
နံရံကိုအလှဆင်ထားတဲ့
နေရာမှာတော့ ကမ္ဘာ့အထူးဆန်းဆုံး နေရာတစ်ခုလို့ ဆိုရပါမယ်။ အီတလီနိုင်ငံ
မီလန်ဒေသအနီး ရော်ဇာနိုးမြို့အနီးက ဈေးဝယ်စင်တာကြီးတစ်ခုရဲ့ နံရံကြီးပေါ်မှာ
ဆန်းပြားတဲ့စိတ်ကူးတွေနဲ့ သူမတူအောင် ကြိုးစားဖန်တီးထားတာကတော့
ကမ္ဘာ့အကြီးဆုံးနံရံပေါ်က ပန်းဥယျာဉ်လို့ ခေါ်ဆိုလိုက်တဲ့ ဖီရော်ဒါလီဆို
စီးပွားရေးအဆောက်အအုံကြီးရဲ့ နံရံပေါ်မှာ စိုက်ပျိုးထားတဲ့
ပန်းဥယျာဉ်ကြီးပဲဖြစ်ပါတယ်။ အကျယ်စတုရန်းပေ ၄၄၅၇၀ခန့်ရှိတဲ့
ထိုပန်းဥယျာဉ်ကို စက်တင်ဘာ၁၇ရက်နေ့က ကမ္ဘာ့အကြီးဆုံးနံရံပေါ်က
ဥယျာဉ်ကြီးအဖြစ် ဂင်းနက်စ်မှတ်တမ်းဝင်ဖြစ်ခဲ့ပါတယ်။ထိုဥယျာဉ်ကြီးထဲမှာတော့
သစ်ပင်ပေါင်း ၄၄,၀၀၀ပကျော်နဲ့ ပန်းမန်ပေါင်း ၂၀၀ကျော်ကို ဥယျာဉ်မှူးတွေက
ပိုးမွေးသလို တယုတယ ဂရုတစိုက် စိုက်ပျိုးထားကြတယ်လို့ သိရပါတယ်။
by swesonemedia
0 comments:
Post a Comment