www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

KeyLogger ကာကွယ်ရေး

စာရေးသူ၏ အာဘော်...

သတိထားပါ... လုံးဝကို သတိထားပါ... ကိုယ်တယောက်ထဲသာ အသုံးပြုတဲ့ Computer ဆိုရင်တော့ ပြဿနာမရှိပေမဲ့။ အများသုံး ကွန်ပျူတာတွေ၊ ရုံးသုံး ကွန်ပျူတာတွေ၊ CyberCafe တွေ မှာသုံးမယ်ဆိုရင် လုံးဝသတိထားရမယ့် ပြဿနာ တရပ်ပါ။ ဘာဖြစ်လို့ အခုလို အရေးတကြီးပြောနေတာလဲဆိုတာကို သိချင်ရင်တော့  MyanmarFamily မှာရေးသားထားတဲ့ ကိုရဲသူ၏ အာဘော်လေးကို တင်ပြလိုက်ရ ပါတယ်ခင်ဗျာ။

ကိုရဲသူ၏ အာဘော်...

KeyLogger လို့ခေါ်တယ် .. window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေတယ်။ tray icon လည်းမပေါ်ဘူး။ ရှိမရှိမသိရဘူးပေါ့ဗျာ .. ။ သူက ခင်ဗျား keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ .. ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ .. ။ ပထမဆုံး gtalk sign in ၀င်မယ်ဗျာ .. ။ သွားပြီ user name ရော ၊ password ရော ။ နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့ နှစ်ကိုယ်ကြားတွေပြောမယ်၊ ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေပြောမယ်။ တစ်ချို့တွေ credit card နံပါတ်တွေ ရိုက်မယ် အကုန်ကျန်ခဲ့တာဗျ .. ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့ .. ။ အထူးသဖြင့် ဆိုင်ဘာ ကနေ သုံးရတဲ့လူတွေ .. ။ တွေးသာကြည့်ပါတော့ဗျာ ... (All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါမှတ်ပေးထားနိုင်တယ်၊ သတိထားနော်.. မင်းသား/မင်းသမီးတွေပါ ဖြစ်သွားမယ် ဟဟ)
အဲဒါကို ရှိမရှိ ကြည့်ဖို့ ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျနော် ပြောပြပါ့မယ်။ ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့ အသိပေးပြောပြလိုက်ပေါ့ဗျာ .. ။ တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. ဟဟ software ရှာပြီး စမ်းကြည့်ပေါ့ဗျာ .. ။ ကျနော် fileden မှာ host တင်ပြီးသားကို ရှိတယ်။ ဒါပေမယ့် မပေးဘူး .. အကျိုးမရှိဘူးလေဗျာ ... ။
ကဲ ကြာပါတယ် .. ကိုရေးတာတွေ password တွေ ပါမသွားအောင် လုပ်လိုက်ရအောင် .. ။ Ctrl+Shift+Esc(or)Ctrl+Atl+Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ဗျာ ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲကကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ... ဘာလို့ဆိုရိုးရိုးယူဆာတွေအနေနဲ့ကဘယ်လိုဖိုင်လ်က အချက်အလက်တွေကိုရီကော့လုပ်တာလဲဆိုတာမသိနိုင်တော့အန္တရာယ်ကင်းဘေးရှင်းအားလုံးကို end process လုပ်ပြီးကိုယ်သုံးတဲ့ကောင်ကိုပဲ manually ခေါ်သုံးတာအကောင်းဆုံးပါပဲ။

စာရေးသူ၏ အာဘော်...

(မှတ်ချက် - KeyLogger software အမျိုးမျိုးရှိနိုင်ပါသည်။ ဒါကြောင့် Windows Task Manager  ၏ Process ထဲမှာ run နေတဲ့ Keylogger ကို EndProcess လုပ်ဖို့ က အသုံးပြုထားတဲ့  KeyLogger software အမျိုးအစားကို လိုက်ပြီး တူညီ မည်မဟုတ်ပါ။ Example - <msdts.exe, HTV.exe, ....>, KeyLogger ကို ဖြုတ်ချ ချင်တယ်ဆိုရင်တော့ Add or Remove ထဲကနေပဲ ဖျက်ချလိုက်လို့ ရပါတယ်။ )

စာရေးသူ - ညီညီ < 6.10.08 >

Adobe Reader ရဲ့ ကောင်းကွက်ကျွန်တော် MyanmarFamily မှာဝင်ကြည့်ရင်းနဲ့ ဖတ်ရလို့  မိတ်ဆွေတို့ ကို လက်ဆင့် ကမ်းလိုက်တာပါ။ မိတ်ဆွေတို့ အတွက်လဲ အသုံးတဲ့ မယ်လို့ ထင်ပါတယ်။ ဒီလိုပါ  pdf အနေနဲ့ သိမ်းထားတဲ့ English စကားလုံးများကို Adobe Reader ထဲမှာ အသံထွက် ပြီးဖတ်ခိုင်းလို့ ရတာကို တွေ  ရပါတယ်။ Adobe Reader ကအခုလို အသံထွက်ဖတ် နိုင်တဲ့ Function ပါလာတော့ ကျွန်တော်တို့ ကိုယ်တိုင် စာကြည့်ဖတ်စရာမလိုတော့ပဲ အဆင်သင့် နားထောင်နေရုံပဲပေါ့။ Good တယ်နော်... အဲ.. ဒါပေမဲ့ English စာကားလုံးတွေကိုပဲ ဖတ်တာနော်... Scanner နဲ့  ဖတ်ထားတဲ့ စာမျိုးကိုတော့ ဖတ်ခိုင်းလို့ မရပါ။ ပြီးတော့ မြန်မာလိုလဲ ဖတ်ခိုင်းမနေနဲ့ အုန်း... ရဘူးးးးး  ကဲ..ကဲ.. Adobe Reader ကြီးကို အရင်ဖွင့်လိုက်ပါ။ ကိုယ်ဖတ်ခိုင်းချင်တဲ့ pdf ဖိုင်ကိုဖွင့်ပါ။ ကျွန်တော်တို့ ကိုယ်စား အသံထွက်ပြီးဖတ်ခိုင်းချင်ရင်တော့..
* Ctrl+Shift+B - to hear the entire document
* Ctrl+Shift+V - to hear the page
* Ctrl+Shift+C - to resume
* Ctrl+Shift+E - to stop

အထက်ပါ shortcut လေးတွေကို နှိပ်ပြီး စတင်နိုင်ပါပြီ။ စမ်းကြည့် ကြလို့ အဆင်ပြေ ကြရင် မုန့် ကျွေးဖို့ မမေ့ကြနဲ့ အုန်းနော်... ဟီးးး   By Nyi Nyi

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်