ပါဝင်ပစ္စည်းများ
ဂျပန်ခေါက်ဆွဲ၊
ကြက်ဥ၊
မုန်ညင်းစိမ်း၊
မှို၊
ကြက်သွန်မြိတ်၊
နှမ်းဖြူ၊
ဂျပန်ကြက်သွန်ကြော်၊
ဂျပန်နှမ်းဆော့စ်၊
chilli paste၊
ကြက်ပြုတ်ရည်၊
ဝက်သား၊
ဂျပန်ငံပြာရည်(shoyu)။
ပြုလုပ်ပုံအဆင့်ဆင့်
ခေါက်ဆွဲကို ရေနွေး ဆူဆူထဲမှာ သုံးမိနစ်ခန့် ပြုတ်ပြီး ပန်းကန်လုံးထဲ ထည့်ထားပါ။ မုန်ညင်းစိမ်းကိုရေနွေးဖျောပြီး ကြက်ဥကို ပြုတ်ထားပါ။ ဝက်သားကို ပြုတ်ပြီးပါးပါးလှီးပါ။
ကြက်ပြုတ်ရည်ကိုဆူအောင်တည်ပါ။ နှမ်းဖြူ၊ နှမ်းဆော့စ်၊ chilli paste၊ ဂျပန်ငံပြာရည် တို့ကို အချိုးကျရောစပ်ပြီး ကြက်ပြုတ်ရည်ထဲထည့်ပါ။ ဟင်းရည် ဆူအောင်ခဏ စောင့်ပြီး အချို၊ အငန် အရသာ အတော်ဖြစ်ပြီဆိုရင် ဟင်းရည်တွေကို ခေါက်ဆွဲထည့်ထားတဲ့ ပန်းကန်ထဲထည့်ပါ။
ခေါက်ဆွဲထဲကို ကြက်ဥ၊ မုန်ညင်းစိမ်း၊ ကြက်သွန်မြိတ်၊ ကြက်သွန်ကြော်နဲ့ ဝက်သားလွှာ တွေကို ထပ်ထည့်လိုက်မယ်ဆိုရင် နှမ်းနံ့လေးနဲ့အစပ်အရသာ မရှိဘဲ အချိုဓာတ်ကဲတဲ့ ဂျပန် ခေါက်ဆွဲတစ်ခွက် ရပါပြီ။
Ref: The Myanmar Times

0 comments:
Post a Comment