www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

မာတွန်အိုက်ရစ်စတူး

ပါဝင်ပစ္စည်းများ
(Mutton) ဆိတ်ပေါင်သား - ၅၀ ကျပ်သား
ကြက်သွန်ဖြူ/နီ - သုံး/ငါးလုံး
Cooking Sauce - နှစ်ဇွန်း
Mustard Powder - အနည်းငယ်
Garlic Sauce - လိုအပ်သရွေ့
ဆီ - ၁၀ ကျပ်သား
ဆား - အနည်းငယ်
ဟင်းခတ်မှုန့် - အနည်းငယ်
ငရုတ်ကောင်းမှုန့် - အနည်းငယ်
ငရုတ်ပွသီး - နှစ်တောင့်
ပြုလုပ်ပုံအဆင့်ဆင့်
ဆိတ်ပေါင်သားကိုရေစင်အောင်ဆေးပြီး လေးထောင့်ပုံသဏ္ဌာန်အတိုင်း မကြီးလွန်းမသေး လွန်းအောင် လှီးဖြတ်ထားပါ။ ပြီးလျှင် ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့် (သို့) Garlic Sauce၊ Cooking Sauce အနည်းငယ်တို့နှင့် ၎င်းအသားကို သမအောင် နယ်ထားပေးပါ။
ပြုလုပ်မည့်အိုးတွင် ဆီအနည်းငယ်ထည့်၍ ကြက်သွန်နီ/ဖြူ တို့ကို ဆီသတ်ပါ။ ဆီကျက် လျှင် အထက်ပါ ပြုပြင်ထားသော အသားကို ထည့်မွှေပေးပါ။ တစ်ဆက်တည်းမှာပင် ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ Mustard Powder၊ Cooking Sauce တို့ထည့်ပြီး ကျက်အောင် လုံးပါ။ တစ်ဝက်ကျက်လျှင် Tomato Sauce ကိုထည့်ပါ။ (ရေအနည်းငယ် ထည့်ပေးရမည်။) အသားနူးနပ်လာပါက စားမည့် ပန်းကန်တွင်ထည့်၍ သုံးဆောင်နိုင်ပါပြီ။
Ref : The Flower News

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်