www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

The BLUE SCREEN Of DEALTH In 3 Keystrokes

အခုအကြောင်းအရာလေးကတော့ BSOD အဆက်ပေါ့။ တရုတ်ကားတွေလိုလေ... ကိုကောင်လေး ကအနော့်ကို  BSOD ဖြေရှင်းနည်းလေးကို အကျယ်တ၀င့် ဖော်ပြပေးပါ ဆိုပြီး အကြံပြုထားတာလည်း ပါပါတယ်ခင်ဗျာ။

ဒါဆိုရင်ဖြေရှင်းနည်းလေးကတော့ Keyboard ကနေပြီး Keystroke 3 ချက် နှိပ်လိုက်ယုံနဲ့  BSOD ကိုဖြေရှင်းနိုင်မဲ့ နည်းလေးပါခင်ဗျာ။
ခက်တာက ကိုယ်စက်မှာ Blue Screen Error ကြီးတက်လာရင် Keyboard ကနေ ဘာမှ နှိပ်လို့ မရတာကို ကြုံဖူးသူတိုင်းသိကြမှာပါ ခင်ဗျာ။ အဲဒါကို နှိပ်လို့ ရနိုင်ဖို့  အတွက်ကတော့ ဒီလို Blue Screen Error မကျခင်ကတည်းက ကြိုတင်ပြင်စင် ထားဖို့ လိုပါသည်။ ဒါဆိုရင် မိမိစက်ရဲ့ registry ထဲကို ၀င်ဖို့ အတွက် start>>run box ထဲမှာ regedit လို့ ရိုက်ပြီး Enter ခေါက်လိုက်ဗျာ။ ပြီးလျှင် ဒီလိုပြင်>>>
USB Keyboard
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\kbdhid\Parameters
PS/2 Keyboard
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\i8042prt\Parameters
အခုဖော်ပြထားတဲ့ နေရာတွေကိုရောက်ပြီဆိုမှ  DWORD key တခုစီကိုဖန်တီးပေးပါ။ လွတ်တဲ့ နေရာမှာ Right Click နှိပ် New >> DWORD Value ကိုရွေးပါ။ ပြီးလျှင် DWORD File Name ကို CrashOnCtrlScroll လို့ ပေးပါ။ Value ကို ( 1 ) ပြောင်းပေးပါ။ ဖန်တီးချက်တွေအကျိုးသက်ရောက်မှုရှိဖို့ အတွက် စက်ကို Restart ချပါ။ အခုကျွန်တော်ရှင်းပြသလိုမျိုးသာ ကြိုတင်ပြင်စင်ထားမယ်ဆိုရင်ဖြင့် Blue Screen Error ကျလာပြီဆိုပါက ( Hold down Right Ctrl and hit Scroll Lock twice ) ညာဘက်မှာ ရှိတဲ့  Ctrl key ကိုဖိထားပြီး Scroll Lock key ကို နှစ်ချက်နှိပ်လိုက်ပါခင်ဗျာ။ အခုလို Key လေး သုံးချက်ကိုအသုံးပြုပြီးတော့ Blue Screen Error ကိုဖြေရှင်းကြည့်လိုက်ပါအုန်း မိတ်ဆွေတို့ ...

ရေးသားသူ -  ကိုညီ

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်