
ပြင်သစ်နိုင်ငံအရှေ့မြောက်ဘက်ရှိ
ပျားမွေးသူများသည် ၎င်းတို့၏ပျားအုံထဲ၌ အပြာရောင်နှင့်
အစိမ်းရောင်ပျားရည်များကို တွေ့ရှိခဲ့ရသဖြင့် လွန်စွာအံ့သြခဲ့ရသည်
ဟုသိရသည်။ အဆိုပါပျားရည်များသည် ထူးဆန်းသော်လည်း ပြင်သစ်နိုင်ငံ၌
ထုတ်လုပ်သည့် ပျားရည်အဆင့်အတန်းကို မမီသောကြောင့် ဈေးကွက်၌
ရောင်းချနိုင်ခြင်းမရှိပေ။ ဤသို့ဖြစ်ရခြင်းမှာ ထိုရောင်စုံပျားရည်များသည်
ပန်းဝတ်မှုန်မှရသည့် ပျားရည်မျိုးနှင့်မတူဘဲ တစ်မူကွဲပြားနေသည်ဟုသိရသည်။
ဤသို့ဖြစ်ရခြင်းမှာ အဆိုပါပျားမွေးမြူရေးခြံမှ ပျားများသည်
ပန်းဝတ်ရည်ကိုမစုပ်ဘဲ သကြားလုံးစက်ရုံမှ စွန့်ပစ်ပစ္စည်းများကို သွားရောက်
စားသောက်ကြသောကြောင့်ဖြစ်သည်ဟုသိရသည်။ဤသို့ပျားရည်များ
အရောင်ပြောင်းသွားခြင်းကြောင့် သကြားလုံးစက်ရုံသည်
၎င်းတို့၏စွန့်ပစ်ပစ္စည်းများကို ပျားများလာရောက်စားသောက်ခြင်း မပြုနိုင်စေရန်
သိုလှောင်ရုံ၌ စွန့်ပစ်ပစ္စည်းများကို ထိန်းသိမ်းသွားမည် ဟုသိရသည်။
by swesonemedia
0 comments:
Post a Comment