ပါဝင်ပစ္စည်းများ
ဝက်လည်ကုတ်သား၊
ကိုရီးယားငရုတ်ဆီ၊
ချင်း၊
ငရုတ်ကောင်း၊
အရက်၊
ငံပြာရည်၊
သကြား၊
ဆား၊
ဆီမွှေး၊
ကြက်သွန်ဖြူ၊
ရှလကာရည်နဲ့ ကော်မှုန့်။
ပြုလုပ်ပုံအဆင့်ဆင့်
ဝက်သားကိုသန့်စင်ပြီး အရွယ်တော် အတုံးလေးတွေတုံးပါ။ ကြက်သွန် ဖြူ၊ ချင်း၊ ငရုတ်ကောင်း တို့ကို ရှလကာရည်၊ အရက်၊ ငံပြာရည်၊ ဆား၊ သကြားတို့နဲ့ စက်ထဲမှာ ရောမွှေပြီး တစ်ဝက်စီ ခွဲလိုက်ပါ။ ဝက်သားကို ရောမွှေထားတဲ့ အရည်တစ်ဝက်ထဲမှာ ထည့်ပြီး လေးနာရီခန့်နှပ်ထားပါ။ ပြီးရင် ဝက်သားတွေကိုဆယ်ပြီး တုတ်နဲ့ ထိုးထားပါ။
ရောမွှေထားတဲ့အရည်ကျန်တစ်ဝက်ကို မီးဖိုပေါ်တင်ပြီး ပွက်ပွက်ဆူလာ ရင်ကော်မှုန့်ထည့်၊ အနည်းငယ်မွှေပြီးချလိုက်ပါ။ အသားကင်မယ်ဆိုရင် ကျိုထားတဲ့ အရည်ထဲမှာ အသားကို ဆွတ်ဖို့ မမေ့ပါနဲ့။ အပူချိန် ၂၀၀ ဒီဂရီခန့်မှာ ကင်ပြီး ကျက်ခါနီးရင် ကော်ရည်ထဲမှာ နောက် တစ်ကြိမ် ဆွတ်ပါ။ ဒုတိယတစ်ကြိမ် ကင်ပြီးပြီဆိုရင် ဆီမွှေးနံ့သင်းသင်းနဲ့ ကိုရီးယား ဆာတေးကို သုံးဆောင်နိုင်ပါပြီ။ ကင်တဲ့အချိန်မှာ ဆီမွှေးနည်းနည်း သုံးပါ။
Ref: The Myanmar Times

0 comments:
Post a Comment