www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

မော်လမြိုင်ကြက်ကြော်နှပ်

ပါဝင်သောပစ္စည်းများ
ကြက်သား
ကြက်သွန်နီ/ဖြူ
ချင်း
ကြက်သားမှုန့်
နနွင်းမှုန့်
ဆား
ပြုပုံအဆင့်ဆင့်
ကြက်သားကို သန့်စင်ပြီး အရွယ်တော် အတုံးလေးတွေ တုံးပါ။ ပြီးရင် ဆား၊ ကြက်သားမှုန့်၊ နနွင်းမှုန့် အနည်းငယ်တို့နဲ့ သမအောင် ရောနယ်ပြီး အရသာသွင်းထားပါ။ ကြက်သွန်နီကို ပါးပါးလှီးနနွင်းနဲ့ နယ်ပြီး ဆီပူပူမှာကြော်ပါ။ ကြွပ်ရွလာရင် ဆယ်ပြီး ပန်းကန်းပြားထဲ ထည့်ဖယ်ထားပါ။ ပြီးရင် အရသာသွင်းထားတဲ့ ကြက်သားကို မီးအေးအေးနဲ့ ရွှေဝါရောင် သန်းလာတဲ့အထိ ကြော်ပါ။ ကြော်ပြီးရင် ကြက်သွန်ဖြူ၊နီနဲ့ ချင်းကို ပါးပါးလှီး တောက်တောက် စဉ်းပြီး ဆီသတ်ပါ။ အနံ့မွှေးလာရင် ကြော်ထားတဲ့ ကြက်သွန်နီကြော်ကို ခြေပြီးထည့်ပါ။ ကြက်သားကြော်ထည့်ပါ။ အရသာအပေါ့ အငန်နဲ့ ရေအနည်းငယ်ထည့်ပြီး ဆီပြန်လာရင် ဟင်းအိုးကိုချလို့ ရပါပြီ။
Ref: The Myanmar Times

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်