
ဂြိုဟ်များပေါ်မှာ
ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသွားနိုင်ရန် တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ
အာကာသသိပ္ပံပညာရှင်များက လက်တွေ့စမ်းသပ်နေကြသည်။ ကုဗပေတစ်သောင်းကျော်
ကျယ်ဝန်းသော အာကာသစိုက်ခင်းဟု အမည်ပေးထားသည့် သုတေသနစိုက်ခင်းများကို
အာကာသထဲမှပင် စိုက်ပျိုးနိုင်ရန် တီထွင်နိုင်လိုက်ပြီဟု တရုတ်သုတေသီများက
ဆင်ဟွာသတင်းတွင် အတည်ပြုပြောကြားသွားသည်။ အဆိုပါ အာကာသဓာတ်ခွဲခန်းများတွင်
ရေနှင့်လေကို အလုံအလောက် ထောက်ပံ့ပေးထားမည် ဖြစ်သောကြောင့် လတ်ဆတ်သည့်
သီးနှံများကို စိုက်ပျိုးသွားနိုင်မည် ဟုဆိုသည်။
by swesonemedia
0 comments:
Post a Comment