
အမေရိကတွင်
သာယာကျူတာဆိုသည့် အသက်၅၀ခန့်ရှိပြီဖြစ်သည့် အမျိုးသမီးတစ်ဦးမှာ
ဖားနှင့်ပတ်သက်သည့် ပစ္စည်းပစ္စယပေါင်း တစ်သောင်းကျော်ကို စုဆောင်းထားသည်။
သူစုဆောင်းထားသည့် ပစ္စည်းများထဲတွင် ဖားရုပ်များ
အများဆုံးပါဝင်နေသောကြောင့် ယင်းအမျိုးသမီးကြီးကို ဖားချစ်သူ
အမျိုးသမီးအဖြစ် ဂင်းနက်စ်မှတ်တမ်းတွင် စံချိန်တင်လိုက်ပြီဖြစ်သည်။
''ဖားတွေက ချစ်ဖို့ကောင်းတယ်။ ဘာကြောင့်သူတို့ကို ချစ်ရတယ်ဆိုတာတော့
ရှင်းမပြတတ်ဘူး''ဟု ယင်းအမျိုးသမီးကြီးက သူ့ခံစားချက်များကို
ဖွင့်ဟသွားသည်။
by swesonemedia
0 comments:
Post a Comment