(photo:wikipedia)
windows 8 တင်ဖို့စဉ်းစားနေရင် ခဏရပ်လိုက်အုန်း၊ ကျွန်တော်ဖြစ်ခဲ့တာလေး ပြောပြအုန်းမယ်။ windows 8 မှာ myanmar unicode လဲပါလာတယ်လို့ ကြားတာရယ်၊ နောက်ဆုံးပေါ်ဖြစ်နေတဲ့ windows ကြောင့်ရယ်၊
အသစ်အဆန်းလေးကို သုံးခြင်တာတွေကြောင့် windows 8 တင်မယ်ဆိုရင် Microsoft.com ကနေ
windows 8 Customer Preview ကိုဒေါင်းတယ်ပြီးတော့ install ချလိုက်တယ်။ windows 8 ကို စသုံးသုံးချင်
မှာ သတိထားမိတာကတော့ Programe တွေအားလုံးက Full screen ဖြစ်သွားတယ် ပြီးတော့ file, edit, view စတဲ့ Menu bar တွေမရှိတော့ဘူး။ စတဲ့ ထူးခြားမှုတွေနဲ့ ရှုပ်ပြီးတော့ အသုံးပြုရတာ အဆင်မပြေဘူးလို့ဘဲ ပြောရမှာပေါ့။အကယ်၍ windows 8 ကိုဘဲ တက်ခြင်လို့ လေ့လာတင်ဆိုရင်တော့ ကောင်းပါတယ် ဒါမှမဟုတ်ဘဲ ကိုယ်နေ့စဉ်အသုံးပြုနေတဲ့ computer မှာတင် မယ်ဆိုရင်တော့ စတဲ့ user unfriendly (အသုံးပြုနေကျ မဟုတ်ဘဲ တမူထူးခြားနေတဲ့ ဒီ windows 8 နဲ့တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။) ကျွန်တော်အခု အထက်က ပြောခဲ့တဲ့ အချက်တွေက တော်ပါသေးတယ် ကျွန်တော် laptop မှာ အရင်အပတ် ကဘဲ windows 8 ကိုတင်လိုက်တာ ကျွန်တော်ရဲ့ D drive partition ကပျောက်ချင်းမလှပျောက်သွားပါလေရောဒါနဲ့ မဖြစ်သေးဘူး ဆိုပြီး windows 8 ကိုဖျတ်ပြီး windows 7 ကို အသစ်ပြန်တင်လိုက်တယ် ဒါလဲ မရသေးဘဲ D drive က လုံးဝကို ပြန်မပေါ်လာတော့ပါဘူး။ ကျွန်တော်ကရဲ့ D drive မှာ အားလုံးအရေးကြီး တဲ့data တွေကို ထည့်ထားတာဖြစ်ပြီး size ကလဲ C DRIVE ထက်ကြီးပါတယ်။ဆိုတော့ windows 7 ကနေပြီးတော့ drive ကို hide လုပ်တာ unhide လုပ်တာတွေကိုလဲ command prompt ကနေလုပ်လဲ ဘာမှမထူးလာဘူး။ ဒါနဲ့ command prompt မှာ diskpart > list volume ဆိုပြီးတော့ ရှာပြန်တော့လဲ D drive ကိုလုံးဝမတွေ့ရသေးပြန်ဘူး။ နောက်ဆုံးတဆင့် device manger က
နေ disk drives မှာ properties ကနေ volumes မှာသွားပြီး Populate ကိုနှိပ်လိုက်တော့
305257 MB ရှိနေတာကို တွေ့ရတယ် ဒါပေမဲ့လဲ အောက်က volumes မှာတော့ C: 98006 MB ကိုဘဲရှိတယ် ကျွန်တော်ရဲ့ D drive (220 GB) က ပျောက်ခြင်မလှပျောက်နေပါလေရော ဆိုတော့
ကျွန်တော်window Live cd , boot active cd စတာတွေနဲ့ ၀င်ပြီးတော့ data တွေကို copy ကူးလို့တော့
ရပါတယ်ရဲ့ ဒါပေမဲ့ ကျွန်တော်ရဲ့ D drive က C drive ထက်နှစ်ဆလောက်ကြီးပြီး D ထဲက data က 110 GB
ရှိတယ် C drive မှာက 98 Gb လောက်ဘဲ free space ကရှိပြန်တယ် ဆိုတော့ ...အခက်ကြုံပြီးပေါ့။
ဒီတော့ ကျွန်တော်လုပ်ရမဲ့ နည်းလမ်းက တမျိုးဘဲရှိတယ်တာက D drive ကို format မရိုက်ဘဲ၊ RAW file
format ကနေပြီးတော့ NTFS ပြန်ပြောင်းရမှာ ဖြစ်ပါတယ် ဒီအတွက် ကိုတော့ TeskDisk လို့ခေါ်တဲ့
http://www.cgsecurity.org/wiki/TestDisk software လေးနဲ့ဘဲ လုပ်ရတော့မှာပေါ့။
ဒီလိုဘာဖြစ်လို့ဖြစ်သွားရလဲဆိုတော့ Windows 8 မှာ သုံးတဲ့ file format ကREFS (Resilient File System) လို့ခေါ်ပြီးအခု ကျွန်တော်အများစု windows XP,vista,7 မှာ အသုံးပြုတာက
New Technology File System (NTFS) ဖြစ်တဲ့ အခါမှာ ကျွန်တော် windows 8 ကို install လုပ်လိုက်
တဲ့အခါမှာ windows 8 ရဲ့ REFS file format က ကျွန်တော်ရဲ့ format မလုပ်တဲ့ D drive ကို မပြောင်းဘဲ
RAW အနေနဲ့ သက်မှန်လိုက်တာဖြစ်ပါတယ် ဒါကြောင့် ကျွန်တော် windows 7 ကို ပြန်တင်ပေမဲ့လဲ
လုံးဝမပေါ်ဘဲ ဤကဲ့သို့ Raw ဖြစ်နေရခြင်းဖြစ်ပါတယ်။
ဆိုတော့ windows 8 တင်ချင်တယ်ဆိုရင်တော့ အကောင်းဆုံးက ကိုယ့်ရဲ့ လိုအပ်သမျှ Data တွေကို
backup လုပ်ထားပြီး partition အားလုံးကိုပါ format ချပြီးမှ အသုံးပြုရင်ကောင်းမယ်လို အတွေ့အကြုံအရ
အကြံဥာဏ်ပေးလိုက်ပါတယ် ခင်ဗျာ...
SBSangpi(စံပီး)
0 comments:
Post a Comment