ပါဝင်သောပစ္စည်းများ
စကွစ်ကိုင်ပြီးသား - ၂၇ ကျပ်သား (တစ်ကီလို)
ကြက်သွန်ဖြူထောင်း - စားပွဲသုံးဇွန်း
ငရုတ်သီးစိမ်းမှုန့် - လက်ဖက်ရည်နှစ်ဇွန်း
ဆား - အနည်းငယ်
ဟင်းခတ်မှုန့် - လက်ဖက်ရည်တစ်ဇွန်း
ငရုတ်သီးစိမ်း - ၁၀ တောင့်
နှမ်းဆီမွှေး - စားပွဲသုံးဇွန်း
ပြုလုပ်ပုံအဆင့်ဆင့်
စကွစ်များကို အရေခွံခွာ ထက်ခြမ်းခွဲပါ။ နှုတ်သီးဖယ်၍ နှာမောင်းများသာ အသုံးပြုပါ။ အသားကို အထူတစ်မတ်ခန့်လှီးဖြတ်၍ ဆားဖြင့် နယ်ပါ။ စကွစ်ဆားနယ်များကို များများလုပ်ထား၍ အသီးအရွက်အခန်း(သို့မဟုတ်) ရေခဲသေတ္တာသီးနှံထားအဆင့်တွင် ရက်ပေါင်းများစွာ သိမ်းထားနိုင်ပါတယ်။
အနည်းဆုံး တစ်ပတ်ကြာရင် ယင်းစကွစ်ဆားနယ်ကို လိုအပ်သမျှထုတ်၍ ငရုတ်သီးစိမ်း ထက်ခြမ်းပါးပါး စောင်းစောင်းလှီး၍ ဟင်းခတ်မှုန့်၊ ငရုတ်သီးစိမ်းမှုန့်၊ ကြက်သွန်ဖြူ ထောင်း၊ နှမ်းဆီမွှေးတို့ဖြင့် သုပ်စားနိုင်ပါတယ်။
နှမ်းစေ့ကြိုက်ရင် ထည့်သုံးနိုင်ပါသေးတယ်။ အပေါ်မှ ကြက်သွန်ဖြူထောင်းကြော်၊ ကြက်သွန်နီကြော်များ အပေါ်မှာ ဖြူးထည့်ပေးပါ။ သံပရာခြမ်းများလဲ ထည့်ပေးပါ။ ကင်းမွန်ဟာ အချဉ်ဓာတ်ရထား၍ အချဉ်မထည့်လဲ ရပါတယ်။
Ref : The Flower News

0 comments:
Post a Comment