www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

သက်ရှိများ နေထိုင်နိုင်သည့် ကမ္ဘာသစ်တစ်ခုအား ရှာဖွေတွေ့ရှိထား



 သက်ရှိများနေထိုင်နိုင်ရန် ရေနှင့်လေ အလုံအလောက်ရှိသည့် ကမ္ဘာသစ်တစ်ခုကို HD40307 ကြယ်အနီးမှ တွေ့ရှိခဲ့ကြသည်ဟု ကာနက်ဂျီသိပ္ပံအဖွဲ့အစည်းက နိုဝင်ဘာ၉ရက်က ထုတ်ပြန်ကြေညာလိုက်သည်။ ယခုတွေ့ရှိသည့် ကမ္ဘာသစ်ကိုပါ ထည့်သွင်းတွက်ချက်မည်ဆိုပါက သက်ရှိများ ရှင်သန်နေထိုင်နိုင်သည့် ကမ္ဘာသစ်ပေါင်း သုံးခုထိ ရှိလာပြီဖြစ်သည်။ ယင်းကမ္ဘာသစ်သုံးခုမှာ လူသားများနေထိုင်ရာ ကမ္ဘာထက် အရွယ်အစားအလွန်ကြီးမားသည်။ စကြ၀ဠာထဲတွင် သက်ရှိများနေထိုင်နိုင်သည့် ဂြိုဟ်များတည်ရှိသော်လည်း တခိျု့ဂြိုဟ်များမှာ ကမ္ဘာထက် အရွယ်အစား ပိုမိုသေးငယ်သည်။ နောက်ဆုံးတွေ့ရှိခဲ့သည့် ကမ္ဘာသစ်အနီးမှ ကြယ်သည်နေထက် အရွယ်အစား ပိုမိုသေးငယ်သော်လည်း နေထက်ပိုမိုစူးရှတောက်ပသည်ဟု ယင်းကြယ်ပင်လျှင် ကမ္ဘာမြေမှ အလင်းနှစ် ၄၂သန်း ကွာဝေးသောကြောင့် ကမ္ဘာသစ်သို့လူသားများ ခြေချနိုင်ရေးမှာ အလှမ်းဝေးနေဦးမည်ဖြစ်သည်။


by swesonemedia

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်