www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ခေါက်ဆွဲအကြွပ်ကြော်

ပါဝင်ပစ္စည်းများ
ခေါက်ဆွဲခြောက်
မုန်ညင်းဖြူ
ကြွက်နားရွက်
ပုစွန်
ပြည်ကြီးငါး
ဥနီ
ချင်း
ကော်မှုန့်
ခရုဆီ
ကြက်သားမှုန့်
ငံပြာရည်အနောက်
ဆီမွှေး။
ပြုလုပ်ပုံအဆင့်ဆင့်
ခေါက်ဆွဲခြောက်ကို ရေနွေးပွက်ပွက်ဆူမှာ နှစ်မိနစ်လောက်ပြုတ်ပြီး ရေစစ်ထားပါ။ ရေစစ်သွားပြီ ဆိုရင် ခေါက်ဆွဲကို ဆီပူပူမှာကြွပ်နေအောင် ပြန်ကြော်ပြီး ပန်းကန်ပြားထဲ ထည့်ထားပါ။ ပုစွန်၊ ပြည်ကြီးငါးကို သန့်စင်ပြီး ကြွက်နားရွက်၊ ဥနီနဲ့ ချင်းကို အမျှင်လေး ရအောင် လှီးချွတ်ထားပါ။
အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ဒယ်အိုးထဲကို အသားငါးနဲ့ အသီးအရွက်တွေကို ထည့်ပါ။ အရသာအတွက် ခရုဆီ၊ ဆီမွှေး၊ ငံပြာရည်၊ဆား၊ သကြား၊ ကြက်သားမှုန့်တို့ကို ထပ်ထည့်ပြီး ကျက်အောင် ချက်ပါ။ ကော်မှုန့် ထပ်ထည့်ပြီး အရည်ပျစ်ပျစ် ရလာရင် ပုဂံလုံးထဲ ထည့်ထားပါ။ အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင် ခေါက်ဆွဲ အကြွပ်ကြော်ထဲကို ပုစွန်စွပ်ပြုတ်ရည် ဆမ်းပြီး စိတ်ကြိုက်စားလို့ရပါပြီ။
Ref: The Myanmar Times

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်