www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

ကြောင်တစ်ကောင်၏ ခေါ်ဆောင်ရာသို့ လိုက်ပါရင်းလွန်ခဲ့သည့် နှစ်၂,၀၀၀ကျော်က ရောမသင်္ချိုင်းတစ်ခုကိုတွေ့ရှိ



အီတလီနိုင်ငံ ရောမမြို့သားတစ်ဦးဖြစ်သည့် မိုင်ကိုကာပီဆို ဆိုသူသည် အောက်တိုဘာ ၁၆ရက်နေ့ညပိုင်းတွင် အိမ်မွေးကြောင်တစ်ကောင်၏ လမ်းပြခေါ်ဆောင်ရာသို့ လိုက်ပါသွားရာ လွန်ခဲ့သည့် နှစ်၂,၀၀၀ကျော်က ရောမခေတ် ဂူသင်္ချိုင်းတစ်နေရာကို တွေ့ရှိခဲ့ရကြောင်း အောက်တိုဘာ၁၉ရက် သတင်းများတွင် ဖော်ပြခဲ့သည်။ ကာပီနှင့် ၎င်း၏မိတ်ဆွေတစ်ဦးတို့သည် ည၁၀နာရီခန့်တွင် အဆိုပါကြောင်၏ အသံပေး ခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားခဲ့ရာ ၎င်းတို့နေအိမ်နှင့် မကွာဝေးလှသော မာဒီပီထရာလာတာ ရပ်ကွက်အနီးတွင် ရောမသင်္ချိုင်းအတွင်းသို့ မမျှော်လင့်ဘဲ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုရောမသင်္ချိုင်းသည် ၀င်ပေါက်အတွင်းသို့ ၀င်ရောက်ကြည့်သည့်အခါ ထူးဆန်းအံ့သြဖွယ် ရောမခေတ်ဂူသင်္ချိုင်းတို့၏ အပြင်အဆင်အခမ်းအနားနှင့် လူအရိုးစုများကို တွေ့ရှိရကြောင်း သိရသည်။ ယင်းရောမသင်္ချိုင်းဂူ၏ အစိတ်အပိုင်း အတော်များများသည် ပျက်စီးယိုယွင်းနေပြီဖြစ်ပြီး ဘီစီတစ်ရာစုမှ အေဒီ နှစ်ရာစုခေတ်အတွင်း ရောမတို့၏ အနုပညာလက်ရာများဖြစ်ကြောင်း အီတလီ ရှေးဟောင်းသုတေသန ပညာရှင်များက အတည်ပြုပြောကြားခဲ့သည်။


by swesonemedia

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်

Error loading feed.