ပေးနိုင်ပါတယ်။ ဥပမာ- သူနဲ့လိင်ဆက်ဆံဖူးသူ၊ ပတ် သက်ဖူးသူ အမျိုးသားတစ်ဦးဦးတွင် HIV ပိုးရှိနေခြင်း၊ HIV ကြောင့် သေ ဆုံးခြင်းကို သိရသည့်အခါ ဒါမှမဟုတ် သူကိုယ်တိုင်မှာ HIV ပိုးရှိနေတဲ့အခါ စိတ်ကျန်းမာရေးပြဿနာတွေ ခံစားရ နိုင်ပါတယ်။
ပွင့်ပွင့်လင်းလင်းဖော်ပြရမလား
သူဟာ လိင်တူချင်း စုံမက်သူ တစ်ဦး (မိန်းမလျာ) ဖြစ်ကြောင်း အခြားသူတွေ မသိရှိအောင် ဖုံးထား ရတဲ့အခါ၊ သူ့ရဲ့အကြောင်းကို အခြား သူတွေကို ပွင့်ပွင့်လင်းလင်း သိစေချင် ပေမယ့် ပြောရမှာကို ကြောက်ရွံ့နေ တာတွေဟာ မိန်းမလျာတစ်ဦး ခံစားရ လေ့ရှိတဲ့ စိတ်ဖိစီးမှုများ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ မိန်းမလျာဖြစ် ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော် နေထိုင်သူဟာ ပုန်းကွယ်နေသူတွေ ထက်ပိုပြီးကျန်းမာရေးကောင်းကြောင်း တွေ့ရတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်း လင်း နေထိုင်တဲ့အခါ ကြုံတွေ့လာရ နိုင်တာတွေကို အဆိုးမြင်စိတ်နဲ့ လက် ခံရင် ပုန်းကွယ်နေသူထက် စိတ်ကျန်း မာရေး ပြဿနာပိုပြီး ကြုံတွေ့ရနိုင် ပါတယ်။ ဆိုလိုတာကတော့ ပွင့်ပွင့် လင်း လင်း နေထငို ဖို့ ဆုံး ဖြတ်ြပီး တအဲ့ ခါ ခံနိုင်ရည်ရှိဖို့၊ အကောင်းမြင်စိတ်ထား ရှိဖို့၊ ပျော်ရွှင်အောင်မြင်အောင် တည် ဆောက်တတ်ဖို့ လိုအပ်ပါတယ်။
စိတ်ကျန်းမာရေးကောင်းမွန်စေအောင်ထိန်းသိမ်းထားရန် ဘာလုပ်ရမလဲ
မိန်းမလျာတစ်ယောက်ရဲ့ နေ့စဉ် ဘဝမှာ ကြုံတွေ့ရတဲ့ ဖိစီးမှုတွေကို ရင်ဆိုင်ဖို့ မိသားစုနဲ့ မိတ်ဆွေတွေရဲ့ ကူညီထောက်ပံ့မှု လိုအပ်ပါတယ်။ မိသားစုနဲ့ သူငယ်ချင်းများထံမှ လူမှု ရေးထောက်ပံ့မှု (အားပေးကူညီမှု၊ အဖော်အပေါင်းပြုပေးမှု၊ ခင်မင်မှု၊ မေတ္တာ) မရရှိခဲ့ရင် လူ့အဖွဲ့အစည်း အတွင်း လူမှုရေး၊ အားကစား၊ ဘာ သာရေးနဲ့ အခြားအဖွဲ့အစည်းများမှာ ပါဝင်ဆောင်ရွက်ပါ။ စိတ်ကျန်းမာရေး နှစ်သိမ့်ဆွေးနွေးမှုနဲ့ ထောက်ပံ့မှုပြု လုပ်တဲ့ အဖွဲ့အစည်းတွေဟာ မိန်းမလျာများ အထူးသဖြင့် စိတ်ကျ ရောဂါ၊ စိုးရိမ်သောကရောဂါ၊ အခြား စိတ်ကျန်းမာရေးပြဿနာများ ခံစား နေရတဲ့ မိန်းမလျာများအတွက် အထူး အသုံးဝင်ပါလိမ့်မယ်။
မိန်းမလျာအများ စုဟာ ခွဲခြားဆက်ဆံခံရမှာကို ကြောက်ရွံ့တာကြောင့် စိတ်ကျန်းမာ ရေးပြုစုစောင့်ရှောက်ကုသမှုကို မခံ ယူတာများပါတယ်။ မိန်းမလျာပဲဖြစ် ဖြစ်၊ သာမန်လူပဲဖြစ်ဖြစ် စိတ်ကျန်း မာရေးပြဿနာတစ်ခုခု ခံစားနေရပြီ ဆိုရင်တော့ စိတ်ကျန်းမာရေးဆရာဝန် နဲ့ ပြသသင့်ပါတယ်။ အကောင်းမြင် စိတ်၊ အရှိကို အရှိအတိုင်း လက်သင့်ခံ တဲ့စိတ်၊ အများအကျိုးဆောင်လိုသော ပရဟိတစိတ်များထားရှိခြင်း၊ အတတ် ပညာ၊ အသိပညာများကို အမြဲမပြတ် ဆည်းပူးခြင်း၊ တက်တက်ြွကြွက ပျော်ပျော်ရွှင်ရွှင်နေထိုင်ခြင်း၊ ခွဲခြား ဆက်ဆံခြင်းများကို အကောင်းမြင် စိတ်ထားပေးခြင်း၊ စိတ်ကျန်းမာရေး ပြဿနာတစ်ခုခု ရရှိလာခဲ့ရင်လည်း တိုင်ပင်ဆွေးနွေးကာ ကျွမ်းကျင်သူနှင့် ကုသမှုခံယူခြင်းတို့ဖြင့် လက်ရှိဘဝကို အကောင်းဆုံး ကျော်ဖြတ်သွားနိုင်မှာ ဖြစ်ပါတယ်။

By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်