www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

ကမ္ဘာ့သက်တမ်းအရင့်ဆုံးကား ပေါင်သုံးသိန်းဖြင့် လေလံတင်ရောင်းချမည်



 ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ကားဖြစ်သော အင်္ဂလန်နိုင်ငံဖို့ဒ်ကား ကုမ္ပဏီမှထုတ်လုပ်သည့်ကားကို ယခုစက်တင်ဘာအတွင်း ကြမ်းခင်းဈေး စတာလင်ပေါင်သုံးသိန်းဖြင့် လေလံတင် ရောင်းချသွားမည်ဖြစ်သည်။ ၁၉၀၃ခုနှစ်နှင့် ၁၉၀၄ခုနှစ်အတွင်းက ထုတ်လုပ်ခဲ့သော သက်တမ်း၁၀၉နှစ်ရှိပြီဖြစ်သည့် အဆိုပါဖို့ဒ်ကား၏ မော်ဒယ်အမည်မှာ Chassis30ဟူ၍ဖြစ်ပြီး ၎င်းနှစ်အတွင်းက အစီးရေ၁၇၅၀စီး ထုတ်လုပ်ထားသော ကားများထဲမှ ရှားပါးစွာ တစ်စီးတည်း ကျန်ရစ်သောကားလည်းဖြစ်သည်။ ၎င်းကားမှာ ဖို့ဒ်ကားကုမ္ပဏီ၏ပထမဦးဆုံး ကားဒီဇိုင်းလည်းဖြစ်ပြီး စတင်ထုတ်လုပ်ရောင်းချစဉ်က အမေရိကန်ဒေါ်လာ ၂၂၃ဒသမ၆၅ဖြင့် ရောင်းချခဲ့ပြီး တစ်နာရီလျှင် ၂၈မိုင်နှုန်း မောင်းနှင်နိုင်သော လူလေးယောက်စီး ကားပုံစံအမျိုးအစားဖြစ်သည်။


by swesonemedia

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်