www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

ဘေ့စ်ဘောအရွယ် အမျိုးအမည်မသိ သတ္တ၀ါ၏အပြာရောင် မျက်လုံးတစ်လုံးတွေ့ရှိ



 အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ပွန်ပါနိုကမ်းခြေတွင် အောက်တိုဘာလ ၁၀ရက်နေ့က အမျိုးအမည်မသိ သတ္တ၀ါတစ်ကောင်၏ ဘေ့စ်ဘောအရွယ် အပြာရောင်မျက်လုံးတစ်လုံးကို တွေ့ရှိခဲ့ရကြောင်း ဖလော်ရီဒါပြည်နယ် ရေသတ္တ၀ါနှင့် တောရိုင်းတိရစ္ဆာန် စူးစမ်းလေ့လာရေးအဖွဲ့မှ ထုတ်ဖော်ကြေညာခဲ့သည်။ ဂျိုနိုကိုဘာစီဆိုသူသည် အောက်တိုဘာ၁၀ရက်နေ့က ကွန်ပါနိုကမ်းခြေတစ်လျှောက် လမ်းလျှောက်လာစဉ် အဆိုပါဘေ့စ်ဘောအရွယ် မျက်လုံးတစ်ဖက်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး စတင်တွေ့ရှိစဉ်က ထိုမျက်လုံးတွင် သွေးစသွေးနများ ပေကျံနေသည်ကိုပင် တွေ့ရှိရသည်။ ကင်းမွန်ငါးမျိုးအပါအ၀င် အရွယ်အစားကြီးမားသော နှင်းလူကြီးများသည်ပင် ထိုမျှလောက်ကြီးမားသော မျက်လုံးမျိုးမရှိသောကြောင့် သိပံ္ပပညာရှင်များအတွက် ပဟေဠိတစ်ပုဒ် သဖွယ်ဖြစ်လာခဲ့သည်။ ယခုအခါ အဆိုပါအပြာရောင် ဘေ့စ်ဘောအရွယ်မျက်လုံးကို စိန့်ပီတာစဘတ်မြို့ရှိ သဘာဝရေသတ္တ၀ါနှင့် တောရိုင်းတိရစ္ဆာန်အင်စတီကျူသို့ ပို့ဆောင်ကာ စူးစမ်းလေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


by swesonemedia

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်

Error loading feed.