www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

CCProxy Options Configuration

အရင်တစ်ပတ်က CCProxy Installation ကိုတင်ခဲ့ပါတယ် အခုတစ်ပတ်မှာတော့ Option Configuration အကြောင်းကို တင်ပေးသွားပါမယ်။
CCProxy ဆိုတာ က Local Area Network ထဲမှာ Proxy တစ်ခုအနေနဲ့အသုံးပြုရာမှာ အများဆုံးအသုံးပြုပါတယ်။ သူ့ကို LAN ထဲမှာ DNS အနေနဲ့ပါတစ်ပါတည်း တွဲသုံးလို့ရပါတယ်။ CCProxy ကိုသုံးပြီး LAN ကို Internet Connection Share ပေးမယ်ဆိုရင်တော့ Network Card 2 Card ရှိဖို့လိုအပ်ပါတယ်။
CCProxy ကို သုံးပြီး Internet အသုံးပြုတယ့် User တွေကို ကိုယ်ကြိုက်သလို ထိန်းချုပ်လို့ရပါတယ်။ ဥပမာအနေနဲ့ဆိုရင် User တစ်ယောက်ကို တစ်ကြိမ်မှာ Website တစ်ခုထက်ပိုပြီးကြည့်ခွင့်မပေးတာ။ User တွေ Internet အသုံးပြုတယ့် Bandwidth တွေကို ကိုယ့်စိတ်ကြိုက်ထိန်းချုပ်ထားတာ။ User တွေကို ကိုယ်ပေးသုံးချင်တယ့် Website တွေကလွဲလို့ကျန်တာတွေကို ကြည့်ခွင့်မရအောင်ပိတ်ပင်ထားတာ စတယ့် Internet User တွေကို စိတ်ကြိုက် ထိန်းချုပ်လို့ရပါတယ်။
ကဲ CCProxy အကြောင်းပြောတာနဲနဲလေရှည်သွားတယ် CCProxy ကို Configuration စလုပ်လိုက်ရအောင်။ ပထမဆုံး CCProxy ကိုဖွင့်ပါ။ Options Configuration button ကိုနှိပ်ပါ။

အဲ့ဒီအခါ Configuration Windows ပေါ်လာပါလိမ့်မယ်။

Configuration Windows ထဲညာဘက်အခြမ်းမှာတော့ မိမိ Proxy Server က Services ပေးချင်တယ့် Protocol တွေကို ရွေးပြီး  မိမိ Proxy Server ကို LAN ကနေသုံးတယ့်အခါ အသုံးပြုစေချင်တယ့် Port တွေကို ကိုယ်စိတ်ကြိုက်ပြင်ပေးလို့ရပါတယ်။
ညာဘက်အခြမ်းမှာတော့ မိမိ Proxy Server ကပေးမယ့် Services တွေနဲ့ Proxy Server Option တစ်ချို့ကိုရွေးပေးလို့ရပါတယ်။
အခု Proxy Server Install လုပ်ထားတယ့် စက်ကိုပဲ LAN ရဲ့ DNS Server အနေနဲ့အသုံးပြုချင်တယ် ဆိုရင်တော့ DNS ကိုရွေးပေးခဲ့ရပါမယ်။
ဘယ်လိုပုံစံမျိုးလဲဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ ISP ၂ခုရဲ့ DNS ၄ခုရှိပါတယ်။ ဥပမာ အနေနဲ့ဆိုရင် ယခု Yatanarbon Teleport (ယခင် Myanmar Teleport, Bagan Teleport) ရဲ့ DNS Server တွေအနေဲ့ဆိုရင် 203.81.71.69 ရယ် 203.81.71.73 ရယ်ဆိုပြီးရှိပါတယ် Internet ကို R0uter ကိုအသုံးပြုပြီး Connection Sharing ပေးမယ်ဆိုရင်တော့ Internet အသုံးပြုချင်တယ့် Computer ရဲ့ TCP/IP properties ထဲမှာ CCProxy Install လုပ်ထားတယ့် DNS Server IP တွေကိုဖြည့်ပေးရမှာဖြစ်ပါတယ်။
DNS Option ကိုရွေးခဲ့မယ်ဆိုရင်တော့ စက်တိုင်းမှာ ISP ရဲ့ DNS  ကိုသွားဖြည့်စရာမလိုပဲ အခု CCProxy တင်ထားတယ့် Computer ရဲ့ IP ကိုဖြည့်ပေးလိုက်တာနဲ့အဆင်ပြေသွားပါလိမ့်မယ်။ LAN DNS Server အနေနဲ့ပါအသုံးပြုလိုက်တာပါ။
အောက်ဖက်က Local IP Address ကတော့ Default အနေနဲ့ Auto Detect ကိုရွေးပေးထားပါတယ် တစ်ကယ်လို့ Network Card 2 Card ကိုသုံးပြီး Internet Connection Sharing လုပ်မယ်ဆိုရင်တော့ Proxy IP အနေနဲ့ထားချင်တယ့် Network Card ရဲ့ IP ကိုရွေးပေးလို့ရပါတယ်။
CCProxy မှာ ပါတယ့် နောက် Option တစ်ခုကတော့ Web Cached Option ပါပဲ Web Cached Option ကတော့ Intnet အသုံးပြုတယ့် နေရာမှာ အသုံးပြုလိုက်တယ့် Website တွေကို CCProxy Install လုပ်ထားတယ့် Computer ထဲမှာ သိမ်းထားပြီး နောက်တစ်ခေါက်ကအဲ့ဒီ Website ကိုအသုံးပြုတယ့်အခါကျရင် အဲ့ဒီ Website ရှိနေတယ့် Server ထဲက Download သွားမလုပ်ပဲ CCProxy ကသူ သိမ်းထားတယ့် Cache ထဲကနေပြန်ထုတ်ပေးပါတယ့် အဲ့ဒီအတွက် Internet အသုံးပြုတယ့် User တွေအနေနဲ့ Connetion မြန်တယ်လို့ ထင်ရအောင်အသုံးပြုတယ့် Option တစ်ခုပါ။
အဲ့လို Cache Option ကိုသုံးမယ်ဆိုရင်တော့ Cache file တွေကို သိမ်းထားဖို့အတွက် Harddisk မှာလုံလောက်တယ့် Freespace တော့လိုအပ်ပါလိမ့်မယ်။
LAN ထဲမှာ POP3 Mail တွေကို အသုံးပြုမယ်ဆိုရင်တော့ Mail Option ကို ရွေးခဲ့ရမှာဖြစ်ပါတယ်။
တစ်ခြား Option တွေဖြစ်တယ့် Auto Startup နဲ့ Auto Hide ကတော့ CCProxy ကို Computer စစတက်ခြင်း System Tray ထဲမှာ Run စေချင်ရင် ရွေးပေးခဲ့ရမှာဖြစ်ပါတယ်။
Port Map Option ကတော့ Port Forward လုပ်တယ့်နေရာတွေမှာ အသုံးပြုလို့ရပါတယ်။
Configuration နဲ့ပတ်သက်ပြီး အသေးစိတ်ပိုမိုပြင်ဆင်ချင်တယ် ဆိုရင်တော့ Advance ကိုနှိပ်လိုက်ရင် အောက်မှာပြထားတယ့် ပုံအတိုင်းတွေ့ရမှာဖြစ်ပါတယ်။

Internet Connection ကို Share ပေးဖို့ကိုယ်အသုံးပြုထားတယ့် Internet Connection အမျိုးအစားက Dial-up အမျိုးအစားဆိုရင်တော့ မိမိ အသုံးပြုမယ့် Dial-up Entries ကိုရွေးပေးပြီး Dial-up User Name နဲ့ Password တို့ကိုဖြည့်ပေးရပါမယ်။
Idle Disconnect Minutes Option ကတော့ Dial-up ကိုအသုံးမပြုပဲထားတယ့် အချိန်ဘယ်လောက်ကြာရင် Dial-up Connection ကိုဖြုတ်ချချင်လဲဆိုတာကို ရိုက်ထည့်ခဲ့ရမှာဖြစ်ပါတယ်။
Enable Auto Dial-up Option ကတော့ အောက်ဘက်မှာပေးထားတယ့် Internet Services တွေထဲက Services တစ်ခုကို LAN ထဲကနေ အသုံးပြုလိုက်တာနဲ့ တစ်ပြိုင်တည်း Dial-up Connection ကို Auto ချိတ်ဆက်စေချင်တယ်ဆိုရင်အသုံးပြုလို့ရပါတယ်။
နောက်ထပ် Advance Option တစ်ခုဖြစ်တယ့် Cache နဲ့ပတ်သက်ပြီးပြင်ချင်တယ် ဆိုရင်တော့ Cache Tab ကိုရွေးတယ့်အခါ အောက်မှာပြထားတယ့် ပုံအတိုင်းတွေ့ရမှာဖြစ်ပါတယ်။

Cache Option ကိုပြင်ရာမှာတော့ Cache files တွေကို Update လုပ်မယ့် အချိန်ရယ် သိမ်းမယ့် Path ရယ်အသုံးပြုမယ့် Harddisk Space ရယ်ကိုပြင်ဆင်လို့ရပါတယ်။ (CCProxy ကအသုံးပြုတယ့် Cache Techonology ကတော့ကိုယ်ပိုင် Techonology မဟုတ်ပဲ Internet Explorer မှာအသုံးပြုထားတယ့် Techonology ကိုယူသုံးထားတာကိုတော့ သတိပြုသင့်ပါတယ်။ ကျွန်တော် သိသလောက်တော့ IE ရဲ့ Cache Techonology ဟာတစ်ခြား Browser တွေရဲ့ Cache Techonology ထက်နိမ့်တာကိုတွေ့ရှိရပါတယ်။ အဲ့ဒါကြောင့် CCProxy ကို သုံးပြီး Cache သုံးမယ်ဆိုရင်တော့ သိပ်အဆင်မပြေတာကို တွေ့ရပါတယ်။)
Cache Update Time(minutes) Option ကတော့ Cache file တွေကို ဘယ်နှမိနစ်ကြာရင် Update လုပ်မလဲဆိုတာ ရွေးပေးရမှာပါ။ (ဥပမာ Cache Update Time(minutes)Option ထဲမှာ မိနစ် 30 လို့ပေးထားခဲ့ရင် ပထမဆုံး website တစ်ခုဖြစ်တယ့် www.downtr.net ကိုခေါ်လိုက်တယ် နောက်တစ်ကြိမ် www.downtr.net ကို ၁၀မိနစ်ခြားပြီးပြန်ခေါ်လိုက်မယ်ဆိုရင်တော့ CCProxy က downtr.net website ကို Download သွားမလုပ်တော့ပဲ Cache ထဲမှာရှိနေတယ့် website ကိုပဲထုတ်ပေးမှာဖြစ်ပါတယ်။ အဲ့လိုမဟုတ်ပဲ ပထမအကြိမ်အသုံးပြုပြီးနောက် မိနစ် 40  ကြာမှ အဲ့ဒီ Website ကိုခေါ်မယ်ဆိုရင်တော့ သတ်မှတ်ထားတယ့် Cache Update Time ကျော်လွန်သွားတယ့်အတွက် downtr.et website ကိုသူတင်ထားတယ် Webhosting Server ကနေ Download သွားလုပ်ပေးမှာဖြစ်ပါတယ်။)
Cache နဲ့ပတ်သက်ပြီးပြင်ချင်တယ်ဆိုရင်တော့ IE buttom ကိုနှိပ်လိုက်ရင်အောက်မှာပြထားတယ့် Internet Option Windows ပေါ်လာမှာဖြစ်ပါတယ်။ (IE Version 7 ရဲ့ Internet Properties ဖြစ်ပါတယ်)

Internet Option Windows ထဲ Browsing History Section ထဲက Setting ကိုနှိပ်လိုက်ရင် အောက်မှာပြထားတယ့် Temporary Internet Files and History Settings Windows ပေါ်လာမှာဖြစ်ပါတယ်။

Disk space to use ညာဘက်က Box ထဲမှာတော့ Cache files တွေအတွက်အသုံးပြုမယ့် Harddisk Space ကိုရွေးပေးရမှာဖြစ်ပါတယ်။ ရွေးပေးတယ့်အခါ အနဲဆုံး 8MB ကနေ အများဆုံး 1024MB တစ်နည်းအားဖြင့် 1GB အထိအသုံးပြုနိုင်မှာဖြစ်ပါတယ်။
Cache files တွေကိုသိမ်းမယ့် Path ကိုတော့ Move Folder ကိုနှိပ်ပြီး မိမိသိမ်းချင်တယ့် Path ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ရွေးချယ်မှုတွေပြီးရင်တော့ Ok ကိုနှိပ်ပြီးပြန်ထွက်ပေးရမှာဖြစ်ပါတယ်။
ပြီးရင်တော့ Cascading Tag ကိုရွေးလိုက်ရင် အောက်မှာပြထားတယ့် အတိုင်းတွေ့ရမှာဖြစ်ပါတယ်။

Cascading Tage ထဲမှာတော့ CCProxy ကအသုံးပြုမယ့် Proxy Address ကိုထည့်ရမှာဖြစ်ပါတယ်။ မိမိအသုံးပြုတယ့် ISP က Yatanarbon Teleport ကဆိုရင်တော့ ဘာမှရွေးချယ်စရာမလိုပါဘူး။ MPT ကတာဆိုရင်တော့ Enable Cascading Proxy ကိုရွေးချယ်ပြီး Proxy Address Text Box ထဲမှာ MPT ရဲ့ Proxy Address ကိုဖြည့်ပေးရမှာဖြစ်ပါတယ်၊
MPT Proxy ကအသုံးပြုတယ့် Protocol ဖြစ်တယ့် HTTP ကိုရွေးပေးရမှာဖြစ်ပြီး၊ MPT Proxy ကအသုံးပြုတယ့် Port No. ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။
Proxy ကိုအသုံးပြုရာမှာ Authorization အသုံးပြုဖို့လိုအပ်တယ်ဆိုရင်တော့ Need Authorization ကိုရွေးချယ်ပြီး User Name နဲ့ Password ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Log Tab ကိုနှိပ်လိုက်ရင် အောက်မှာပြထားတယ့် ပုံအတိုင်းမြင်ရမှာဖြစ်ပါတယ်။

Log Optiong ထဲမှာ CCProxy ကိုအသုံးပြုတယ့် Information Log တွေနဲ့ပတ်သက်ပြီးပြင်ဆင်မှုတွေလုပ်ချင်တယ်ဆိုရင် ပြင်ဆင်လို့ရပါတယ်။ Save Logs to file Option ကတော့ Log files တွေကိုသိမ်းမယ့် Path ကိုရွေးပေးလို့ရပါတယ်။
Log တွေကို သိမ်းရာမှာလဲ Request URL (အသုံးပြုတယ့် Website လိပ်စာ)၊ Picture Info (Webpage အတွင်းရှိ ဓါတ်ပုံများ၏ URL အပြည့်အစုံ)၊ Web Title Info (Webpage ကိုအသုံးပြုချိန်တွင် Browser ၏ Title Bar တွင်ဖော်ပြသော စာသား) စသည်တို့ကို စိတ်ကြိုက် ရွေးချယ်ပေးလို့ရပါတယ်။
Maximum Lines Option ကတော့ Log file တစ် file မှာအများဆုံးအသုံးပြုမယ့် Line အရေအတွက်ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်၊
Log file တွေကို တစ်ရက်ကိုတစ် file နှုန်းသိမ်းစေချင်ရင်တော့ New Log Daily Option ကို ရွေးခဲ့ရမှာဖြစ်ပါတယ်။
Enable Flow Stats ကတော့ User တွေအနေနဲ့ Inertnet ကိုအသုံးပြုရာမှာ Receive byte နဲ့ Send byte တွေကို သိချင်တယ်ဆိုရင်ရွေးချယ်ပေးလို့ရပါတယ်။
အောက်ဘက်က Buttom တွေကတော့ Flow Stats ကတော့ Flow Stats File ကိုဖွင့်ကြည့်ရာမှာသုံးပြီး၊ Log File ကတော့လက်ရှိအသုံးပြုနေတယ့် Log File ကိုဖွင့်ကြည့်ရာမှာသုံးပါတယ်၊ Clear Log ကတော့ Log file တွေကိုဖျက်တယ့်နေရာမှာသုံးပါတယ်၊ Export Excel ကတော့ လက်ရှိအသုံးပြုနေတယ့် Log File ကို Excel file အနေနဲ့ပြောင်းရာမှာအသုံးပြုပါတယ်။
CCProxy အနေနဲ့ POP3 E-mail အသုံးပြုခွင့်နဲ့ပတ်သက်ပြီးပြင်ချင်ရင်တော့ Mail Tab ကိုရွေးပါ။

Mail Option မှာ POP3 Mail Client ကအသုံးပြုမယ့် SNTP နဲ့ POP3 ကအသုံးပြုမယ့် Port တွေကိုရွေးပေးရမှာဖြစ်ပါတယ်။ Anti Spam Check with RBL Option ကတော့ E-mail တွေကို Download လုပ်ရာမှာ Spam mail တွေပါမလာအောင် Real-time Blackhole List ကိုအသုံးပြုပြီး စစ်ဆေးစေချင်တယ် ဆိုရင်ရွေးပေးလို့ရပါတယ်။
Network နဲ့ပတ်သက်တယ့် Settings တွေကိုပြင်ချင်ရင်တော့ Network Tag ကို နှိပ်လိုက်ပါ။

Enable SOCKS4 Option ကတော့ Socks4 နဲ့ Socks4a Services ကိုအသုံးပြုချင်ရင်ရွေးလို့ရပါတယ်။
Disable External Users Option ကိုတော့ မိမိ LAN ထဲက IP Rance ကလွဲလို့ကျန်တယ့် IP Rance တွေကိုအသုံးမပြုစေချင်ရင် သုံးလို့ရပါတယ်။ LAN IP Rance ကိုသတ်မှတ်ရာမှာတော့ Configuration Windows အောက်ခြေက Local IP Address ညာဘက်မှာရွေးထားခဲ့တယ့် IP Rance ကိုအသုံးပြုမှာဖြစ်ပါတယ်။
Bandwidth Control Apply for Option ကိုတော့ User တွေကို Bandwidth limite လုပ်ရာမှာ Upload တစ်ခုကိုပဲ limite လုပ်မလား၊ ဒါမှမဟုတ် Download တစ်ခုကိုပဲ limite လုပ်မလား၊ ဒါမှမဟုတ် Upload ကော Download ကော limite လုပ်မလားဆိုတာကိုရွေးလို့ရပါတယ်။
Web Sites for On-line Checking Option ကတော့ CCProxy အနေနဲ့ Internet Connection ရမရစမ်းသပ်ရာမှာ အသုံးပြုစေချင်တယ့် Website Address တွေကိုထည့်သွင်းပေးခဲ့ရမှာဖြစ်ပါတယ်။
Socket Idle Disconnect Minutes Option ကတော့ Socket တွေကို အသုံးမပြုပဲထားရင် အသုံးမပြုတယ့် Socket ကို အလိုအလျောက် Connection ပြတ်သွားစေချင်ရင် သုံးလို့ရပါတယ်။ Connection ပြတ်သွားစေချင်တယ့် Minutes ကိုတော့ ရိုက်ထည့်ခဲ့ရပါမယ်။
အထက်မှာဖော်ပြခဲ့တာတွေအပြင် အခြားအသုံးပြုလို့ရမယ့် Setting တွေကို ပြင်ချင်ရင်တော့ Other Tab ကိုနှိပ်လိုက်ပါ။
Language Option ကတော့ CCProxy မှာအသုံးပြုချင်တယ့် Language ကိုရွေးပေးရမှာဖြစ်ပါတယ်။
Enable Remote Admin ကတော့ CCProxy ရဲ့ Account Manager ကို တစ်ခြားစက်ကနေ Internet Browser တစ်ခုခုကိုသုံးပြီး Control လုပ်ချင်တယ်ဆိုရင်ရွေးပေးရမှာဖြစ်ပါတယ်။ အဲ့လိုရွေးပေးပြီးရင်လဲ Remote Admin ကအသုံးပြုမယ့် TCP/IP Port ကိုရွေးပေးရပါမယ် Default Port ကတော့ 88 ဖြစ်ပါတယ်။
Admin Password ကတော့ CCProxy ကို Remote ၀င်ရာမှာပဲဖြစ်ဖြစ် Software ကိုပြင်ရာမှာပဲဖြစ်ဖြစ် အသုံးပြုမယ့် Password ကိုပေးခဲ့ရမှာဖြစ်ပါတယ်။
Password Protection ကတော့ Default အနေနဲ့ရွေးမထားပါဘူး၊ သူ့ကိုရွေးလိုက်ရင် Admin Password ကို မသိပဲ CCProxy ကို Run ထားတာကလွဲလို့ တစ်ခြားဘာကိုမှလုပ်လို့ရတော့မှာမဟုတ်ပါဘူး။
Need Password When Startup ဒီ Option ကတော့ CCProxy ကို Run ရာမှာ Password မသိပဲ Run လို့မရအောင် ကာကွယ်ချင်တယ်ဆိုရင်တော့ သုံးလို့ရပါတယ်။
Option Configuration ပိုင်းကတော့ ဒီလောက်ပါပဲ။ Account Management နဲ့ပတ်သက်လို့ ဆက်လက်ရေးသားသွားပါ့မယ်။

by mandalarnet

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်