www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

Kaspersky AND Google Talk

Kaspersky Anti-Virus သုံးသော မိတ်ဆွေတို့ စီမှ... Gtalk Voice Call လို့ မရပါဘူးဆိုတဲ့  သတင်းကို မကြာခဏကြားနေရပါတယ်။ တကယ်လည်း Kaspersky anti-virus တင်ထားသည့်စက်မှာ Gtalk Voice ခေါ်လို့ မရတာကို တွေ့ ကြုံ ခဲ့ရပါတယ်။ ကျွန်တော့်အသိ အမတစ်ယောက်က ပြောပါတယ်... "ငါကတော့ Gtalk Voice Call တော့မယ်ဆိုရင် အရင်ဦးဆုံး Kasper ကြီးကို Disable လုပ်ပစ်လိုက်တာပဲတဲ့ ။ အဲလို လုပ်မှလည်း Gtalk Voice ခေါ်လို့ ရတယ်လို့ ပြောပါတယ်။"  ဒီနည်းက Gtalk Voice Call ဖို့ အတွက် အစင်ပြေသွားစေပေမဲ့  နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ အချိန်မရွေး ကိုယ့်ရဲ့ စက်ကို Virus ၀င်ဖို့ လမ်းဖွင့်ပေးသလို ဖြစ်သွားပါတယ်။ ဒါကြောင့်မလို့  Gtalk Voice Call လည်းအစင်ပြေအောင်၊ Kasper လည်း Disable လုပ်စရာမလိုအောင် ကျွန်တော်ကတော့ ဒီလိုနည်းနဲ့ ဖြေရှင်းလိုက်ပါတယ်။ မိတ်ဆွေတို့ လည်း စမ်းကြည့်စေချင်ပါတယ်။

Kaspersky ၏ Settings ထဲကို ၀င်ပါ။ Threats and Exclusions ဆိုတဲ့ ခေါင်းစဉ်ကို တွေ့ အောင်ရှာပြီးဝင်လိုက်ပါ။ ပြီးလျှင် Trusted Zone ကိုသွားပါ။ အဲဒီထဲက Trusted Applications Tab ကိုရွေးပါ။ Add မှာတစ်ချပ်နှိပ်  Applications မှတစ်ဆင့် Gtalk ရှိသည့် လမ်းကြောင်းကို ရွေးချယ်ပေးလိုက်ပါ။ ပြီးလျှင် OK နဲ့ ထွက်လိုက်ပေါ့။

ဒါဆိုရင် Gtalk နဲ့  Kasper ကိုတွဲသုံးလို့ ရပါပြီ။
ရေးသားသူ - ကိုညီ

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်