www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ဆိမ့်တဲ့အရသာနဲ့ တူနာငါးထမင်းကြော်

ပါဝင်ပစ္စည်းများ
တူနာငါး၊
စည်သွတ်ဘူးတစ်ဘူး၊
ထမင်း၊
ကြက်သွန်နီ၊
ဆီ၊
ဆား၊
ပဲငံပြာရည်(အနောက်ရည်)။
ပြုလုပ်ပုံအဆင့်ဆင့်
ကြက်သွန်ကို ပါးပါးလှီးပြီး ဆီသတ်ပါ။ ကြွပ်လာရင် တူနာငါးထည့်ပါ။ စည်သွတ်ဘူး တစ်ဘူးလုံး ထည့်စရာမလိုပါဘူး။ ကိုယ်ထည့်မယ့် ထမင်းပမာဏနဲ့ လိုက်မယ့် ပမာဏပဲ ထည့်ပါ။ ငါးနည်းနည်း ကြွပ်တာနဲ့ ထမင်းထည့်ပါ။
ပြီးရင် အနောက်ရည် နည်းနည်းဆမ်း၊ ဆား အပေါ့အငန် အနေတော်ဖြစ်အောင် ထည့်ပြီး ကြော်ပါ။ ပြီးရင်တော့ သုံးဆောင်လို့ရပါပြီ။ ဒီထဲကို ဂေါ်ဖီ၊ မုန်ညင်း စတဲ့ အသီးအရွက် တွေလည်း ကိုယ့်စိတ်ကြိုက် ထည့်ကြော်နိုင်ပါတယ်။
Ref: The Myanmar Times

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်