သတင်းနှ့င့်ရသစုံလင်
လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....
www.luckymyotaw.com သို့
photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....
Friday, May 24, 2013
ရေပေါ်၌ ရွေ့လျားသွားလာနိုင်သည့် လေယာဉ်ကွင်းများကို တည်ဆောက်နိုင်
 ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ ယာဉ်ရပ်နားစရာနေရာရှားပါးလာမှု ပြဿနာတွေကို ပြေလည်သွားအောင် ရေပေါ်မှာ ရွေ့လျားသွားလာနိုင်တဲ့ လေယာဉ်ကွင်းတွေကို တည်ဆောက်ဖို့အတွက် အင်္ဂလန်သားတွေက ကြိုးစားနေကြပါပြီ။ သိမ်းမြစ်ထဲမှာ မျောပါနေမယ့် အဲဒီလေယာဉ်ကွင်းတွေဟာ ရေပေါ်မှာ အလွယ်တကူ လှုပ်ရှားသွားလာနိုင်မှာမို့ လေယာဉ်တွေအတွက်သာမက ရေယာဉ်တွေအတွက်ပါ အဆင်ပြေတယ်။ ဘောရစ်ကျွန်း လေယာဉ်ကွင်းမှာ တည်ဆောက်ထားတဲ့ လေယာဉ်ပြေးလမ်းတွေနဲ့ ရထားလမ်းတွေကို မြို့တော်လန်ဒန်အထိပါ...
အမဲလိုက်စစ် ခွေးစက်ရုပ် အမေရိကားမှတီထွင်
 အမေရိကန်စစ်ဘက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီမှ စစ်ဘက်သုံးခွေးစက်ရုပ်နှစ်ရုပ်ကို တီထွင်ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။ ထိုစက်ရုပ်များကို အမဲလိုက်ခွေးကြီးများ ဟုခေါ်ဆိုပြီး ကြည်းတပ်သားများအတွက် ထောက်ပံ့မှုပေးရန် တီထွင်ခဲ့ခြင်းဖြစ်ကာ မည်မျှမြေမျက်နှာပြင် ကြမ်းတမ်းသည်ဖြစ်စေ၊ စစ်သည်များအတိုင်း လိုက်ပါသွားလာနိုင်ပြီး အလေးချိန် ပေါင်၄၀၀ အထိသယ်ဆောင်နိုင်ကာ မိုင်၂၀ခရီးအထိ လောင်စာဆီထပ်မဖြည့်ပဲ သွားလာနိုင်သည်။ ယခုအခါ ထိုစက်ရုပ်နှစ်ရုပ်အတွက် ဆက်သွယ်ရေးစနစ်များ...
လက်နှစ်စလုံးမရှိသည့် သင်္ချာဆရာမ
ဂင်းနက်စ်စံချိန်ဝင်သွားတဲ့ ကမ္ဘာ့အကြီးဆုံး နံရံပေါ်ကပန်းဥယျာဉ်
 နံရံကိုအလှဆင်ထားတဲ့ နေရာမှာတော့  ကမ္ဘာ့အထူးဆန်းဆုံး နေရာတစ်ခုလို့ ဆိုရပါမယ်။ အီတလီနိုင်ငံ မီလန်ဒေသအနီး ရော်ဇာနိုးမြို့အနီးက ဈေးဝယ်စင်တာကြီးတစ်ခုရဲ့ နံရံကြီးပေါ်မှာ ဆန်းပြားတဲ့စိတ်ကူးတွေနဲ့ သူမတူအောင် ကြိုးစားဖန်တီးထားတာကတော့ ကမ္ဘာ့အကြီးဆုံးနံရံပေါ်က ပန်းဥယျာဉ်လို့ ခေါ်ဆိုလိုက်တဲ့ ဖီရော်ဒါလီဆို စီးပွားရေးအဆောက်အအုံကြီးရဲ့ နံရံပေါ်မှာ စိုက်ပျိုးထားတဲ့ ပန်းဥယျာဉ်ကြီးပဲဖြစ်ပါတယ်။ အကျယ်စတုရန်းပေ ၄၄၅၇၀ခန့်ရှိတဲ့ ထိုပန်းဥယျာဉ်ကို စက်တင်ဘာ၁၇ရက်နေ့က...
ကမ္ဘာ့အကြီးဆုံး ကြက်သွန်ဥကြီး
 ပုံမှန်အခြေအနေမှာ ကြက်သွန်ဥတစ်လုံးသည် ကြက်ဥတစ်လုံးပမာဏမျှသာ ရှိသော်လည်း ယခုဖော်ပြပေးလိုက်သည့် ကြက်သွန်ဥကြီးမှာ သာမန်ကြက်သွန်ဥများနှင့် မတူဘဲ တစ်မူထူးခြားစွာ အရွယ်အစား ကြီးမားလွန်းလှသည်။ ယင်းမှာ၁၈ပေါင်ကျော်မျှ လေးလံလှသောကြောင့်လည်း ဂင်းနက်စ်မှတ်တမ်းကပင် ကမ္ဘာ့စံချိန်တင်ပေးလိုက်ရသည်။ အင်္ဂလန်နိုင်ငံ နော်တင်ဟမ်ရှိုင်းယားပြည်နယ်မှ စိုက်ပျိုးရေးလုပ်သားကြီး ပီတာကသူ့ဥယျာဉ်မှာ ယင်းကြက်သွန်ဥကြီးကို ပြုစုပျိုးထောင်ပေးခဲ့သည်။ လုပ်သက် နှစ်၃၀ကျော်အတွင်းမှာ...
ရှားပါးကျောက်တုံးများဖြင့် ဖန်တီးထားသော ဟင်းလျာများ
 တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဟေနန်ဒေသ၏ နန့်ယန်းပြတိုက်တွင် ရှားပါးကျောက်တုံးများဖြင့် ဟင်းလျာမျိုးစုံကို ပုံဖော်ထားသော ဟင်းခွက်များစွာကို ပြသသည့် ထူးခြားသည့်ပြပွဲတစ်ရပ် စက်တင်ဘာ၂၂ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။ ဆန်နှင့်တူသော ကျောက်စရစ်ခဲများဖြင့် ပုံဖော်ထားသည့် ထမင်းပန်းကန် အပါအ၀င် ဟင်းလျားပေါင်းများစွာကို ကျောက်တုံးကျောက်ခဲများဖြင့် ဖန်တီးထားကြောင်းသိရသည်။ ဟေနန်ဒေသခံများအပါအ၀င် ကမ္ဘာလှည့်ခရီးသည်များမှ ထိုပြပွဲကိုစိတ်ပါဝင်စားစွာ...
ကမ္ဘာ့သက်တမ်းအရင့်ဆုံးကား ပေါင်သုံးသိန်းဖြင့် လေလံတင်ရောင်းချမည်
 ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ကားဖြစ်သော အင်္ဂလန်နိုင်ငံဖို့ဒ်ကား ကုမ္ပဏီမှထုတ်လုပ်သည့်ကားကို ယခုစက်တင်ဘာအတွင်း ကြမ်းခင်းဈေး စတာလင်ပေါင်သုံးသိန်းဖြင့် လေလံတင် ရောင်းချသွားမည်ဖြစ်သည်။ ၁၉၀၃ခုနှစ်နှင့် ၁၉၀၄ခုနှစ်အတွင်းက ထုတ်လုပ်ခဲ့သော သက်တမ်း၁၀၉နှစ်ရှိပြီဖြစ်သည့် အဆိုပါဖို့ဒ်ကား၏ မော်ဒယ်အမည်မှာ Chassis30ဟူ၍ဖြစ်ပြီး ၎င်းနှစ်အတွင်းက အစီးရေ၁၇၅၀စီး ထုတ်လုပ်ထားသော ကားများထဲမှ ရှားပါးစွာ တစ်စီးတည်း ကျန်ရစ်သောကားလည်းဖြစ်သည်။ ၎င်းကားမှာ ဖို့ဒ်ကားကုမ္ပဏီ၏ပထမဦးဆုံး...
ကမ္ဘာ့အရှည်ဆုံးဆံပင်ပုံစံ ဂင်းနက်စ်မှတ်တမ်းဝင်
 အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ မြို့တော်ဥယျာဉ်တွင်ဂျပန်လူမျိုး ဒီဇိုင်နာကာဇူဟီရိုက သူ၏ရှည်လျားလှသော ဆံပင်များထောင်ထားသော ဆံပင်စတိုင်ကို ပြသခဲ့ရာ ကမ္ဘာ့အရှည်ဆုံး ဆံပင်ပုံစံအဖြစ် ဂင်းနက်စ် စံချိန်တင်နိုင်ခဲ့လေသည်။ အဆိုပါဒီဇိုင်နာက သူဤကဲ့သို့ ဆံပင်ပုံစံထားနိုင်ရန် သူ၏ဆံပင်အား၁၅နှစ်ကြာ မညှပ်ဘဲ ထားခဲ့ရသည် ဟုဆိုသည်။ by swesonemedia...
လူသားတို့နှင့်အတူနေသည့် ကမ္ဘာ့အရှည်ဆုံးမြွှေကြီး
 အမေရိကန်ပြည်ထောင်စု ကန်ဆက်စီးတီးမြို့တွင် မစ္စတာအက်ဂါဆိုသူ မွေးထားသော အရှည်၂၅ပေရှိသည့် စပါးကြီြးွေမကြီးမှာ လူသားတို့မွေးထားပြီး လူတို့နှင့်အတူတူနေသောြွေမများထဲတွင် အကြီးဆုံြးွေမအဖြစ် ဂင်းနက်ကမ္ဘာ့စံချိန် စာအုပ်တွင် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ မစ္စတာအက်ဂါမှမီဒူဆာဟု အမည်ပေးထားသည့် ဧရာမစပါးကြီြးွေမကြီးကို ၎င်ြးွေမအသက်၈နှစ်နှင့် ၂၄လက်မအရွယ် ရှိစဉ်ကတည်းက မွေးမြူလာခဲ့ပြီး ယခုအခါ ၂၅ပေအထိ ရှည်လျားလာပြီး ပေါင်၃၀၀ ကျော်လေးကာ သူကိုချီမရန်အတွက်...
ဘင်ကားကို ကြိုးဖြင့်ဆွဲပြနိုင်ခဲ့သည့် အသက်ခုနစ်နှစ် အရွယ်ကလေးငယ်
 တရုတ်နိုင်ငံ ချူဇူးပြည်နယ်က အသက်ခုနစ်နှစ်အရွယ် ကလေးတစ်ယောက်ဟာ အရွယ်နှင့်မလိုက်အောင် သန်မာလွန်းတဲ့အတွက် မိသားစုစီးကားဖြစ်သော ဘင်ကားကိုလမ်းတစ်လျှောက်မှာ ကြိုးဖြင့်ဆွဲပြခဲ့ပါတယ်။ သူဟာသူ့ဖခင်ကိုလည်း ချီပိုးပြနိုင်သလို သန်မာလူကြီး တစ်ယောက်တောင်မှ မ,ဖို့ခက်ခဲတဲ့ ဂျုံအိတ်နဲ့ဘိလပ်မြေအိတ်လို အရာမျိုးတွေကို အလွယ်တကူ မပြနိုင်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် အသက်ခုနစ်နှစ်အရွယ် ကလေးတွေဟာ၂၀နဲ့၃၅ကီလိုဂရမ် (၄၄ပေါင်နဲ့၇၇ပေါင်) ကြားမှာ ရှိကြပေမယ့် ယန်ဂျင်လောင်လို့ခေါ်တဲ့...
မစ်ကီမောက်စ် အမှတ်တရပစ္စည်း စုဆောင်းသူ ဂင်းနက်စ်စံချိန်တင်
 အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှ ဂျာနက်အက်စတီးဖ်ဆိုသူ အမျိုးသမီးသည် မစ်ကီမောက်စ် အမှတ်တရပစ္စည်းများ ၆၀၀၀ကျော်ခန့် စုဆောင်းထားရှိခဲ့ပြီး မစ်ကီမောက်စ် အမှတ်တရ ပစ္စည်းများ အများဆုံးစုဆောင်းသူအဖြစ် စက်တင်ဘာ၂၃ ရက်နေ့က ဂင်းနက်စ် စံချိန်တင်နိုင်ခဲ့သည်။ အက်စတီးဖ်သည် ၂၀၀၆ခုနှစ်ကတည်းက မစ်ကီမောက်စ်အမှတ်တရ ပစ္စည်းများ ၆၀၀၀ကျော်ခန့် စုဆောင်းနိုင်ခဲ့ပြီး သူမ၏ စံချိန်ဟောင်းကို ချိုးဖျက်ကာ စံချိန်သစ်တင်နိုင်ခဲ့သည်။ အက်စတီးဖ်သည် ငယ်စဉ်ကတည်းက...
ကမ္ဘာ့အကြီးဆုံးစာရင်းဝင် စိန်ကြီးတစ်လုံး ရုရှား၌တွေ့ရှိ
 ရုရှားနိုင်ငံ၏ အကြီးဆုံးစိန်ရှာဖွေတူးဖော်ရေး ကုမ္ပဏီတစ်ခုသည် အလ်လိုဆာကုမ္ပဏီ၏ နံပါတ်၁၆ ညာဘစ်ဆင်မိုင်းတွင်း တည်ရှိရာ ရုရှားအရှေ့မြောက်ပိုင်း ဂျာကူဘီယာဒေသတွင် အလေးချိန် ၁၅၈ဒသမ၂ကာရက်ရှိ ကမ္ဘာ့ရှားပါးဆုံး အကြီးဆုံးစာရင်းဝင် စိန်ကြီးတစ်လုံးကို တွေ့ရှိခဲ့ကြောင်း စက်တင်ဘာ၂၅ရက် ရုရှားပြည်တွင်း သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ ရုရှား၏ အလ်လိုဆာကုမ္ပဏီသည် ယင်းစိန်တုံးကြီးကို ယခုသီတင်းပတ်အတွင်း ကြမ်းခင်းဈေးအဖြစ် အမေရိကန်ဒေါ်လာ ၁ဒသမ၅သန်းဖြင့် လေလံတင်...
GoogleMapက ပန်းကန်ပြားပျံများအား ရိုက်ကူးထားနိုင်
 မြေပုံများအား သုံးဖက်မြင်အသွင်ဖြင့် ပြောင်းလဲတင်ဆက်ခဲ့သည့် ကမ္ဘာကျော်နည်းပညာပါရဂူ Googleကမကြာသေးမီက ယင်း၏ အင်တာနက်မြေပုံများတွင် ပန်းကန်ပြားပျံများကို အမိအရ ရိုက်ကူးနိုင်ခဲ့သည်။ Googleသည် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် ပန်းကန်ပြားပျံတစ်ခုကို ဦးစွာရိုက်ကူးနိုင်ခဲ့ပြီး နယူးမက္ကဆီကိုတွင် နောက်ထပ် ပန်းကန်ပြားပျံတစ်ခုကိုလည်း ထပ်မံရိုက်ကူးနိုင်ခဲ့သည်။ ယင်းပန်းကန်ပြားပျံများမှာ ကမ္ဘာမြေပြင်အထက် မိုင်ပေါင်း၁၀၀၀ခန့်တွင် ပျံသန်းနေခြင်းဖြစ်သည်ဟု...
ဘေ့စ်ဘောအရွယ် အမျိုးအမည်မသိ သတ္တ၀ါ၏အပြာရောင် မျက်လုံးတစ်လုံးတွေ့ရှိ
 အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ပွန်ပါနိုကမ်းခြေတွင် အောက်တိုဘာလ ၁၀ရက်နေ့က အမျိုးအမည်မသိ သတ္တ၀ါတစ်ကောင်၏ ဘေ့စ်ဘောအရွယ် အပြာရောင်မျက်လုံးတစ်လုံးကို တွေ့ရှိခဲ့ရကြောင်း ဖလော်ရီဒါပြည်နယ် ရေသတ္တ၀ါနှင့် တောရိုင်းတိရစ္ဆာန် စူးစမ်းလေ့လာရေးအဖွဲ့မှ ထုတ်ဖော်ကြေညာခဲ့သည်။ ဂျိုနိုကိုဘာစီဆိုသူသည် အောက်တိုဘာ၁၀ရက်နေ့က ကွန်ပါနိုကမ်းခြေတစ်လျှောက် လမ်းလျှောက်လာစဉ် အဆိုပါဘေ့စ်ဘောအရွယ် မျက်လုံးတစ်ဖက်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး စတင်တွေ့ရှိစဉ်က ထိုမျက်လုံးတွင်...
အပြာရောင်နှင့် အစိမ်းရောင်ပျားရည်ကို ပြင်သစ်နိုင်ငံ၌တွေ့ရှိ
ပြင်သစ်နိုင်ငံအရှေ့မြောက်ဘက်ရှိ ပျားမွေးသူများသည် ၎င်းတို့၏ပျားအုံထဲ၌ အပြာရောင်နှင့် အစိမ်းရောင်ပျားရည်များကို တွေ့ရှိခဲ့ရသဖြင့် လွန်စွာအံ့သြခဲ့ရသည် ဟုသိရသည်။ အဆိုပါပျားရည်များသည် ထူးဆန်းသော်လည်း ပြင်သစ်နိုင်ငံ၌ ထုတ်လုပ်သည့် ပျားရည်အဆင့်အတန်းကို မမီသောကြောင့် ဈေးကွက်၌ ရောင်းချနိုင်ခြင်းမရှိပေ။ ဤသို့ဖြစ်ရခြင်းမှာ ထိုရောင်စုံပျားရည်များသည် ပန်းဝတ်မှုန်မှရသည့် ပျားရည်မျိုးနှင့်မတူဘဲ တစ်မူကွဲပြားနေသည်ဟုသိရသည်။ ဤသို့ဖြစ်ရခြင်းမှာ အဆိုပါပျားမွေးမြူရေးခြံမှ...
လျှပ်စစ်ဗို့အားတစ်သန်း ခန္ဓာကိုယ်ထဲဖြတ်စီးမှုကို ခံနိုင်ရည်ရှိကြောင်း ပြသနိုင်ခဲ့သူ
ပြီးခဲ့သည့် အောက်တိုဘာ၅ရက်နေ့က မျက်လှည့်နှင့်မှော်ဆရာ ဒေးဗစ်ဘရိန်းဆိုသူသည် သူ၏စွမ်းရည်ကို ပြသသည့်အနေဖြင့် လျှပ်စစ်ဗို့အားတစ်သန်းရှိသော လျှပ်စီးစက်ကွင်း၏အလယ်တွင် အောင်မြင်စွာနေပြခဲ့သည်။ ယခုနောက်ပိုင်းတွင် လူသိများထင်ရှားလာသည့် အသက်၃၉နှစ်အရွယ် မျက်လှည့်နှင့်မှော်ဆရာ ဒေးဗစ်ဘလိန်းသည် ၇၂နာရီအကြာ သူ၏ခန္ဓာကိုယ်ပေါ်သို့ လျှပ်စစ်လှိုင်းများ ဖြတ်စီးစေခြင်းကို လူအများရှေ့၌ ရှင်းလင်းထင်ရှားစွာပြသခဲ့သည်။ သူ၏ခန္ဓာကိုယ်ကို ထိုသို့လျှပ်စစ်စီးဝင်နေစဉ်...
အသက် ၉၆ နှစ်အရွယ်ဖြင့် ကမ္ဘာ့ အသက် အကြီးဆုံးဖခင်စံချိန်ရှင်...
ရမ်ဂျစ်ရာဂေ့ဗ် အမည်ရှိအဘိုးအို အသက် ၉၆ နှစ်အရွယ်တွင်ဒုတိယအကြိမ်  မြောက်အဖြစ် သားယောကျာင်္းလေးတစ်ဦး၏ဖခင်ဖြစ်လာ... ၎င်း၏ပထမသားကလေး ကရမ်ဂျစ်ကို လွန်ခဲ့ သည့် ၂ နှစ်က အိန္ဒိယနိုင်ငံမြောက် ပိုင်း ဟာရီယာနာတွင်မွေးဖွားခဲ့ ... ဒုတိယသားကလေး ရန်ဂျစ်ကိုပွေ့ ချီထားသည့် အသက် ၉၆ နှစ်အရွယ်တွင် ကမ္ဘာ့ အသက် အကြီးဆုံးဖခင်ဖြစ်လာသည့် အဖိုးအို ရမ်ဂျစ်ရာဂေ့ ဗ် World's oldest: Ramjit Raghav, 96, holding his second baby Ranjit အိန္ဒိယနိုင်ငံမှ အသက် ၉၆...
ကြောင်တစ်ကောင်၏ ခေါ်ဆောင်ရာသို့ လိုက်ပါရင်းလွန်ခဲ့သည့် နှစ်၂,၀၀၀ကျော်က ရောမသင်္ချိုင်းတစ်ခုကိုတွေ့ရှိ
အီတလီနိုင်ငံ ရောမမြို့သားတစ်ဦးဖြစ်သည့် မိုင်ကိုကာပီဆို ဆိုသူသည် အောက်တိုဘာ ၁၆ရက်နေ့ညပိုင်းတွင် အိမ်မွေးကြောင်တစ်ကောင်၏ လမ်းပြခေါ်ဆောင်ရာသို့ လိုက်ပါသွားရာ လွန်ခဲ့သည့် နှစ်၂,၀၀၀ကျော်က ရောမခေတ် ဂူသင်္ချိုင်းတစ်နေရာကို တွေ့ရှိခဲ့ရကြောင်း အောက်တိုဘာ၁၉ရက် သတင်းများတွင် ဖော်ပြခဲ့သည်။ ကာပီနှင့် ၎င်း၏မိတ်ဆွေတစ်ဦးတို့သည် ည၁၀နာရီခန့်တွင် အဆိုပါကြောင်၏ အသံပေး ခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားခဲ့ရာ ၎င်းတို့နေအိမ်နှင့် မကွာဝေးလှသော မာဒီပီထရာလာတာ ရပ်ကွက်အနီးတွင်...
အဆမတန်ကြီးမားသည့် လူရိုးစုများ ဆော်ဒီသဲကန္တာရအတွင်း တွေ့ရှိ
ဆော်ဒီအာရေဘီးယား နိုင်ငံအတွင်းရှိ အိုမန်၊ ယီမင်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဗလာရပ်ကွက်ခေါ် အာရဗီဘာသာစကားနှင့် Rab-uikhaleeအမည်ရှိ ကမ္ဘာ့အကြီးဆုံး သဲကန္တာရအတွင်းတွင် သာမန်လူခန္ဓာကိုယ်ထက် အဆမတန်ကြီးမားသော အရိုးစုကြီးကို တူးဖော်တွေ့ရှိခဲ့ရကြောင်း သိရသည်။ အမေရိကန်ရေနံရှာဖွေတူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်သော Aramcoကုမ္ပဏီသည် အဆိုပါသဲကန္တာရအတွင်း ရေနံရှာဖွေစဉ် တူးဖော်တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ဆော်ဒီအာရေဘီးယား ဘာသာရေးအသင်းက ထိုနေရာကို သိမ်းဆည်းထားခဲ့ကြောင်း...
ကမ္ဘာဂြိုဟ်နှင့် အရွယ်အစားတူညီသော ဂြိုဟ်သားများ နေထိုင်သည်ဟု ယူဆရသည့်နေနှင့် အနီးကပ်ဆုံး ဂြိုဟ်သစ်တွေ့ရှိ
 ကျွန်ုပ်တို့နေစကြာဝဠာအတွင်း နေကိုဗဟိုပြု၍ လှည့်ပတ်နေသည့် ဂြိုဟ်များအနက် အနီးဆုံးဂြိုဟ်သစ်ကို ထပ်မံတွေ့ရှိခဲ့ပြီး ယင်းဂြိုဟ်သည် ကမ္ဘာမြေအရွယ်အစား ပမာဏနှင့်အရွယ်အစား ပမာဏတူညီမှုရှိသည့်အပြင် ဂြိုဟ်သားများ ရှင်သန်နေထိုင်လျက်ရှိသည်ဟု ယူဆရကြောင်း နာဆာအာကာသသိပ္ပံစခန်းမှ အာကာသသိပ္ပံပညာရှင်များက အောက်တိုဘာ ၁၆ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ယင်းဂြိုဟ်၏အမည်ကို ''အယ်လ်ဖာ ဆန်ကျူရီ ဘီဘီ'' ဟု သိပ္ပံပညာရှင်များက အမည်မှည့်ခေါ်ခဲ့ကြသည်။ အယ်လ်ဖာဆန်ကျူရီဘီဘီသည် ကမ္ဘာမြေမှ...
ခြေထောက်ပါသော မြွေကို တရုတ်ပြည်တွင် တွေ့ရှိခဲ့
၂၀၀၉ ခုနှစ် စက်တင်ဘာလက ဖြစ်ပါတယ်။ ခြေထောက်ပါတဲ့ မြွေကို တရုတ်ပြည်နေ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက သူ့အခန်းမှာ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ တွေ့ပုံက ဒီလို ဖြစ်ပါတယ်။ ညဘက်အိပ်ပျော်နေစဉ် ထူးထူးဆန်းဆန်း အသံကြားရတဲ့အတွက် မီးဖွင့်ကြည့်လိုက်တဲ့အချိန်မှာ နံရံပေါ် တွားသွားနေတဲ့ ထူးဆန်း သတ္တဝါ တစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။ အရွယ်ကလည်း ၁၆ လက်မ ကျော်ဝန်းကျင် ရှည်တဲ့အတွက် အိမ်မြောက်တို့လို သတ္တဝါလည်း မဟုတ်မှန်းသိလိုက် ရပါတယ်။ မြွေဖြစ်နေတာကို...
ဘရာဇီးနိုင်ငံမှ ၂၆ပေရှည်သည့် အန်နာကွန်ဒါမြွေကြီး
 ဆွစ်ဇာလန်လူမျိုးြွေမ၀ါသနာရှင်နှင့် သဘာဝလေ့လာရေးသမား ဖရန်ကိုဘန်ဖီသည် ဘရာဇီးနိုင်ငံ မာတိုဂရိုဆိုနယ်အတွင်းတွင် အလျား ၂၆ပေအထိရှည်သော အန်နာကွန်ဒါအမျိုးအစားြွေမကြီးတစ်ကောင်ကို အနီးကပ်မှတ်တမ်း ဓာတ်ပုံများရိုက်ကူးနိုင်ခဲ့သည်။ အဆိုပါရှားပါးမျိုးစိတ်ြွေမကြီး၏ အစာရှာဖွေအပြီးတွင် အဆိုပါအသက်၅၃နှစ်အရွယ် ဆွစ်လူမျိုးဖရန်ကိုမှ အနီးကပ် ဓာတ်ပုံရိုက်ယူနိုင်ခဲ့ခြင်းဖြစ်သည်။မှောင်ခိုဈေးကွက်တွင် အမေရိကန်ဒေါ်လာ သိန်းချီတန်ဖိုးရှိသည့် အဆိုပြါွေမမျိုးကို...
သက်ရှိများ နေထိုင်နိုင်သည့် ကမ္ဘာသစ်တစ်ခုအား ရှာဖွေတွေ့ရှိထား
 သက်ရှိများနေထိုင်နိုင်ရန် ရေနှင့်လေ အလုံအလောက်ရှိသည့် ကမ္ဘာသစ်တစ်ခုကို HD40307 ကြယ်အနီးမှ တွေ့ရှိခဲ့ကြသည်ဟု ကာနက်ဂျီသိပ္ပံအဖွဲ့အစည်းက နိုဝင်ဘာ၉ရက်က ထုတ်ပြန်ကြေညာလိုက်သည်။ ယခုတွေ့ရှိသည့် ကမ္ဘာသစ်ကိုပါ ထည့်သွင်းတွက်ချက်မည်ဆိုပါက သက်ရှိများ ရှင်သန်နေထိုင်နိုင်သည့် ကမ္ဘာသစ်ပေါင်း သုံးခုထိ ရှိလာပြီဖြစ်သည်။ ယင်းကမ္ဘာသစ်သုံးခုမှာ လူသားများနေထိုင်ရာ ကမ္ဘာထက် အရွယ်အစားအလွန်ကြီးမားသည်။ စကြ၀ဠာထဲတွင် သက်ရှိများနေထိုင်နိုင်သည့် ဂြိုဟ်များတည်ရှိသော်လည်း...
ကမ္ဘာ့အသေးဆုံး Projector
သွားလေရာတွင် အလွယ်တကူ သယ်သူသွားနိုင်မည့် မီးခြစ်ဘူးအရွယ်မျှသာရှိသည့် Projector အသေးစားလေးကို လန်ဒန်ကုမ္ပဏီက စတင်တီထွင်လိုက်ပါပြီ။ Projectoဟု နာမည်ပေးထားသည့် အဆိုပါ Projector အသေးစားလေးမှာ  ၁၅ဒေါ်လာမျှသာ ကျသင့်သောကြောင့် အရေးပေါ်အစည်းအဝေး လုပ်လိုသူများအတွက် လွန်စွာအသုံးဝင်သည်။ ယင်းProjectorတွင် LEDမီးအလင်းရောင်များကို အဓိကထား အသုံးပြုထားပြီး ကိုဒက်ဖလင်များဖြင့် လက်တွေ့စမ်းသပ်ပြခဲ့သည်။ ယင်း Projectorအသေးစားလေးကို စတင်တီထွင်ရနု Kickstart၀က်ဘ်ဆိုက်မှ...
ကမ္ဘာ့ဈေးအကြီးဆုံး ဘီယာ
အနံ့အရသာ ခပ်ပြင်းပြင်းကိုမှ ကြိုက်နှစ်သက်ကြ သူများအတွက် ဆမ်အဒမ် ဘီယာချက်စက်ရုံက ကမ္ဘာ့ဈေးအကြီးဆုံး ယူတိုးပီးယားဘီယာကို ထုတ်လုပ်လိုက်ပါပြီ ဆမ်အဒမ်စက်ရုံက ၎င်းတို့၏ယူတိုးပီးယား ဘီယာထုတ်လုပ်ခြင်း ၁၀နှစ်မြောက်မှာ ဘီယာတစ်ပုလင်းလျှင် ဒေါ်လာ၁၉၀၀န်းကျင်ဖြင့် ရောင်းချခဲ့သည်။ယင်းဘီယာထဲတွင် အယ်လ်ကိုဟောပါဝင်မှု အချိုးအစားမှာ ၂၇ရာခိုင်နှုန်းအထိရှိသည်။ ဆမ်အဒမ် ဘီယာစက်ရုံက ၎င်းတို့၏ ယူတိုးပီးယားဘီယာကို တစ်နှစ်စာအတွက် အလုံးရေ နှစ်သောင်းသာ ထုတ်လုပ်သည် ဟုသိရသည်။ by...
ဖားများကို အများဆုံးစုဆောင်းသူ
 အမေရိကတွင် သာယာကျူတာဆိုသည့် အသက်၅၀ခန့်ရှိပြီဖြစ်သည့် အမျိုးသမီးတစ်ဦးမှာ ဖားနှင့်ပတ်သက်သည့် ပစ္စည်းပစ္စယပေါင်း တစ်သောင်းကျော်ကို စုဆောင်းထားသည်။ သူစုဆောင်းထားသည့် ပစ္စည်းများထဲတွင် ဖားရုပ်များ အများဆုံးပါဝင်နေသောကြောင့်  ယင်းအမျိုးသမီးကြီးကို ဖားချစ်သူ အမျိုးသမီးအဖြစ် ဂင်းနက်စ်မှတ်တမ်းတွင် စံချိန်တင်လိုက်ပြီဖြစ်သည်။ ''ဖားတွေက ချစ်ဖို့ကောင်းတယ်။ ဘာကြောင့်သူတို့ကို ချစ်ရတယ်ဆိုတာတော့ ရှင်းမပြတတ်ဘူး''ဟု ယင်းအမျိုးသမီးကြီးက သူ့ခံစားချက်များကို...
ကမ္ဘာ့အရောင်စုံဆုံး သစ်ပင် (သက်တံ့သစ်ပင်)
ကမ္ဘာ့အရောင်အစုံဆုံး သစ်ပင်လို့ သတ်မှတ်ထားတဲ့ သစ်ပင်ကို သက်တံ့ သစ်ပင် (Rainbow Eucalyptus) လို့ခေါ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဝါ၊စိမ်း၊နီ၊ပြာ၊ လိမ္မော်၊ခရမ်း အစရှိသဖြင့် အရောင်အသွေး စုံလင်လှပါတယ်။ ပေါက်ရောက်တဲ့ နေရာကတော့ အရှေ့ တောင်အာရှမှာ အများဆုံး ဖြစ်ပြီး ဖိလစ်ပိုင်မှာဆိုရင် စက္ကူလုပ်ဖို့အတွက် သီးသန့်တောင် စိုက်ပျိုးထားပါတယ်။ tropical zone တောတွေမှာ ပေါက်တဲ့ သစ်ပင်မျိုး ဖြစ်ပါတယ်။ အရှည် ၇၀ မီတာအထိ ရှည်နိုင်တဲ့ အပင်ရှည်သစ်ပင်မျိုး...
မြွေလည်ဆွဲ (Ringneck snake)
လည်ပင်းမှာ လည်ဆွဲလို အဆင်းကျားပါလို့ မြွေလည်ဆွဲ (Ringneck snake) လို့ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ အသွင်သဏ္ဍန်ကတော့ ပုံမှာ မြင်တွေရတဲ့အတိုင်း အရောင်အသွေးစုံ လင်လှပြီး အနီရောင်၊ အဝါရောင်၊ အပြာရောင်၊ လိမ္မော်ရောင်၊ အနက်ရောင် အစရှိသဖြင့် စုံစုံလင်လင်ကို ပါရှိပါတယ်။ ဒါကြောင့် သက်တံ့မြွေလို့လည်း တင်စားကြပါတယ်။ လူသားတွေကို အန္တရယ်ပြုရလောက်အောင် အဆိပ်မပြင်းပါဘူး။ အချို့ ဆို အလှတောင် မွေးထးကြပါသေးတယ်။ အရွယ်ကတော့ ၁၀ လက်မ ကနေ ၁၈ လက်မကြားအထိ ရှည်နိုင်ပါတယ်။...
ဂျပန်နိုင်ငံမှ သစ်သားဖြင့်ဆောက်သော ဧရာမ ရိုလာကိုစတာကြီး
ကမ္ဘာ့တတိယအရှည်ဆုံး သစ်သား ရိုလာကိုစတာ အဖြစ် မှတ်တမ်း တင်ထားပြီး ကမ္ဘာ့အရှည်ဆုံး ရိုလာကိုစတာ မှာလည်း နံပါတ် ၄ အဖြစ် လည်း တည်ရှိနေပါတယ်။ တည်နေရာကတော့ ဂျပန်နိုင်ငံ တောင် အလယ်ပိုင်းမှာ ဖြစ်ပြီး Nagashima Spa Land က White Cyclone အမည်ရ ရိုလာကိုစတာ ဖြစ်ပါတယ်။ အရှည်ပေပေါင်း ၅၅၇၂.၄၂ ပေ ရှိပြီး အမြင့်ကတော့ ၁၃၉ ပေအထိ မြင့် ပါတယ်။ ရိုလာကိုစတာ ပတ်လမ်းကိုလည်း အထပ်လိုက် ပြုလုပ်ထားပြီး အကွေ့ အကောက်လမ်းများနဲ့ ဖန်တီးထားပါတယ်။ အရပ် ၄ ပေ ၃ လက်မအထက်ပဲ...
ကမ္ဘာ့အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစက်ရုံ
အိန္ဒိယနိုင်ငံမှာ တည်ရှိတဲ့ ဆိုလာပယ်နယ် ပန်းခြံကျယ်ကြီး တစ်ခုကို ကမ္ဘာ့အကြီးဆုံး နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစက်ရုံထဲမှာ တစ်ခုအဖြစ် ထည့်သွင်းထားပါတယ်။ တရုတ်ပြည်မှာ တည်ရှိတဲ့ ဆိုလာပန်းခြံထက်တောင်ကျယ်ပါတယ်။ အိန္ဒိယနိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ်မှာ တည်ရှိပြီး လျှပ်စစ်အား ထုတ်လုပ်နိုင်မှုက ၆၀၀ မီဂါဝပ်အား ရှိပါတယ်။ တရုတ်ပြည်က အကြီးဆုံး ဆိုလာပန်းခြံက ထုတ်လုပ်နိုင်မှုထက် သုံးဆလောက်များပါတယ်။ လက်ရှိ အိန္ဒိယနိုင်ငံရဲ့  လျှပ်စစ်...
ဝေလငါး၏ ရေပန်းမှ မီးပန်းများဖြစ်ပေါ်
အမေရိကန်နိုင်ငံ အလက်စကား ပြည်နယ်မှ အပျော်တမ်း ဓာတ်ပုံဆရာတစ်ဦးသည် ပင်လယ်သမုဒ္ဒရာအတွင်း လှည့်လည်သွားလာနေသော ဝေလငါးသုံးကောင်ကို ဓာတ်ပုံလိုက်လံ ရိုက်ကူးနေစဉ် ဝေလငါးတစ်ကောင် ရေပန်းထုတ်လွှတ်လိုက်စဉ် မီးပန်းများ ထွက်ပေါ်လာသည်ကို တွေ့ရှိရ၍ မှတ်တမ်းတင် ရိုက်ကူးထားခဲ့သည်။ ဝေလငါး၏လေရှူပေါက်မှ ထုတ်လွှတ်လိုက်သော ရေငွေ့သည် စိုစွတ်ခြောက်သွေ့သော ဆည်းဆာနေရောင်ကြောင့် မီးပန်းသဏ္ဌာန် ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု အသက်၅၅နှစ်အရွယ်ရှိ ယင်းဓာတ်ပုံဆရာ မက်တ်တာနာက ခန့်မှန်းပြောကြားခဲ့သည်။ by...
ဟင်းသီးဟင်းရွက်များကို အာကာသထဲ၌ စိုက်ပျိုးသွားမည်
 ဂြိုဟ်များပေါ်မှာ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသွားနိုင်ရန် တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ အာကာသသိပ္ပံပညာရှင်များက လက်တွေ့စမ်းသပ်နေကြသည်။ ကုဗပေတစ်သောင်းကျော် ကျယ်ဝန်းသော အာကာသစိုက်ခင်းဟု အမည်ပေးထားသည့် သုတေသနစိုက်ခင်းများကို အာကာသထဲမှပင် စိုက်ပျိုးနိုင်ရန် တီထွင်နိုင်လိုက်ပြီဟု တရုတ်သုတေသီများက ဆင်ဟွာသတင်းတွင် အတည်ပြုပြောကြားသွားသည်။ အဆိုပါ အာကာသဓာတ်ခွဲခန်းများတွင် ရေနှင့်လေကို အလုံအလောက် ထောက်ပံ့ပေးထားမည် ဖြစ်သောကြောင့် လတ်ဆတ်သည့်...
ကမ္ဘာ့ ရေအနက်ဆုံးတွင် စက်ဘီးမောင်းနင်မှု
(The deepest cycling underwater) အီတလီနိုင်ငံ၊ Liguria ဆိပ်ကမ်းပြည်နယ်၊ Santa Margherita Ligure ဆိပ်ကမ်းမြို့ငယ်အနီးတွင် ရေအောက်စက်ဘီးမောင်းနင်မှု ကို Vittorio Innocenteအမည်ရအီတလီလူမျိုး တစ်ဦးက  ပြုလုပ်ခဲ့သည်။ ရေအနက် ၂၁၈ ပေ ၂.၁၁ လက်မ အနက် တွင် မောင်းနှင်ခြင်း ဖြစ်သော ကြောင့် အနက်ဆုံး ရေအောက် စက်ဘီးမောင်းနှင်သောလူသား အဖြစ် စံချိန်တင်ခဲ့သည်။ by innewsmyanmar...
ကမ္ဘာ့နောက်ဆုံးနေ့အတွက် အသက်ကယ်ဘောလုံး တရုတ်၌ပြုလုပ်
လျှူကွီယန်အမည်ရှိ တရုတ်အမျိုးသားတစ်ဦးသည် မာယာလူမျိုးတို့၏ ကမ္ဘာ့နောက်ဆုံးနေ့အဖြစ် သတ်မှတ်ထားသော ဒီဇင်ဘာလ၂၁ရက်နေ့အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် အသက်ကယ်ဘောလုံးပုံစံကို ဒီဇိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းအသက်ကယ်ဘောလုံးကို Noah's arkဟုအမည်ပေးထားပြီး ပေ၃၃ဝကျော် မြင့်မားသော ရေလှိုင်းများ၏ ဒဏ်ကိုပါခံနိုင်ရည်ရှိအောင် ပြုလုပ်ထားသည်။ ယင်းအသက်ကယ်ဘောလုံးတွင် အနည်းဆုံးလူ၁၄ဦး လိုက်ပါနိုင်ပြီး ရေ၊အစားအစာနှင့် အောက်ဆီဂျင်ဘူးများ သယ်ဆောင်နိုင်သည့်အပြင်...
ကမ္ဘာ့ဈေးအကြီးဆုံးအိမ်
ကမ္ဘာ့ဈေးအကြီးဆုံးအိမ်အဖြစ် စံချိန်တင်ထားသော အိမ်ကို အန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တောင်ဘက်စွန်းတွင် တွေ့ရမည် ဖြစ်သည်။ ပိုင်ရှင်မှာ (၂၀၁၂စစ်တမ်းအရ) အာရှတိုက်၏ ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၁၉ ဦးမြောက် အချမ်းသာဆုံး ဘီလျံနာ တစ်ဦးဖြစ်သူ Mukesh Ambani ဆိုသူဖြစ်သည်။ Mukesh Ambani သည် အန္ဒိယနိုင်ငံ၏ ဒုတိယအကြီးဆုံး စီးပွားရေးအုပ်စုအုပ်စုပိုင်ရှင်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ရေနံချက်လုပ်ငန်းနှင့် အိန္ဒိယနိုင်ငံ၏ အကြီးဆုံး...
ကမ္ဘာ့အ၀ဆုံး မော်ဒယ်များကိုသာ ဓာတ်ပုံရိုက်လိုသူ
အမေရိကန်ပြည်ထောင်စု အီတလီလူမျိုး ဓာတ်ပုံဆရာ အသက်၃၆နှစ်အရွယ်ရှိ ယိုဆီလိုလှိုင်းသည် အများနှင့်မတူ တမူထူးခြားစွာ အ၀လွန်နေသော အမျိုးသမီးများအား ကိုယ်ဟန်ပြမယ်အဖြစ် အသုံးပြုကာ သူ၏၀ါသနာအတိုင်း ဓာတ်ပုံများရိုက်ယူ၍ ပြခန်းတစ်ခု ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိသည်။ အဆိုပါ ဓာတ်ပုံဆရာက ၀နေသော အမျိုးသမီးများ၏ အလှကိုပေါ်လွင်ရန်နှင့် အများပြည်သူတို့မှ အသစ်အဆန်း တစ်ရပ်အနေဖြင့် ကြည့်ရှုရန် ထိုကဲ့သို့ဓာတ်ပုံများ စုဆောင်းရိုက်ကူးခြင်း ဖြစ်သည်ဟုဆိုသည်။ အဆိုပါအမျိုးသမီးများ၏...
ကမ္ဘာ့အမာကြောဆုံး အသားပိုင်ရှင်
တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်က အသက် ၃၆ နှစ်အရွယ် ကွန်ဖူး သိုင်းပညာ ရှင် ရှောင်လင်ဘုန်းကြီး Hu Qiong ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံ အလယ်ပိုင်း Xiangfan မြို့  မှာ ယခုလို လက်စွမ်းပြပြီး ကမ္ဘာ့အသိအမှတ်ပြု ခံခဲ့ရပါတယ်။ သံဖောက် စူး၊ သံဖောက်လွ၊ Drill စက် အမျိုးမျိုးနဲ့ ဘော်ဒီ တစ်ခုလုံးကို မိနစ် အတော်ကြာ ဖောက်ပြီး ဘာမှ မဖြစ်တာကို သက်သေပြခဲ့ ပါတယ်။ လည်နေတဲ့ သံဖြတ်လွှနဲ့လည်း ဝမ်းဗိုက်ကို ဖြတ်ပြပြီး ဘာမှ မဖြစ်တာ ကို...
ကမ္ဘာ့အဆိပ်ပြင်းဆုံးြွေမ၏ဥများကို ကြက်ဥနှင့် မှားယွင်းစုဆောင်းသည့် ကလေး ကံကောင်း၍ အသက်မသေ
သြစတြေးလျနိုင်ငံမှ အသက်သုံးနှစ်အရွယ်ရှိ ကလေးတစ်ဦးသည် ကမ္ဘာ့အဆိပ်ပြင်းဆုံးြွေမစာရင်းဝင် အီစတန်ဘရောင်ြးွေမဥများကို ၄င်း၏ အိပ်ခန်းတွင်း ယူဆောင် သိမ်းဆည်းထားခဲ့ရာ ကံကောင်းထောက်မ၍ြွေမအန္တရာယ်မှ ကင်းလွတ်ခဲ့ကြောင်း APသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ ကွင်းစ်လန်းပြည်နယ်၊တောင်းစ်ဗယ်လီမြို့မှ ကိုင်လီအမည်ရှိ အဆိုပါကလေးငယ်သည်ြွေမဥများကို ၄င်း၏အိပ်ခန်းတွင်း သိမ်းဆည်းထားခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ၄င်း၏မိခင်ဖြစ်သူက သတိပြုမိခဲ့သဖြင့် အသက်မသေခဲ့ခြင်းဖြစ်ကြောင်း...
စွန့်ပစ်ခံရသော ကြောင်ကို မျောက်က မွေးစား
Macaque လို့ခေါ်တဲ့ အမြီးရှည် မျောက်မျိုးမှ အစွန့်ပစ်ခံရတဲ့ ကြောင် တစ်ကောင်ကို ယခုလို ထွေးပွေ့ထား တာ တွေ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ Bali ပြည်နယ်က တောတစ်နေရာမှာ ဖြစ်ပြီး Macaque မျောက်အပြင် အခြားတောရိုင်းတိရစ္ဆာန်များ ကျက်စားနေ တဲ့ နေရာ ဖြစ်ပါတယ်။ သခင် စွန့်ပစ်လို့ လျှောက်သွား ရင်း တောထဲ ရောက် သွားတယ်လို့ ယူဆရသော ကြောင်တစ်ကောင် ကို အမြီးရှည် မျောက် ငယ်လေးက ယခုလို ခေါ်ယူမွေးစားထားတာကို အံ့သြဖွယ် တွေ့ ရှိခဲ့ပါတယ်။ လာရောက်လည်ပတ်သူတို့...
နဂါးပုပ်သင်
တောင်ပံပါတဲ့အတွက် Little Dragon လို့လည်းခေါ်တဲ့ ပုပ်သင်တစ်မျိုး ဖြစ် ပါတယ်။  Draco သို့မဟုတ် Gliding Lizard လို့ခေါ်တဲ့ ယင်း ပုပ်သင်ညိုများကို အရှေ့ တောင် အာရှများ အတွ့များတယ်လို့ ဆိုပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ ပုပ်သင်ညို ကိုတော့ အင်ဒိုနီးရှားနိုင်ငံက ကျွန်းတစ်ကျွန်း မှာ တွေ့ရှိထား တာ ဖြစ်ပါတယ်။ ပျံလည်းပျံနိုင်တယ်လို့ ဆိုပါတယ်။ မီတာ ၆၀ ဝန်းကျင်လောက်အထိ ပျံသန်းမှုကို မှတ်တမ်းတင်ထားပြီး အများစုကတော့ ၁၀ မီတာ အမြင့်လောက်ထဲပဲ ပျံသန်းနိုင်တယ်လို့...
Blog Archive
လပ်ကီးမြို့တော်
Error loading feed.