ရုရှားနိုင်ငံ၏
အကြီးဆုံးစိန်ရှာဖွေတူးဖော်ရေး ကုမ္ပဏီတစ်ခုသည် အလ်လိုဆာကုမ္ပဏီ၏ နံပါတ်၁၆
ညာဘစ်ဆင်မိုင်းတွင်း တည်ရှိရာ ရုရှားအရှေ့မြောက်ပိုင်း ဂျာကူဘီယာဒေသတွင်
အလေးချိန် ၁၅၈ဒသမ၂ကာရက်ရှိ ကမ္ဘာ့ရှားပါးဆုံး အကြီးဆုံးစာရင်းဝင်
စိန်ကြီးတစ်လုံးကို တွေ့ရှိခဲ့ကြောင်း စက်တင်ဘာ၂၅ရက် ရုရှားပြည်တွင်း
သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ ရုရှား၏ အလ်လိုဆာကုမ္ပဏီသည်
ယင်းစိန်တုံးကြီးကို ယခုသီတင်းပတ်အတွင်း ကြမ်းခင်းဈေးအဖြစ် အမေရိကန်ဒေါ်လာ
၁ဒသမ၅သန်းဖြင့် လေလံတင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုစိန်တုံးကို
စိတ်ပိုင်းလိုက်ပါက အရည်အသွေးကောင်းမွန်ပြီး တန်ဖိုးရှိသော
စိန်တုံးပေါင်းများစွာ ထွက်ရှိမည်ဖြစ်ပြီး ယင်းစိန်တုံးလေးများ၏
တန်ဖိုးသည်ပင် အမေရိကန်ဒေါ်လာ သိန်းနှင့်ချီ၍တန်မည်ဖြစ်ကြောင်း
အလ်လိုဆာကုမ္ပဏီမှ စိန်ကျွမ်းကျင်သူတစ်ဦးက ပြောကြားလိုက်သည်။by swesonemedia










0 comments:
Post a Comment