
ကျွန်ုပ်တို့နေစကြာဝဠာအတွင်း
နေကိုဗဟိုပြု၍ လှည့်ပတ်နေသည့် ဂြိုဟ်များအနက် အနီးဆုံးဂြိုဟ်သစ်ကို
ထပ်မံတွေ့ရှိခဲ့ပြီး ယင်းဂြိုဟ်သည် ကမ္ဘာမြေအရွယ်အစား ပမာဏနှင့်အရွယ်အစား
ပမာဏတူညီမှုရှိသည့်အပြင် ဂြိုဟ်သားများ ရှင်သန်နေထိုင်လျက်ရှိသည်ဟု
ယူဆရကြောင်း နာဆာအာကာသသိပ္ပံစခန်းမှ အာကာသသိပ္ပံပညာရှင်များက အောက်တိုဘာ
၁၆ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ယင်းဂြိုဟ်၏အမည်ကို ''အယ်လ်ဖာ ဆန်ကျူရီ
ဘီဘီ'' ဟု သိပ္ပံပညာရှင်များက အမည်မှည့်ခေါ်ခဲ့ကြသည်။ အယ်လ်ဖာဆန်ကျူရီဘီဘီသည်
ကမ္ဘာမြေမှ မိုင်ပေါင်း၂၅ထရီလျံ ကွာဝေးပြီး မာကျူရီဂြိုဟ်ထက်ပိုမို၍
နေနှင့်နီးကပ်စွာ လှည့်ပတ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ နေနှင့်နီးကပ်စွာ လည်ပတ်နေခဲ့သဖြင့် အယ်လ်ဖာဆန်ကျူရီဘီဘီ၏
အပူချိန်သည် လွန်စွာမြင့်မားလျက်ရှိကြောင်း သိရသည်။ ကမ္ဘာမြေပေါ်တွင်ရှိသော
နည်းပညာများဖြင့် ယင်းဂြိုဟ်သို့သွားရောက် လေ့လာစူးစမ်းမှုများ ပြုလုပ်ရန်
လုံလောက်မှုမရှိသေးဘဲ အကယ်၍ ယနေ့ခေတ် နောက်ဆုံးပေါ် အာကာသယာဉ်များဖြင့်
ယင်းဂြိုဟ်သို့ သွားရောက်မည်ဆိုပါက နှစ်ပေါင်း ၄၀၀၀၀ခန့်ကြာမြင့်မည်
ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသွားခဲ့ကြောင်း သိရသည်။
0 comments:
Post a Comment