
မြေပုံများအား
သုံးဖက်မြင်အသွင်ဖြင့် ပြောင်းလဲတင်ဆက်ခဲ့သည့် ကမ္ဘာကျော်နည်းပညာပါရဂူ
Googleကမကြာသေးမီက ယင်း၏ အင်တာနက်မြေပုံများတွင် ပန်းကန်ပြားပျံများကို
အမိအရ ရိုက်ကူးနိုင်ခဲ့သည်။ Googleသည် အမေရိကန်ပြည်ထောင်စု
တက္ကဆက်ပြည်နယ်တွင် ပန်းကန်ပြားပျံတစ်ခုကို ဦးစွာရိုက်ကူးနိုင်ခဲ့ပြီး
နယူးမက္ကဆီကိုတွင် နောက်ထပ် ပန်းကန်ပြားပျံတစ်ခုကိုလည်း
ထပ်မံရိုက်ကူးနိုင်ခဲ့သည်။ ယင်းပန်းကန်ပြားပျံများမှာ ကမ္ဘာမြေပြင်အထက်
မိုင်ပေါင်း၁၀၀၀ခန့်တွင် ပျံသန်းနေခြင်းဖြစ်သည်ဟု မြေပုံပညာရှင်များက
တွက်ဆထားကြသည်။
by swesonemedia
0 comments:
Post a Comment