ပါဝင်ပစ္စည်းများ
ဆေးဘဲဥ၊
မာဘိုတိုဟူး၊
တရုတ်နံနံ၊
ကြက်သွန်ဖြူ၊
ငရုတ်သီးစိမ်း၊
ငံပြာရည်၊
ရှလကာရည်၊
သကြား၊
ဆီမွှေး၊
ငရုတ်ဆီ။
ပြုလုပ်ပုံအဆင့်ဆင့်
တိုဟူးကို မထူမပါးအရွယ်လေးတွေ ရအောင် လှီးထားပါ။ ပြီးရင် သုံး မိနစ်ခန့် ပေါင်းပါ။ ဆေးဘဲဥကို စောင်းစောင်းလေးတွေ လှီးပါ။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူကို ညက်နေအောင် ထောင်းပါ။
အားလုံးပြီးသွားပြီဆိုရင် ပန်းကန် ပြားထဲကို ပါးပါးလှီးထားတဲ့ တိုဟူးထည့်ပါ။ ဆေးဘဲဥကို နောက်မှတိုဟူးဘေးမှာ စီထည့်လိုက်ပါ။ ပြီးရင် ထောင်း ထားတဲ့ ကြက်သွန်ဖြူနဲ့ ငရုတ်သီး စိမ်းကို ထည့်ပါ။ ငံပြာရည်၊ ရှလကာရည်နဲ့ သကြားအနည်းငယ်ထည့်ပါ။ နောက်ဆုံးမှ ဆီမွှေး အနည်းငယ်နဲ့ အရောင်အတွက် ငရုတ်ဆီကို ထည့်ပါ။ အားလုံးထည့်ပြီးမှ ဇွန်းနဲ့ အနည်းငယ်မွှေပါ။ ဒါဆိုရင်တော့ ချဉ်စပ်အရသာနဲ့ ခပ်ဆိမ့်ဆိမ့်လေးခံစားရမယ့် ဆေးဘဲဥ မာဘိုတိုဟူးသုပ်ရပါပြီ။
Ref: The Myanmar Times

0 comments:
Post a Comment