www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

Psssword မမှတ်ချင်သူများအတွက် Lastpass အသုံးပြုနည်း

အင်တာနက်ပေါ်မှာ Website ပေါင်းမြောက်မြားစွာကို Sign In (Log In) လုပ်ပြီး အသုံးပြုတဲ့ နေရာမှာ Password တစ်လုံးတည်းကို Website တွေအားလုံးကို Sing In လုပ်ဖို့အတွက်
အသုံးပြုခြင်းဟာ သိပ်ပြီး မသင့်တော်ပါဘူး ။ ဒါကြောင့် Password ပေါင်းမြောက်မြားစွာကို Website အမျိုးမျိုးအတွက် အသုံးပြုကြပါတယ်။
ဒါပေမဲ့ ပြသနာက Password ပေါင်းမြောက်မြားစွာကို မှတ်မိဖို့ ခက်ခဲခြင်းပါပဲ။ အခုတော့ Lastpass ဆိုတဲ့ Adds-on စနစ်တစ်ခု ပေါ်ပေါက်နေပါပြီ ။ Password  များစွာကို မမှတ်ချင်သူတွေအတွက် အဓိက password တစ်လုံးတည်းဖြင့် ကျန်တဲ့ password တွေကို အလိုအလျောက် အွန်လိုင်းပေါ်မှာ မှတ်ထားပေးမယ့် Lastpass ကို သုံးကြည့်ဖို့ အကြံပေးပါရစေ။

ဒီ Lastpass က Gmail  ၊ Facebook စတဲ့ Sign in လုပ်ပြီးဝင်ရတဲ့ ၀က်ဆိုဒ်တွေ အတွက် password တွေကို အင်တာနက်ပေါ်မှာ အလိုအလျောက်မှတ်ထားပေးပြီး Sign In လုပ်တဲ့ အချိန်မှာ အလိုအလျောက်ဖြည့်ပေးတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။
ဒီနည်းဟာ ၀က်ဆိုဒ်ပေါင်းမြောက်မြားစွာကို password မြောက်မြားစွာနဲ့ အသုံးပြုသူတွေ အတွက် အထူးသင့်လျော်သလို့ password မေ့မှာစိုးတဲ့ဒုက္ခ ၊ password တွေကို ရိုက်နေရတဲ့ ဒုက္ခတွေကို ကူညီကယ်တင်ပေးမယ့် လုံခြုံစိတ်ချရတဲ့ စနစ်တစ်ခု ဖြစ်ပါတယ် ။ ဒီလိုလုပ်ဖို့အတွက် ကိုယ်အသုံးပြုနေတဲ့ ကွန်ပျူတာရဲ့ Mozilla , Internet Explorer စတှဲ့Search Engine တွေမှာ Lastpass ကို install လုပ်ထားဖို့လိုပါတယ် ။ Mozilla မှာ Lasspast ဘယ်လို ထည့်သွင်းအသုံးပြုသလဲဆိုတာကို သေချာရှင်းလင်း ပါ့မယ် ။
ပထမဆုံး Mozilla ကိုဖွင့်ပီးတော့ address bar မှာ https://addons.mozilla.org/...ss-password-manager/ ဆိုတာကို ရိုက်ထည့်လိုက်ပါ ။ ပေါ်လာတဲ့ web page ပေါ်မှာ Add to Firefox ဆိုတာကို နှိပ်လိုက်ပါ ။ Download ဆွဲတာ ခဏစောင့်လိုက်ပါ ။
နောက် Lastpass ကို install လုပ်မလားလို့ မေးရင် Install လုပ်လိုက်ပါ ။ Install လုပ်လို့ ပြီးသွားရင် Mozilla Firefox ကို Restart လုပ်ဖို့မေးလိမ့်မယ် ။ restart လုပ်လိုက်ပါ ။ အခုဆိုရင် ကွန်ပျုတာထဲမှာ Lastpass ကိုထည့်သွင်းတာ ပြီးဆုံးသွားပါပီ ။
ဒီအချိန်မှာ Mozilla အပေါ်ဘက် Navigation Toobar  ရဲ့ညာဘက်ထောင့်လေးမှာ Lastpass ရဲ့ Icon ကြယ်ပွင့်ပုံ သေးသေးလေးကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါဆိုရင် Lastpass ကို အောင်မြင်စွာပြီးဆုံးသွားပါပြီ ။
နောက်တစ်ဆင့်အနေနဲ့ Lastpass မှာ အကောင့်တစ်ခု ကို ကိုယ့်ရဲ့ ဂျီမေးအကောင့်ကို အသုံးပြုပြီး လျှောက်ရပါမယ် ။ ဒီလိုလျှောက်ဖို့အတွက် Lasspast Icon ကိုနှိပ်လိုက်ပါ ။ Lasspast ရဲ့Box လေးပေါ်လာပါလိမ့်မယ် ။ Create an account ကိုဖြည့်ပါ ။ e mail နေရာမှာ ကိုယ်အသုံးပြုနေတဲ့ အီးမေးလ် လိပ်စာကို ထည့်သွင်းပါ ။ ဥပမာ - lastpass@gmail.com နောက် Masterpassword နေရာမှာ Password အသစ်တစ်လုံးကိုရိုက်ပါ ဒီ password ကအရေးကြီးပါတယ် မေ့လို့မရပါဘူး။
ပြီးတော့ ဖောက်ထွင်းဖို့ခက်တဲ့ Password ဖြစ်ရပါမယ် ဘာကြောင့်လဲဆိုတော့ ဒီ password နဲ့ ကျန်တဲ့ Password တွေကို မှတ်ထားမလို့ ဖြစ်ပါတယ် ။ Password Reminder ထဲမှာ Master Password မှာ ဖြည့်ထားတဲ့ password တွေကို တစ်လုံးမကျန် မှန်ကန်စွာဖြည့်ပါ ။ နောက် ပုံမှာပြထားတဲ့အတိုင်း အောက်မှာ အကွက်လေးတွေကို အမှတ်ခြစ်ပါ ။ နောက် Create an Account ကို နှိပ်လိုက်ပါ ။

ဒါလေးပေါ်လာပါလိမ့်မယ် ။

နောက်ခုနက password ကို ပြန်ဖြည့်ပါ ။ နောက် Create an Account ကို နှိပ်ပါ ။ ပုံပါအတိုင်း No, do not import any of my insecure items ကို ရွေးပါ ။ continue ကိုဆက်နှိပ်ပါ ။

ဒါဆို Lastpass Account ကို ဖန်တီးတာ ပြီးသွားပါပြီ။ တကယ်လို့ သင်ရဲ့ g mail ပဲဖြစ်ဖြစ် Facebook ပဲဖြစ်ဖြစ် အခြား website တစ်ခုကိုပဲဖြစ်ဖြစ် Log in (Sign in) လုပ်လိုက်ပါ ။ Sign In လုပ်ပြီးတဲ့ အခါ အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ် ။ Save Site ကိုရွေးလိုက်ပါ ။ ဒါဆို သင့်ရဲ့ Log In account နဲ့ password ကို Lastpass မှာ အလိုအလျောက်မှတ်ထားပြီးသား ဖြစ်သွားပါပြီ ။

Save Site ဆိုတာက သင်ရဲ့ password ကို Lastpass မှာ မှတ်ထားဖို့အတွက်ဖြစ်ပါတယ် ။ Never For This ကို နှိပ်လိုက်ရင်တော့ password တွေကို မှတ်ထားမှာမဟုတ်သလို ဒီ website ကိုဝင်တဲ့အခါတိုင်း နောက်ဘယ်တော့မှ password ကို မှတ်မလားလို့မေးတော့မှာ မဟုတ်ပါဘူး ။ Not Now ဆိုတာကတော့ နောက်မှ Password ကိုမှတ်ချင်ရင် မှတ်မယ်ဆိုရင် သုံးဖို့အတွက်ပါ ။




ဥပမာ asdfg@gmail.com password (၁၂၃၄၅) ဖြင့် gmail ကို Sign In လုပ်လိုက်တယ်ဆိုပါစို့ ။ အပေါ်က ပုံလေးပေါ်လာပါလိမ့်မယ် ။Save Site ကိုနှိပ်လိုက်ပိဆိုပါစို့ ။ နောက် တစ်ခါ ဒီ asdfg@gmail.com ကို Sign In လုပ်တဲ့အခါ password ရိုက်စရာမလိုတော့ပါဘူး။
Facebook လို Sing In (Log In) လုပ်ပြီးဝင်ရတဲ့ web site တွေကိုလည်း ဒီလို Save Site နှိပ်ပြီးဝင်ထားလို့ရှိရင် နောက်တစ်ခါ ဒီ website တွေကို ၀င်လို့ရှိရင် password ကိုထပ်ရိုက်စရာမလိုပဲ Lastpass ကနေ အလိုအလျောက်ဖြည့်ပေးသွားမှာ ဖြစ်ပါတယ် ။
အထူးသတိပြုရမှာကတော့  Lastpass ကို အသုံးပြုမယ်ဆိုရင် Mozilla , Internet Explorer စတဲ့ Search Engine တွေကို ဖွင့်ပြီးတဲ့နောက် Lastpass ကို Log In လုပ်ဖို့လိုအပ်သလို မသုံးတော့ဘူးဆိုရင်လည်း Lastpass သင်္ကေတဖြစ်တဲ့ ကြယ်ပုံလေးကို နှိပ်ပြီးတော့ Log Off  လုပ်ဖို့လိုအပ်ပါတယ်။
သုခသခင်

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်