www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

Samsung galaxy Grand GT-i9082 ကို CWMသွင်းပြီး Rootလုပ်ကြမယ်

Samsung Galaxy Grandကို CWMသွင်းပြီး Rootလုပ်နိုင်မယ်.နည်းလမ်းလေးဖြစ်ပါတယ်။ပထမဆုံး CWMသွင်းကိုအရင်သွင်းရမှာဖြစ်ပါတယ်။
Samsung Galaxy Grand phablet
Samsung USB Driver 
Samsung Galaxy Grand CWM

 USB Driver ကို PCမှာ အရင်ဆုံးRun ထားလိုက်ပါ။

Galaxy Grand CWM ကို rar ဖြည်လိုက်တဲ.အခါ odin3.0.4.rar နဲ.CWM-touch_i9082_chotu.tar.md5 ဖိုင်နှစ်ခုကိုရလာပါလိမ်.မယ်။


Odin 3.0.4 ကို rar ထပ်ဖြည်လိုက်ပါ။ Odin 3.0.4 ကို PC ပေါ်မှာ Run လိုက်ပါ။ အောက်ပါပုံအတိုင်း အမှန်ခြစ်တွေကို ခြစ်ထားပါ။


မိမိဖုန်းကို Setting>developer option ကနေ USB Debugging onလိုက်ပါ။ ပြီးလျှင် မိမိဖုန်းDownload Mode ထဲဝင်ဖို. Vol down + power + home button သုံးခုစလုံးကို Samsung logo ပေါ်လာသည်အထိနှိပ်ထားပါ။ Warning ဆိုပြီးပေါ်လာရင် Volume upကိုဆက်နှိပ်လိုက်ပါ။ဒါဆို Download Mode ထဲကိုဝင်သွားပါပြီ။ PC နဲ.ချိတ်ဆက်လိုက်လို.ရပါပြီ။အောက်ပါပုံအတိုင်းပေါ်လာလျှင် Odin က ဖုန်းကိုသိသွားပါပြီ။



Odin မှာရှိတဲ. PDA နေရာမှာ စောစောကzipဖြည်ထားတဲ. CWM-touch_i9082_chotu.tar.md5 ဖိုင်ကိုထည်.လိုက်ပါ။ပြီးလျှင် အောက်ပါပုံအတိုင်း Start ကိုနှိပ်လိုက်ပါ။

မိမိဖုန်း Auto Reboot ကျသွားပါလိမ်.မယ်။ Rebootပြန်တက်လာရင် CWMသွင်းပြီးပါပြီ။


Root လုပ်မယ် 

UPDATE-SuperSU-v1.10 ကိုဒေါင်းလိုက်ပါ။ zip ဖိုင်ကို သွားမဖြည်လိုက်ပါနဲ.။ Zipဖိုင်လိုက် မိမိဖုန်း SD Card ထဲကို ကူးထည်.လိုက်ပါ။

မိမိဖုန်း CWM ထဲကို ၀င်ဖို.အတွက် Volume up + power + home button ကိုနှိပ်လိုက်ပါ။ CWM Recovery Modeထဲကို ရောက်သွားပါလိမ်.မယ်။ 

CWM Recovery ထဲမှာ အထက်အောက်ရွေးချယ်ဖို.အတွက် Volume Buttonတွေကို အသုံးပြုရမှာဖြစ်ပြီး Enter လုပ်ဖို.အတွက် Powre or Home Buttonကို သုံးနိုင်မှာဖြစ်ပါတယ်။ 

install zip from sdcard --->choose zip from sdcard ကနေစောစောကထည်.ထားတဲ. Update-SuperSu-v1.10 ကိုရွေးချယ်ရပါမယ်။ install လုပ်ပြီးသွားရင် Main Menu ကိုသွားပြီး Reboot System Now ကိုနှိပ်လိုက်ပါ။ Rebootပြန်တက်လာရင် မိမိဖုန်းလေးဟာ Super Userလေးနဲ. Root Access ရရှိသွားပြီဖြစ်ပါတယ်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်