www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ငှက်ပျောဖူးသုပ်

ပါဝင်ပစ္စည်းများ
ရခိုင်ငှက်ပျောဖူးတစ်ခြမ်း
ကြက်သွန်ဖြူဆီချက်
ကြက်သွန်နီကြော်
မြေပဲဆန်ထောင်း အနည်းငယ်
သံပရာသီး
ပြုလုပ်ပုံအဆင့်ဆင့်
ငှက်ပျော်ဖူးကို အပေါ်ယံပပ်လပ်တွေခွာပြီး အတွင်းပိုင်းအသားနုနုကို ပြုတ်ပါမယ်။ နူးလွယ်တဲ့အတွက် ငါးမိနစ်လောက်ပြုတ်ပြီးရင် ခပ်ရိတ်ရိတ်လေးတွေ လှီးပါမယ်။ လှီးထားတဲ့ ငှက်ပျော်ဖူးကို သုပ်မယ်ဆိုရင်တော့ အပေါ်မှာရေးထားတဲ့ အမယ်တွေစုံလင်အောင်ထည့်ပြီး နယ်ဖတ်သုပ်ရုံပါပဲ။ ခပ်စိမ့်စိမ့်လေးပဲ စားလိုသူတွေအတွက်ကတော့ ငရုတ်သီးစိမ်းထည့်စရာ မလိုပါဘူး။ ချဉ်ချဉ်စပ်စပ်လေးစားလိုသူတွေကတော့ ငရုတ်သီးစိမ်းနဲ့ သံပရာသီးကို ခပ်ကဲကဲလေးထည့်ပေးလိုက်ရုံပါပဲ။
Ref : 7 Day News

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်