ပါဝင်ပစ္စည်းများ
ကြက်သား (ပေါင်သား)
ဆား
ဂျပန်အရက်
ငံပြာရည်
ငရုတ်ကောင်း
ရှလကာရည်
သကြား
ချင်း
ကြက်သွန်ဖြူ
ပြုလုပ်ပုံအဆင့်ဆင့်
ကြက်သားကိုသန့်စင်ပြီး အရွယ်တော် အတုံးလေးတွေတုံးပါ။ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်ကောင်းတို့ကို ရှလကာရည်၊ အရက်၊ ငံပြာရည်၊ ဆား၊ သကြားတို့နဲ့ စက်ထဲမှာရော မွှေပြီး တစ်ဝက်စီခွဲလိုက်ပါ။ ကြက်သားကိုမွှေထားတဲ့ အရည်ထဲမှာ အချိန်လေးနာရီခန့် နှပ်ထားပါ။
ပြီးရင် ကြက်သားတွေကို တုတ်နဲ့ ထိုးထားပါ။ ခုနက ရောထားတဲ့ အနှစ်တွေထဲက တစ်ဝက်ကို မီးဖိုပေါ်တင်ပြီး ပွက်ပွက်ဆူလာရင် ကော်မှုန့်ထည့်၊ အနည်းငယ်မွှေပြီး ချလိုက်ပါ။ တုတ်ထိုးထားတဲ့ အသားတွေကို ကျိုထားတဲ့ အရည်ထဲမှာ ဆွတ်ပြီး အပူချိန် ၂၀၀ ဒီဂရီခန့်ရှိတဲ့ လျှပ်စစ်မီးဖိုမှာ ကင်ပါ။
အသားကို ရွှေအိုရောင်ပြောင်းလာရင် တစ်ကြိမ်၊ ကျက်ခါနီးရင် တစ်ကြိမ် ကော်ရည်ထဲမှာ ဆွတ်ပြီးကင်ပါ။ ဒါဆိုရင်တော့ အရသာချိုချိုနဲ့ ခံတွင်းတွေ့မယ့် ဂျပန်ဆာတေးရပါပြီ။
Ref: The Myanmar Times

0 comments:
Post a Comment