www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

Answers for Readers’ Questions

မေးထားတာတွေ မဖြေဖြစ်တာကြာပါပြီ။ ဟိုတစ်ခါလည်း ဖြေမယ်ဆိုပြီး အခုနှစ်ဆယ်လောက် ထုတ်ပြီး ဖြေတယ်။ အားလုံးနီးပါး ပြီးသွားမှ စိတ်ပြောင်းပြီး မတင်ဖြစ်တော့ဘူး။ အခု အဲဒီ မေးခွန်းတွေရော ထပ်မေးထားတာတွေရော၊ မေးခွန်း အားလုံးပေါင်း၃၆ ခု ကို ဖြေပေးထားပါတယ်…
Image Hosting by imagefra.me
၁။ … နတ်ဆိုး: ကျွန်တော်စက်တစ်လုံးမှာ ဟက်ဒစ် နှစ်လုံးတပ်တာ ပြတင်းပေါက်တက်မလာတော့ပါဘူး …… ဘာကြောင့်လဲတော့မသိဘူးဗျာ …….ပြတင်းပေါက်တင်ထားတဲ့ ဟက်ဒစ်က SATA ပါ…….. အဲဒါနောက်ထပ် IDEထပ်တပ်တော့ တက်မလာတော့ပါ။

Answer … mother board အတော်များများကတော့ IDE ကို Master ထားကြပါတယ်။ sata ၄ခုပါပြီး၊ IDE နှစ်ခုပါတယ် ဆိုပါစို့ 1st Master နဲ့ 2nd Master ဟာ IDE ဖြစ်ပြီး၊ SATA ရဲ့ အစောဆုံး pin က 3rd ကနေစတာပေါ့။ အဲဒီတော့ အစက SATA နဲ့ တင်ထားပြီးမှ IDE ထိုးရင်တော့ IDE မှာ winodws သွားရှာမယ်လေ။ မတွေ့တော့ ပြဿနာ တက်တာပဲ။ HDD နှစ်လုံးတွဲသုံးဖို့အတွက် Master နဲ့ Slave ကို jumper နဲ့ သတ်မှတ်ပေးရပါတယ်။ မိမိ windows တင်ထားတဲ့ HDD ကို Master အဖြစ် Jump ထားပေးပြီး၊ ကျန်တာကို Slave ထားပေးလိုက်ပါ။ (HDD ရဲ့ cover မှာ ပုံနဲ့ပြထားပါတယ်)
၂။ … nyi2aung: Deepfreeze ကို window format မလုပ်ပဲ ဖြုတ်ချချင်တာ။ ဘယ်လိုလုပ်ရမလဲ ကျေူးဇူးပြုပြိး ပြောပြေပေးပါလား

Answer : Download Mediafire (or)ifile အဲဒီမှာ ဆော့ဝဲရော သုံးနည်း၊ ဖြုတ်နည်း မြန်မာလို ebook ပါ ပါတယ်။ သူငယ်ချင်းတစ်ယောက် လိုချင်တယ်ဆိုလို့ ရှာပြီးပို့ပေးဘူးတာပါ။ စာအုပ်မှာ နာမည်မရေးထားတော့ ဘယ်သူ့ credit ပေးရမှန်းမသိဘူး။ ဒီကပဲ ကျေးဇူးတင်လိုက်ပါတယ်။ (မသုံးဘူးသေးတဲ့ သူတွေ အတွက်က … ဒီဆော့ဝဲကို ဆိုင်ဘာတွေမှာ အသုံးများပါတယ်။ အသုံးပြုသူက ဘာပဲ လုပ်သွား၊ လုပ်သွား restart ချလိုက်တာနဲ့ မူရင်းအတိုင်း အကုန်ပြန်ဖြစ်ပါတယ်)
၃။ … James: အကို rar ဖိုင် password ပေးထားတာကိုကျော်ချင်တာ ဘယ်လိုလုပ်ရမလဲ

Answer : အဲဒါနဲ့ ပါတ်သတ်ပြီး password recovery တွေတော့ များကြီး ရှိပါတယ်။ ကျနော် စမ်းသပ်မိသလောက် ရေးထားတဲ့ ပို့လေးကိုဒီမှာပြန်ဖတ်ကြည့်လိုက်ပါဦး။

၎။ … ကဗျာ : Sub Domain မပါတဲ့ free web hosting sites (or) blog sites သိချင်လို့ပါ.

Answer : အင်း … ရှိပါတယ်။ freehostia တို့ byhost တို့လိုမျိုးပေါ့။ အဲဒါတွေသုံးပြီး wordpress နဲ့ ရေးတဲ့နည်းကို myanmar wordpress က ရေးထားတာရှိတယ်။ ဒီမှာ ရှာဖွေ လေ့လာကြည့်ပါဦး။
၅။ … zinmyo : စီဒီကို ကွန်ပျူတာမှာ ကူးလို့မရအောင် ဘယ်လိုဆော့ဝဲလ်နဲ့လုပ်တယ်ဆိုတာလေး သိချင်လို့ပါ။ ဖြစ်နိုင်ရင် အကြောင်းပြန်ပေးပါကွာ။

Answer : လုံးဝ ကူးမရဖို့အတွက် မြန်မာနိုင်ငံ ဗီဒီယို အဖွဲ့အစည်းနဲ့ အနုပညာ အသိုင်းအ၀ိုင်း တစ်ရပ်လုံးကကို လိုချင်နေတာပါ။ ဆော့ဝဲမျိုးစုံ ပညာရှင် မျိုးစုံနဲ့ ကြိုးစားခဲ့ပြီးပါပြီ။ ကျနော်သိသလောက်တော့ unlocked မလုပ်နိုင်ခဲ့တဲ့ ဗီစီဒီ မရှိသေးဘူး။ rip လောက်နဲ့ ဆိုရင်တော့ ကွန်ပျူတာ စသုံးခါစ လူတွေ မကူးတတ်ဘူးပေါ့။jet audio နဲ့ အခြား movie player အတော်များများက rip လုပ်ပြီး ခွေ burn လို့ရပါတယ်။
၆။ … နေသစ်: ဖုံးသံ Ringtone Maker ဆော့ဖ်ဝဲလ် မရနိုင်ဘူးလားဗျို့

Answer : ကိုယ့်ဘာသာ အသံတွေ ဖန်တီးပြီး တီးချင်တာဆိုရင်တော့ vitural DJ တို့ Fruity loop တို့နဲ့ လုပ်နိုင်ပါတယ်။ နည်းနည်းတော့ ခက်တယ်။ (Jme တောင်ပြောတယ်လေ fruity loop နားလည်ရင် Rapper ဖြစ်ပြီလို့ ;P )။ ရှိပြီးသား တီးလုံးလေးတွေကို မိမိကြိုက်တာ ဖြတ်တောက်ပြီး သုံးဖို့ ဆက်ဖို့လောက်တော့ ကျနော် ရေးခဲ့ပေးခဲ့တာ ရှိတယ်။ ဒါလေးပြန်ကြည့်ပေးပါဦး။
၇။ … ဒဏ္ဍာရီ: သံလုံငယ်ရေ. … blog FavIcon တင်ချင်လို့. Google မှာ hosting မရလို့

Answer : ဟုတ်ပါတယ်။ အရင်က google sites က icon နဲ့ css လောက်တော့ ပေးတင်သေးတယ်။ နောက်ပိုင်းကျ direct link နဲ့ မပေးတော့ဘူး။ အဲမှာ ဘာမှ လုပ်မရဘူးဖြစ်သွားတယ်။ icon နဲ့ အခြားဖိုင်တွေကို direct link ရနိုင်တဲ့ hosting တွေအကြောင်းဒီမှာရေးခဲ့ဘူးပါတယ်။ ဒါမှမဟုတ် jpg ဖိုင် ကိုပဲ သုံးလိုက်ရင် ဘယ် image hosting ကပဲ ဖြစ်ဖြစ်ရပါတယ်။ ကျနော်ဆို gif ကို သုံးထားတာပါ။ www.picoodle.com ကနေ တင်ပြီးတော့ပေါ့။
၈။ … thwinhtoosan: vista မှာ file location ကိုဖွင့်လိုက်ရင် cmd ထဲရောက်သွားတယ် အဲဒါဘယ်လိုလုပ်ရမှာလဲ ပြောပြပါဦး

Answer : Vista – Broken “Open File Location” အဲဒီမှာပဲ ဖတ်ပြီး လုပ်ကြည့်လိုက်ပါ။ အသေးစိတ် ရှင်းရင် ပို့စ်တစ်ခုအနေနဲ့ တင်မှကို ရမှာဖြစ်ပါတယ်။ ကျနော်လည်း မဖြစ်ဘူးသေးတဲ့အတွက် စာတွေချည်းပဲ မရေးချင်သေးလို့ပါ။ ကိုယ်တိုင်ပဲ ဖတ်ပြီး စမ်းကြည့်ပါ။
၉။ … nga htoo: အကို ရေ USB thief က mp3 နဲ့ ကောသုံးလို့ရလား?

Answer : ရပါတယ်။ mp3 stick မှာ အခြားဖိုင်တွေနဲ့ တွေ အားလုံးကို folder တွေနဲ့ ထည့်ထားပြီး အပြင်မှာ USB thief ရဲ့ လိုအပ်တာတွေပဲ ထားပေးလိုက်ရင် ရပါတယ်။ မဟုတ်ပဲ သီချင်းတွေ ဓါတ်ပုံတွေ အပြင်မှာ ရှိနေခဲ့ရင် ကွန်ပျူတာက player နဲ့ ဖွင့်မလား? image viewer နဲ့ ဖွင့်မလားလို့ မေးလာမှာပါ။ အဲဒါတွေနဲ့ ဖွင့်လိုက်ရင် USB thief အလုပ် မလုက်လိုက်ရ ဖြစ်သွားပါမယ်။
၁၀။ … ကျော်: webs ရေးနည်းစာအုပ်လေးလိုချင်ပါတယ်ကူညီပါ

Answer : အင်း … ပြောရတော့ ခတ်သား အစ်ကိုရေ။ web building ဆိုရင်တော့ ဖတ်ရမယ့် စာအုပ်တွေ အများကြီးပဲလေ။ blog လုပ်ရုံလောက်ဆိုရင်တော့ ရေးထားကြတာတွေ အများကြီး။ အကောင်းဆုံးကတော့ HTML, XML, CSS နဲ့ JavaScript တွေ လေ့လာပေါ့
၁၁။ … hhk: ကျနော့်စက်မှာ အစ်ကို့ လင့်ခ်ကိုဖွင့်တာ image not found တွေ ဖြစ်နေတယ် အဲဒါဘာလို့လဲ မသိဘူးဗျ

Answer : ဟုတ်ကဲ့ … အဲဒီ ကိစ္စနဲ့ ပါတ်သတ်ပြီး အများကြီး ပြောချင်ပါတယ်။ အချို့သော အရင်ပို့စ် အနည်းငယ်က ပုံတွေက Banwidth ကြောင့် ခဏမပေါ်နိုင်တာတွေ ရှိပါတယ်။ free သုံးထားတာကိုး။ အခုတင်တဲ့ပို့စ်ကပုံ အခုမမြင်ရတာ၊ အကုန်လုံး မမြင်ရတာဆိုရင်တော့ ban ခံထားရတာပဲ ဖြစ်မှာပါ။ မြန်မာက တွေ့သမျှ တော်တော်များများကို ဘန်းတာကိုး။ ကျနော့်အတွက် ဒီ image hosting က အဆင် အပြေဆုံးပါပဲ။ ပိုက်ဆံစိုက်ပြီးလဲ မ၀ယ်နိုင်သေးဘူးလေ။ အဲဒီတော့ မမြင်ရတဲ့လူများ ရှိခဲ့ရင် ဘန်းကျော်ပြီးသာ ကြည့်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ အထူးကျေးဇူးတင်ပါတယ်။
၁၂။ … ကျော်: soft wareကောင်းကောင်းလေးတွေလိုချင်တယ်

Answer : ကျနော်က မကောင်းတာတွေချည်းပဲ တင်ထားခဲ့တာ ခင်ဗျ။ ဟိဟိ .. နောက်တာပါ။ ကျနော်က တွေ့သမျှ ထွက်သမျှ software လျှောက်တင်ပေးခဲ့တာ မရှိပါဘူး။ တကယ်တမ်း အသုံးဝင်တဲ့ ဆော့ဝဲကို အသုံးပြုနိုင်ပုံတွေ ပြောပြပြီးမှ ပေးခဲ့တာပါ။ နောက်တစ်ခုကိုလည်း သူ့ထက် အားသာချက်တွေ မရှိပဲ မပေးပါဘူး။ ဥပမာ burning software ပဲ ထားပါတော့။ nero ထက် ကောင်းတာမတွေ့မချင်း သူ့ကိုပဲ တင်ပေးခဲ့တာပါ။ burnaware ကို ကြိုက်မိတော့ nero ထက် သာတာတွေ မျိုးစုံကို ရှင်းပြပြီးမှပဲ ထပ်ပြောင်းပေးတာပါ။ IDM ဆိုလည်း သူ့ထက်သာတာမတွေ့သေးလို့ သူဘယ်လောက် version ပြောင်းပြောင်း အဆင်ပြေအောင် လိုက်တင်ပေးခဲ့ပါတယ်။ အဲဒါကြောင့် ပြောချင်တာက ကျနော် တွေ့ကရာ software ကို Share မပေးခဲ့ပါဘူးလို့ ….
၁၃။ … daweithar: အကိုသံလုံငယ်ခင်ဗျ။ ညီ blogger မှာဆိုက်တခုလုပ်ထားပါတယ် ဒါဗေမဲ့ကျော်ပီးဝင်ရတာ ဆင်မပြေဘူးဖြစ်နေတယ်။ ဘာနဲ့ကျော်ပီးဝင်ရမလဲ

Answer : ကျနော် သုံးမိသလောက် ဘန်းကျော်တဲ့ကောင် တွေထဲမှာ အကြိုက်ဆုံးက Hotspot Shield ဖြစ်ပါတယ်။ software ကို run ပြီး သုံးချင်တဲ့ အချိန် connect ပေးရုံပါပဲ။ အတက်အကျမြန်တဲ့ ကျနော့် ကျောင်းက VPN internet ကိုတောင် မကျအောင် ထိန်းသွားနိုင်ပါတယ်။ အဲဒီအတွက် ဖုန်းဆက်ချင်ရင် ခေါ်ထားတာ ကျမသွားဖို့အတွက် ဒါကိုသုံပါတယ်။ နည်းနည်းလေး လေးသွားပေမယ့် သုံးလို့ကောင်းပါတယ်။ US ip နဲ့ပဲ ဖြစ်လို့ ၀င်မရတဲ့နေရာ မရှိတော့ပါဘူး။ ip တွေ port တွေလည်း ရှာထည့်ပေးနေစရာမလိုပါဘူး။ တော်တော်ကောင်းပါတယ်။ ဒီမှာ ဒေါင်းပြီး စမ်းနိုင်ပါတယ်။
၁၄။ … Neo: ကျွန်တော် laptop တစ်လုံး ၀ယ်ချင်တာ ဘာဝယ်ရမလဲ။ ဂိမ်း တွေရယ် တခြား software တွေပါသုံးဖို့ပါ။ ကျောင်းသားပါ။ ဓါတ်ပုံတွေကို ဘယ်မှာ ကြည်အောင်လုပ်လို့ရမလဲ

Answer : မေးခွန်းက နှစ်ခုလား ခင်ဗျ။ ကွန်ပျူတာတစ်လုံး ဘယ်လို ၀ယ်မလဲဆိုတာက အများကြီး ပြောရမှာပါ။ လာမယ့် ၃၀ ရက်နေ့က စပြီး ကျနော်ရေးပေးမှာပါ။ ဓါတ်ပုံကို ကြည်အောင် လုပ်ချင်တယ်ဆိုတာကို မရှင်းပါဘူး။ အစထဲက resolution quanlity မကောင်းတဲ့ ပုံကို အရမ်းကြီး မပြင်ပေးနိုင်ပါဘူး။ ကြည့်ကောင်းရုံလောက်ပဲ လုပ်နိုင်တာပါ။ ဥပမာ – (သာမာန်)ဖုန်းနဲ့ ရိုက်တဲ့ပုံကို ဓါတ်ပုံထုတ်နိုင်တဲ့ quanlity လောက်တော့ မရနိုင်ပါဘူး)
၁၅။ … ကိုဗစ်ဗစ်: အစ်ကို ning.com မှာ flash animation တွေထည့်ချင်ရင်ဘယ်လိုထည့်ရမလဲဗျာ။ လုပ်ပြီးသား ning site တစ်ခုကိုလည်း နောက်ခံပုံ နှင်းကျတာလေးတွေ၊ မိုးရွာနေတဲ့ပုံလေးတွေ ထည့်ချင်ပါတယ်။ကူညီပါ။

Answer : ning နဲ့ အခြားသော web တွေအတွက် flash ထည့်ဖို့က ဒီမှာရေးထားပါတယ်။ အဲဒီ falsh ထဲမှာပဲ နှင်းကျ မိုးကျ ချင်တာက မိမိ ဖန်တီးတဲ့ flash ပေါ်မူတည်ပါတယ်။ easy making တွေ အများကြီးရှိပါတယ်။ Flash Intro and Banner Maker က အတော်လွယ်ပါတယ်။ ဒီမှာ အဲလို ဆော့ဝဲတွေ အများကြီး ပါ။
၁၆။ … ကိုရဲ: g mail မှာ မြန်မာစာ မပေါ်လို့ပါ။ ဖောင့်တွေလည်း အားလုံးပြောင်းပြီးပြီ။ ဘယ်လိုလုပ်ရမလဲ

Answer : gmail ရဲ့ ဖောင့်က browser နဲ့ပဲ ဆိုင်ပါတယ်။ firefox ကိုသုံးပြီး ဒီမှာ ရေးထားသလို ပြောင်းကြည့်လိုက်ပါ။
၁၇။ … minmawsoe: ကိုသံလုံwin 7 x86 ဖိုင်တွေ ဒေါင်းပြီး ဘာနဲ့ ဘမ်းပြီးအခွေလုပ်ရမှာလည်း

Answer : ကျနော်က iso ဖိုင်ကို rar နဲ့ အပိုင်းလေးတွေ ခွဲပြီး တင်ပေးထားတာပါ။ rar နဲ့ part 1 ကို ဇစ်ဖြည်လိုက်တာနဲ့ အားလုံးပြန်ပေါင်းသွားပြီး iso ဖိုင် တစ်ခု ပြန်ရပါလိမ့်မယ်။ iso burning freeware တွေ အများကြီး ရှိပါတယ်။burn ဖို့ နည်းလမ်းကို ဒီမှာရေးခဲ့ဘူးပါတယ်။
၁၈။ … lwinminkhant: ကျနော့်stick(2G)လေးအတွက် low lebal fomat software နဲ့ key လေးရှိရင် ပြောပြပေးပါလား

Answer :ဒီမှာ ဖတ်ကြည့်လိုက်ပါ။ thanks to ByTeZ
၁၉။ … ဇော်ဇော်: photoshop cs2 စာအုပ် တစ်အုပ်လောက် မြန်မာလို့ဖြစ်စေ။ အင်္ဂလိပ်လို့ဇြစ်စေ တစ်အုပ်လောကိလိုချင်ပါတယ်

အလင်းဆော်: ကျွန်တော် photo shop cs2 မြန်မာလို e-book လေးလိုချင်လို့ပါ..
Answer : Download Photoshop CS2 Ebooks Mediafire (or)ifile အရည်အသွေးတော့ သိပ်မကောင်းဘူး။ ဘယ်သူ့စာအုပ်လဲ လည်း မသိဘူး။ ပုံနှိပ်ထုတ်ဝေထားတဲ့ စာအုပ်ကို scan ဖတ်ထားတယ်လို့ ထင်ပါတယ်။ ကျနော်တော့ ဒါလေးပဲတွေ့တယ်။ နောက်မှာပဲ photoshop ebook တွေ စုပြီး ပို့စ်တစ်ခု တင်ပေးပါ့မယ်။
၂၀။ … မောင်မောင်ထွေး: Periodic tableကို အခု Download လုပ်ချင်တယ် ရနိုင်မလားလို့ပါ ကျေးဇူးတင်ပါတယ်

Answer : ကျနော် ကြိုးစားသွားမှာပါ။ programming တစ်မျိုးနဲ့ offline သုံး လို့ အဆင်ပြေအောင် ။ ခဏလောက် စောင့်ပေးပါဦးခင်ဗျာ ကျေးဇူးတင်ပါတယ်။
၂၁။ … မေသူ: ကိုသံလုံရေ တစ်ခုမေးချင်လို့ပါ။ ကိုယ်ဝယ်တဲ့ အင်တာနက်အမြန်နှုန်း အပြည့်ရ မရ သိနိုင်တဲ့ စစ်ဆေးနည်းလေးများ ရှိခဲ့ရင် မျှဝေပေးပါနော်

Answer … ရေးခဲ့ပြီးပါပြီ။ speedtest.net
အဲဒီမှာ သွားစမ်းကြည့်လိုက်ပါ။ နောက်တစ်ခုလည်းရှိပါသေးတယ်။
www.speakeasy.net
၂၂။ … ဆိုးပေ: အကို ဖိုင်တစ်ခု/ဖိုဒါတစ်ခုဖွင့်လိုက်ရင် တစ်ခုမကပဲပွားလာတယ် virus ကိုက်တာလားတစ်ခုခုဖြစ်နေတာလား ကူညီပါအုံးအကို

Answer … ဗိုင်းရပ်နဲ့ ပါတ်သတ်ပြီး ကျနော် ခဏခဏ ပြောပါတယ်။ မထိတွေ့ဘူးပဲနဲ့ ဘယ်လိုလုပ်ရမယ်ဆိုတာ မပြောနိုင်ပါဘူး။ သေချာကြည့် တစ်ခုချင်း စစ်ဆေးပြီးမှသာ မှန်းဆနိုင်တာပါ။ အဲဒီအတွက် ဗိုင်းရပ်ဆိုတာ သေချာတယ်ဆိုရင်တောင် အဲဒီကောင်ကို ကျနော့်ဆီပို့ပေးမှပဲ ဘယ်လို ရှင်းရမယ်ဆိုတာ ပြောပြကောင်း ပြောပြနိုင်မှာပါ။
၂၃။ … ခရမ်းရောင်လေး: IDM ရဲ့ keygen ကိုဒေါင်းတာ Antivirus ကြောင့် ဒေါင်းလို့ မရဘူး။ notepad နဲ့ name နဲ့ key လေးကို ရေးပြီး mail နဲ့ ပို့ပေးလို့ ရလားဟင်? ရရင် တစ်ချက်လောက် ပို့ပေးပါ။ IDM install လုပ်ရင်း ပထမတော့ အဆင်ပြေတယ်။ ပြီးခါနီးလည်းကျရော RegKey ကိုရှာလို့မတွေ့လို့။ ဘယ်လိုလုပ်ရမလဲဟင်? :D

Answer … IDM ကို ကျနော်ပေးခဲ့တာ path နဲ့ သုံးတာရယ်၊ reg ဖိုင်ကို crack နဲ့ တွဲသုံးတာရယ်ပဲ ပေးခဲ့တာပါ။ path သုံးနည်းကိုလည်း ရေးပြပြီးဖြစ်သလို crack နဲ့ reg သုံးတာလည်း ရေးပြပြီးပါပြီ။ Avira လို Anti-Virus က idm path ကို ဖွင့်ခွင့်မပေးပါဘူး။ save mood နဲ့ တက်ပြီး path လုပ်လို့ ရနိုင်သလို၊ အရင်ဆုံး ပေးခဲ့တဲ့ idm က crack နဲ့ reg ကို သုံးပြီးတော့လည်း ဖြေရှင်းနိုင်ပါတယ်။ IDM ခေါင်းစဉ်ကို နှိပ်ပြီး ပထမဆုံး ပို့စ်က ဒေါင်းလိုက်ပါ။
၂၄။ … aunglin: ကိုသံငယ်ရေ ကျွန်တော် ကွန်ပျူတာမှာ အလုပ် လုပ်ရင်း ရပ်သွားပြီး restart ပြန်ဖြစ်ခဏ ခဏဖြစ်နေတယ် ။ဲဒါဘာဖြစ်လို့လဲဆိုတာ ကျေးဇူးပြူပြီး ပြောပေးပါ

Answer … အဲဒါမျိုးဆိုရင် ဖြစ်နိုင်ခြေတွေက အများကြီးပါ။ BSOD ပေါ်မပေါ်ဆိုတာလည်း လိုအပ်ပါတယ်။ တခြား ဘာတွေ ဖြစ်သေးလဲဆိုတာနဲ့ ဘာဖွင့်တဲ့အချိန်မှာ ကျတတ်တာလည်း အပြည့်အစုံပြောပေးမှသာ ပြန်ဖြေလို့ နည်းနည်း နီးစပ်နိုင်မှာပါ။
၂၅။ … htunkyawwin: ကိုသံလုံငယ်ခင်ဗျာ။ ၀င်းဒိုးတင်နည်းလေးကို ပို့ပေးစေချင်ပါတယ်။ဝင်ဒိုးမတင်တက်လို့ပါ

Answer … ဟုတ်ကဲ့ ရေးသွားပေးမှာပါ။ အင်္ဂလိပ်လို ရေးထားတာကိုတော့ ဒီမှာဖတ်နိင်ပါတယ်။ ဆရာမျိုးသူရ ရေးတဲ့ A+ စာအုပ်ရှိတယ်ဆိုရင်တော့ စာမျက်နှာ ၂၄၅ လောက်မှာ ထင်တယ်။ ၀င်းဒိုးတင်နည်း ရေးထားပါတယ်။ XP SP2 အတွက်ပါ။
၂၆။ … Ah chai: ညီလေးစက်က မှတ်ထားလို့လား နောက်ထပ်ပြန်သွင်းလို့မရတာ ..စက်ထဲက အရင် အဟောင်းကို ဘယ်လိုရှင်းထုတ်ရမလဲ ဒါမှ မဟုတ် ရက်ကုန်ပြီးသား ဖိုင်ကို ပြန်ပြီး install လုပ်လို့ရအောင် ဘယ်လိုပြင်ရမယ်ဆိုတာ သင်ပေးပါအုံးအကို
Ah chai: ပြီးတော့ ညီလေးစက်ထဲကို trial version တွေကို ဒေါင်းပြီး install လုပ်သုံးပါတယ်..ရက်ကုန်သွားရင် နောက်ထပ်ပြန်သုံးဖို့ ထပ်ပြီး install လုပ်တဲ့ အခါ လည်း ရက်ကုန်နေတာကိုတွေ့ ရတယ် အဲဒီဖိုင်ကို ညီလေး စက်က
၂၇။ … Ah chai: အကိုကြီးရေ . internet သုံးတဲ့ ကွန်ပြူတာတွေကို ကောင်တာကနေ အချိန်စေ့ ရင် အော်တို နက်လိုင်း ပိတ်သွားအောင် လုပ်တာ ဘယ်လိုလုပ်ရတာပါလဲ ..ဘယ်လိုထိန်းထားတယ်ဆိုတာ သိအောင် ရှင်းပြပေးပါအုံး ..

Answer … မေးချလိုက်တာ ဘယ်က စဖြေရမှန်းတောင် မသိတော့ဘူး။ trail version ကို windows က မှတ်မိနေအောင် လုပ်ထားတဲ့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ သူ့ဆော့ဝဲကို သုံးပြီး ရက်ပြည့်မပြည့်သိဖို့အတွက် ဖိုင်တစ်ခုကို ၀င်းဒိုးရဲ့ တစ်နေရာမှာ သိမ်းထားလိုက်ပါတယ်။ trail ရဲ့ software အလုပ်စလုပ်တဲ့ exe က အဲဒီဖိုင်ကိုရှာပြီး သွားသွားစစ်ပါတယ်။ exe (crack) ထည့်ပေးပြီး full version ဖြစ်စေတဲ့ software တွေရှိသလို၊ path သုံးပြီး exe ကို ပြင်ပေးတာတွေလည်း ရှိပါတယ်။ တစ်ခု နဲ့ တစ်ခု မတူပါဘူး။ အတတ်နိုင်ဆုံး လုံခြုံအောင် ကြိုးစားကြပါတယ်။ အဲဒါက သူ့စီးပွါးရေးကိုးဗျ။ အင်တာနက်က သူပေးထားတဲ့လိုင်း သူပိတ်တာပဲဗျာ … မီးဖြတ်သလိုပဲပေါ့ ။ နားလည်မှာပါ ..
၂၈။ … lagoneainmyanmar: ပါဝါ ပွှိုင့်သုံးနည်းသိချင်လို့ ပါ အကို

Answer … မြန်မာနိုင်ငံမှာ ရှိနေတာဆိုရင်တော့ စာအုပ်တွေ အများကြီးရှိပါတယ်။ သိပ်တော့မခတ်ဘူးဗျ။ ပုံတွေထည့် စာတွေထည့် transform အတွက် စတိုင်တွေရွေး ဒီလောက်ပဲလေ။ လျှောက်ကလိရင် တတ်ပါတယ်။
၂၉။ … ချစ်ကြီး: ကိုသံလုံရေ..LAN အကြောင်းလေး ရေးပေးပါလား။အခြေခံ ကစလို့ပေါ့။

Answer … ဒီမှာ ဆရာဇော်လင်းရဲ့ networking-essentials စာအုပ်ပါ။ အဆင်ပြေတဲ့ နည်းလမ်းတွေနဲ့ ၀ယ်ယူဖတ်ရှူနိုင်ပါတယ်။ သူကိုယ်တိုင် website ထောင်ပြီး သူ့လက်ရာစာအုပ်တွေ ရောင်းချနေတဲ့အတွက် ကျနော့်မှာ ရှိနေရင်တောင် free share မပေးရဲဘူး။ နားလည်မယ်ထင်ပါတယ်။
၃၀။ … heaven: photoshop နဲ့ပတ်သတ်တဲ့သုံလို့ရသမျှ short cut တွေအားလုံးကိုသိချင်ပါတယ် …heavensagawa@gmail.com ကိုကျေးဇူးပြုပြီးပို့ပေးပါနော် …အကိုသံလုံငယ် ……ကျေးဇူးအရမ်းတင်ပါတယ် ………

Answer … ဒီမှာ version အားလုံးအတွက် windows & Mac ကိုပါ ခွဲပြီး ပြောပေးထားတဲ့ shortcut ebook တွေပါ။ ကြည့်ကြည့်ပါဦး …
၃၁။ … မဟာစိန်: ကျေးဇူးပြုပြီးပြန်ပေးပါ။ အရင် သံလုံငယ်ဆီက အီးမေးလာရင် မြန်မာစာ ကိုဒီတိုင်းဖတ်လို့ရတယ်။ အင်တာနက်အိပ်စ်ပလို၇ာမှာ။ အခုလေးထောင့်အကွက်တွေဖြစ်နေတယ်။ ဘာသွားပြီးပြင်မိသလဲမသိဖူး။ ကူညီပါဦး

Answer … လွယ်ပါတယ်။ နောက်ပိုင်း zawgyi installer တွေ သုံးရင် သူ့ဘာသာ လုပ်ဆောင်ပေးပါတယ်။ မသိသေးရင် ဒီမှာရေးထားတာ ဖတ်ကြည့်လိုက်ပါ။ ကျနော် အချိန်ပိုမြန်သွားစေချင်လို့ သူများရေးထားတာပဲ ရှာပေးလိုက်ပါတယ်။ ကျေးဇူး … ကိုအောင်မျိုးထွန်း
၃၂။ … စာချစ်သူ: ညီလေး ဆိုက်မှာ ပို့စ်ခေါက်တာ အဆင်မပြေလို့ပါ။ အစ်ကိုလုပ်တဲ့အတိုင်းလုပ်တာပဲ အဆင်မပြေဘူး။ ကူညီပါဦးပါ အစ်ကို…
HELP: older and newer post ကိုလုပ်ကြည့်တာ xml error တက်နေတယ်ဗျ src error တဲ့ ဘာလဲတော့မသိဘူး။ ပြီးတော့ data:homeMsg လည်း ကျနော့် template မှာ ရှာလို့မရဘူး ဘယ်လိုလုပ်ရမလဲခင်ဗျာ..ကျေးဇူးပြု၍ ဖြေပေးပါအုံး

Answer … ဒီမှာ read more ကို အလွယ်တကူ လုပ်နိုင်အောင် ရေးထားပါတယ်။ blogger ရဲ့ feature အသစ်ပါ။
၃၃။ … ကောင်းသန့်စင်: နံပါတ်1 ပြဿနာက ဘလော့ကို မော်ဇီလာလိပ်စာဘားကနေ ခေါ်လိုက်ရင် ဘလော့ကို တိုက်ရိုက်မရာက်ဘူးဗျာ.. နံပါတ်2 ပြဿနာက အစ်ကိုဘလော့က တန်းပလိတ်ကိုယူထားတာ လှတော့လှတယ် ဒါပေမယ့် မိမိကြိုက်ရာပြောင်း ဆိုတာတွေ ဘယ်လိုပြောင်းရလဲ..။

Answer … Address bar နေရာမှာ Search bar ရောက်သွားလို့ ဖြစ်နိုင်ပါတယ်။ toolbar icon တွေ နားမှာ right click ထောက်ပြီး customize ကိုနှိပ်ပြီး။ location ဆိုတဲ့အကွက်ကို ပြန်ထည့်ပေးလိုက်ကြည့်ပါ။ သင်ကြိုက်ရာပြောင်း ဆိုတာတွေအတွက် Edit Html မှာ /li လို့ ctrl+f နဲ့ရှာ။ လင့်နေရာမှာ မိမိချိတ်ချင်တာကိုထည့်။ သင်ကြိုက်ရာပြောင်းဆိုတာကို နာမည်တစ်ခုခုရေးပေါ့။
၃၄။ … ခရမ်းရောင်လေး: Style XP 2008 ကို ကျေးဇူးပြုပြီး mediafire မှာတင်ပေးပါလား။ ZShare မှာတင်ထားတာကို ဒေါင်းလို့မရလို့ :D

Answer … ပြန်တင်ထားပေးပြီးပါပြီ။
၃၅။ … ရာဇာနောင်: ကိုသံလုံငယ်ရေကျေးဇုးနော် ကျွန်တော်ကို kasper 2010 update လုပ်တာလေး သိချင်လို့ ပါ 2007 ကိုပဲ လုပ်တတ်တယ် 2010 ကို manual မလုပ်တတ်ဘူး ဗျာ အဲဒါလေး ကို ပြန်ပြီးပြော ပြပေးပါနော်yznnaung@gmail.com

Answer … ဒီမှာ ရေးထားပါတယ်။ ဖတ်ကြည့်လိုက်ပါဗျာ …
၃၆။ … ပြန်ဖြေမလို့ ရေးထားပြီးမှ အကြောင်းမျိုးစုံနဲ့ နောက်ကျပြီး အခုအချိန်ထိ ရောက်သွားပါတယ်။ မေးတဲ့လူတွေအတွက် ဖြေရှင်းပြီးသွားတာမျိုးတောင် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အလားတူ ကြုံတွေ့ရတဲ့သူတွေအတွက်ရော ပြဿနာလေးတွေ စိတ်ဝင်စားသူတွေအတွက်ပါ ရေးပေးလိုက်ပါတယ်။ အားလုံး ကျေနပ်ပေးနိုင်ကြမယ်ထင်ပါတယ်။ လိုအပ်ချက်များရှိရင် ပြောကြားနိုင်ပါတယ်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်