www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

CCProxy Account Management

အရင်အပတ်တွေက CCProxy Installation နဲ့ Option Configuration အကြောင်းရေးသားပေးခဲ့ပြီးပါပြီ အခုတစ်ပတ်ကတော့ Account Management နဲ့ ပတ်သက်ပြီးရေးသားပေးသွားပါ့မယ်။
CCProxy ကိုအသုံးပြုပြီးတော့ Internet အသုံးပြုတယ့် User တွေကို Control လုပ်လို့ရပါတယ် အဲ့လို Control လုပ်ဖို့အတွက် Account Management ကိုသိရှိနားလည်ဖို့လိုပါလိမ့်မယ်၊ Account Management ကို နားလည်သဘောပေါက်သလောက်ကို အသေးစိတ်ရေးသားပေးသွားပါ့မယ်။
Account Management ကိုအသုံးပြုဖို့ CCProxy Main Windows ထဲက Account Manager ကိုနှိပ်လိုက်ပါ။

Account Manager Dialogbox ကို အောက်ပါအတိုင်းတွေ့ရပါလိမ့်မယ်။

Permit Category မှာဆိုရင် ရွေးချယ်စရာ ၂ခုရှိပါတယ် တစ်ခုက Permit All နဲ့နောက်တစ်ခုကတော့ Permit Only ပဲဖြစ်ပါတယ်။  Permit All ကတော့ အခုလက်ရှိအသုံးပြုထားတယ့် CCProxy ကိုအသုံးပြုပြီး Network ထဲက ဘယ် User (Client) ကိုမဆို Internet ပေးသုံးချင်တယ်ဆိုရင် အသုံးပြုရမယ့် Option ပါ။ Permit Only ကိုတော့ Network ထဲမှာရှိတယ် User (Client) တွေကို ဘယ်သူ့ကိုတော့ ပေးသုံးမယ် ဘယ်သူ့ကိုတော့ ပေးမသုံးဘူး စတယ့် User (Client) တွေနဲ့ ပတ်သက်ပြီး ထိန်းချုပ်ချင်တယ်ဆိုရင်အသုံးပြုလို့ရတယ့် Option တစ်ခုပါ။
Auth Type ကတော့ CCProxy ကိုအသုံးပြုရာမှာ အသုံးပြုခွင့်ရှိမရှိဆိုတာကို IP Address, MAC Address and User/Password စတာတွေနဲ့ စစ်ဆေးပေးလို့ရပါတယ်။
Web Filter ကိုတော့ ဘယ် Website တွေကို User (Client) တွေကိုပေးသုံးမယ် ဘယ် Website တွေကိုတော့ User တွေကို ပေးမသုံးဘူးစတာတွေကို သတ်မှတ်ပေးလို့ရပါတယ်။
Time Schedule ကိုအသုံးပြုပြီးတော့ User (Client) တွေရဲ့ Internet အသုံးပြုချိန်တွေကို စိတ်ကြိုက် ထိန်းချုပ်လို့ရပါတယ်။
New, Edit, Delete and Select All စတယ့် Buttons တွေကတော့ Account List ထဲက User Account တွေကိုပြင်ဆင်မှုလုပ်ရာမှာ အသုံးပြုလို့ရပါတယ်
Auto Scan ကိုအသုံးပြုပြီး LAN ထဲမှာရှိတယ့် Computer တွေရဲ့ computer name, IP adress နဲ့ MAC address စတယ့် Information တွေကိုသိချင်တယ့် အခါမှာအသုံးပြုလို့ရပါတယ်
Export and Import ကိုတော့ Account List ကို Export ပို့တယ့်အခါ Export လုပ်ထားတယ့် file တွေကို Import လုပ်တယ့်အခါတွေမှာ အသုံးပြုလို့ရပါတယ်။ ဘာနဲ့တူသလဲဆိုတော့ Account List ကို Backup လုပ်တာ Restore လုပ်တာနဲ့သွားဆင်တူပါတယ်။
NT User Auth ကတော့ Active Directory တင်ထားတယ့် Domain Server ထဲက Domain Account တွေကို Account List ထဲကိုပေါင်းထည့်တယ့် နေရာမှာ အသုံးပြုလို့ရပါတယ်။ မှတ်ချက်။   ။Domain Server Base Network မဟုတ်ရင်တော့ သုံးလို့ရမှာမဟုတ်ပါဘူး။
Flow Stats ကတော့ Account တစ်ခုချင်းစီက အသုံးပြုထားတယ့် Download နဲ့ Upload တွေကို byte နဲ့ပြပေးမှာဖြစ်ပါတယ်။မှတ်ချက်။   ။Advance Option ထဲက Enable Flow Stats Checkbox ကိုမရွေးခဲ့ရင်တော့ ပြပေးမှာမဟုတ်ပါဘူး။
Created New Account
Account အသစ်ဖွဲ့ချင်ရင်တော့ Permit Category ထဲမှာ Permit Only ကိုရွေးပြီး New ကို Click နှိပ်ပါ။

Enable ကိုတော့ Account တွေကို enable ဒါမဟုတ် disable လုပ်တယ့်နေရာမှာသုံးပါတယ်။
User/Group Name ကတော့ User name ဒါမှမဟုတ် Group Name အနေနဲ့ CCProxy ကိုအသုံးပြုရာမှာ အသုံးပြုခွင့်ရှိ/မရှိကို စစ်ဆေးရာမှာအသုံးပြုပါတယ်။
Password ကိုတော့ ပေါ် User Name ထဲက User အတွက် Password သတ်မှတ်ရာမှာသုံးပါတယ်။
IP Address/IP Range ထဲမှာတော့ User Name ထဲက User အသုံးပြုမယ့် Computer ရဲ့ IP Address တစ်ခုထဲဒါမှမဟုတ် IP range တစ်ခုကို သတ်မှတ်ရာမှာ အသုံးပြုလို့ရပါတယ်။ For example: 192.168.0.1 or 192.168.0.1-192.168.0.10.
MAC Address ကိုတော့ အခုဖွဲ့နေတယ့် User အသုံးပြုမယ့် Computer ရဲ့ MAC Address ကိုထည့်ပေးရမှာ ဖြစ်ပါတယ် တစ်ကယ်လို့ MAC Address ကိုမသိဘူးဆိုရင်တော့ “?” ကို Click နှိပ်ပြီး ပေါ်လာတယ့် Get Address Box ထဲမှာ Computer Name ဒါမှမဟုတ် IP address ကိုဖြည့်ပြီး Retrieve ကိုနှိပ်ပြီး MAC address ကို ရယူနိုင်ပါတယ်။
As Group ကတော့ အခုဖွဲ့နေတယ့် Account ကို Group အဖြစ် သတ်မှတ်ချင်ရင်အသုံးပြုပါတယ်။
Belongs to Group ကတော့ အခုဖွဲ့နေတယ့် Account ကို ဖွဲ့ပြီးသား Group တွေထဲကိုထည့်သွင်းချင်ရင်အသုံးပြုပါတယ်။
Maximum Connections ကတော့ Account တစ်ခုကို Connection ဘယ်နှစ်လိုင်းပေးသုံးမယ်ဆိုတာ သတ်မှတ်တယ့်နေရာမှာသုံးပါတယ်။“-1″ ကိုတော့ Unlimited အနေနဲ့သတ်မှတ်ပါတယ်။
Bandwidth ကတော့ Account တစ်ခုကို ပေးသုံးမယ့် အမြင့်ဆုံး Bandwidth ကိုသတ်မှတ်တယ့်နေရာမှာအသုံးပြုပါတယ်။“-1″ ကိုတော့ Unlimited အနေနဲ့သတ်မှတ်ပါတယ်။
WWW, Mail, Telnet, Remote Dial-up, FTP, SOCKS, Others စတယ့် Option ကတော့ Account ကိုပေးသုံးစေချင်တယ့် Services တွေကိုရွေးပေးရမှာဖြစ်ပါတယ်။
Web Filter ကတော့ မိမိ ဖန်တီးထားတယ့် Web Filter ကို Account မှာအကျိုးသက်ရောက်စေချင်တယ့် နေရာမှာသုံးပါတယ်။
Time Schedule ကတော့ မိမိ ဖန်တီးထားတယ့် Time Scheduleကို Account မှာအကျိုးသက်ရောက်စေချင်တယ့် နေရာမှာသုံးပါတယ်။
Auto disable at ကိုတော့ Account ကိုဘယ်အချိန်မှာ Disable လုပ်မလဲဆိုတာကို အသုံးပြုချင်ရင် ရွေးပေးရမှာဖြစ်ပါတယ်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်