
ဆော်ဒီအာရေဘီးယား
နိုင်ငံအတွင်းရှိ အိုမန်၊ ယီမင်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော
ဗလာရပ်ကွက်ခေါ် အာရဗီဘာသာစကားနှင့် Rab-uikhaleeအမည်ရှိ ကမ္ဘာ့အကြီးဆုံး
သဲကန္တာရအတွင်းတွင် သာမန်လူခန္ဓာကိုယ်ထက် အဆမတန်ကြီးမားသော အရိုးစုကြီးကို
တူးဖော်တွေ့ရှိခဲ့ရကြောင်း သိရသည်။ အမေရိကန်ရေနံရှာဖွေတူးဖော်ရေး
ကုမ္ပဏီတစ်ခုဖြစ်သော Aramcoကုမ္ပဏီသည် အဆိုပါသဲကန္တာရအတွင်း ရေနံရှာဖွေစဉ်
တူးဖော်တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ဆော်ဒီအာရေဘီးယား ဘာသာရေးအသင်းက
ထိုနေရာကို သိမ်းဆည်းထားခဲ့ကြောင်း သိရသည်။ သို့သော် စစ်ဘက်သုံး
ရဟတ်ယာဉ်များက ယင်းလူရိုးစုများကို မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ HydeParkသို့ ပို့ဆောင်ပေးခဲ့သည်။
သိပ္ပံပညာရှင်များက အဆိုပါလူရိုးစုဓာတ်ပုံများကို လေ့လာစူးစမ်းမှုများ
ပြုလုပ်ခဲ့ကြသည်။ လေ့လာစူးစမ်းသူများ၏ အဆိုအရ ရှေးခေတ်ထို
လူသားမျိုးနွယ်စုများသည် ဆော်ဒီနှင့်အိန္ဒိယနိုင်ငံမြောက်ပိုင်း
ဒေသတစ်ဝိုက်တွင် ကျင်လည်ကျက်စားခဲ့ကြောင်း မှန်းဆခဲ့ကြသည်။
by swesonemedia
0 comments:
Post a Comment