www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

XP TCP/IP Repair V.2.0

Network နဲ့ဆိုင်တယ့် Software တစ်ခုကို ဝေမျှချင်ပါတယ်။ တစ်ခါတုန်းက ကျွန်တော့ရုံးမှာ ရှိတယ့် Computer တစ်လုံး က နေပြီးတော့ Network Services တွေဖြစ်တယ့် File တွေ Share ပေးတာ/ယူသုံးတာ၊ Printer တွေကို Share ပေးတာ/ယူသုံးတာ၊ Internet အသုံးပြုတာတွေကို သုံးလို့ ရနေပြီးတော့ အဲ့ဒီ Computer မှာ E-Mail ဆွဲချတော့မှ Error လာပြနေတာမျိုးဖြစ်တယ် စဉ်းစားကြည့်တော့ E-Mail Services ဆိုတာက TCP/IP Protocol ထဲ က Socket (Port) နံပါတ် 110 နဲ့ 25 ကိုယူသုံးထားတာ ကိုသွား သတိရတယ်။
အဲ့ဒီ Ports ၂ ခု ကိုဘယ်လို Reset လုပ်ဖို့ ကြိုးစားကြည့်လိုက်တာ တစ်ရက်မဟုတ်ပဲ နှစ်ရက်လောက် အချိန်ကုန်သွားတယ် ဘယ်လိုမှလုပ်လို့ မရတော့ တယ့် အဆုံး Computer ကို Format ချဖို့ စိတ်ကူးလိုက်တယ်။ သေချာစဉ်းစားကြည့်တော့ Format ချရတာ မတန်ဘူးလို့ တွေးမိတယ်။ ဒါနဲ့ Internet ပေါ်တက်ပြီး ရှာလိုက်တာ TCP/IP ရဲ့ Ports တွေကို Reset ချလို့ ရတယ့် Software တစ်ခု သွားတွေ့တယ် ဒါနဲ့ စမ်းကြည့်လိုက်တော့ OK သွားတယ်ဗျ။
ဒါကြောင့်မို့ သူငယ်ချင်းတို့ မှာ အဲ့လိုအခက်အခဲများ ဖြစ်ခဲ့ရင် ဦးနှောက်မခြောက်ရအောင် XP TCP/IP Repair ဆိုတယ့် Software လေးကို ဝေမျှလိုက်ပါတယ်။

Software ကိုအသုံးပြုမယ်ဆိုရင်တော့ Windows XP Services Pack 2 တော့ အနည်းဆုံးလိုတယ်။ TCP/IP Protocol တစ်ခုလုံးကို ReInstall လုပ်ချင်တယ်ဆိုရင်တော့ Reset TCP/IP ကိုနှိပ်လိုက်ပါ၊ ဒါမှမဟုတ်ပဲ TCP/IP တွေရဲ့ Socket တွေကိုပဲ Reset လုပ်ချင်တယ်ဆိုရင်တော့ Repair Winsock ကိုနှိပ်လိုက်ပါ၊ ပြီးရင်တော့ ဒီ Software ကို Close Button ကိုနှိပ်ပြီး ပိတ်လိုက်ပါ။ အဲ့ဒီအခါမှာ Computer ကို Restart လုပ်ဖို့ လိုတယ့် အကြောင်း Message ပြပါလိမ့်မယ် Yest ကို Click နှိပ်ပြီး Computer ကို Restart ချလိုက်တာနဲ့ TCP/IP နဲ့ ပါတ်သက်တယ့် ဘာ Error မှ မရှိတော့တာ ကိုတွေ့ရပါလိမ့်မယ်။
အပြည့်အစုံသိချင်ရင်တော့ XP TCP/IP Repair Official Site ကို သွားကြည့်လို့ရပါတယ်။
အသုံးပြုချင်ရင်တော့ ဒီနေရာက Download လုပ်ယူပါ။


by mandalarnetDownload

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်