www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

Samsung Galaxy Y S5360 ကိုCWMသွင်းပြီး Jelly Bean Custom Rom 4.1.1 သို့ တင်နည်း

ကျနော်အခုပြောပြပေးမှာကတော. Samsung Galaxy Y S5360ကို Custom Romတင်နည်းလေးပဲဖြစ်ပါတယ်။ အရင်ဆုံးRootလုပ်ပြီး CWMသွင်းထားရပါမယ်။ မလုပ်ရသေးဖူးဆိုရင် အောက်မှာလိုက်လုပ်ကြည်.ကြရအောင်ဗျာ။how to root samsung galaxy y young s5360
ပထမဆုံး Root နဲ. CWMသွင်းဖို.အတွက် ဒီ http://www.mediafire.com/?fgwqapi118vzecx zipဖိုင်လေးကိုဒေါင်းလိုက်ပါ။

ဒေါင်းပြီးရင် မိမိဖုန်းကိုSettings > Applications > Development > USB Debugging onပီး PCနဲ.ချိတ်ဆက်လိုက်ပါ။

စောစောကဒေါင်းထားတဲ. Zipဖိုင်လေးကို SD Cardထဲကိုကူးထည်.လိုက်ပါ။

မိမိဖုန်းကို ပိတ်လိုက်ပါ။ Recovery Mode ထဲဝင်ဖို.အတွက် HOME + Volume UP + POWER button သုံးခုစလုံးကိုတပြိုင်နက်တည်းခပ်ကြာကြာလေးဖိနှိပ်ထားလိုက်ပါ။


Recovery Mode ထဲမှာ Volume Buttons တွေကို အထက်အောက်ရွှေ.လျားဖို.အတွက် သုံးပြီး Home Buttonကိုရွေးချယ်ဖို.အတွက်သုံးပါ။

update from SD ဆိုတာကိုရွေးပြီး စောစောကမိမိထည်.ထားတဲ.Zipဖိုင်လေးကိုရွေးချယ် installလုပ်လိုက်ပါ။ ဒါဆို သူ့ဘာသာသူ အလုပ် လုပ်သွားပါလိမ့်မယ်။ ပြီးရင် Reboot System Nowကိုနှိပ်လိုက်ပါ။ Rebootပြန်တက်လာရင် မိမိGalaxy Yလေးဟာ Rootနဲ.CWMသွင်းပြီးသားဖြစ်နေပါလိမ်.မယ်။ 


4.1.1 Custom Rom တင်နည်းလေးကို ကြည်.ကြရအောင်ခင်ဗျာ။


4.1.1 Custom Rom ဒေါင်းလိုက်ပါ။ ဒေါင်းပြီး SD Card ထဲကို ကူးထည်.ထားလိုက်ပါ။

Powerပိတ်လိုက်ပါ။ CWM Recovery ၀င်နိုင်ဖို.အတွက်  power button + Volume up + Home button တပြိုင်နက်တည်း တအောင်.လောက်ကြာအောင်ဖိနှိပ်ထားလိုက်ပါ။

CWM Recovery Mode ထဲမှာ Volume Buttons တွေကို အထက်အောက်ရွှေ.လျားဖို.အတွက် သုံးပြီး Home Buttonကိုရွေးချယ်ဖို.အတွက်သုံးပါ။


install zip from sd card>> choose zip from sd card ကနေစောစောကမိမိထည်.ထားတဲ. Jelly Bean Custom Rom Zip ဖိုင်လေးကိုရွေးချယ်လိုက်ပါ။ သူ.ဘာသာသူRomကို Installလုပ်နေပါပြီ။ပြီးသည်အထိစောင်.လိုက်ပါ။ ပြီးရင် Reboot System Nowကို ထုံးစံအတိုင်းနှိပ်လိုက်ပါ။ Rebootပြန်တက်လာရင်တော. မိမိGalaxy Y S5360လေးကို Jelly Bean 4.1.1 Custom Romတင်လို.ပြီးပါပြီ။
အားလုံးအဆင်ပြေမယ်လို.မျှော်လင်.ပါတယ်။

by  androidfreeapklover

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်