www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

CCProxy Installation

CCProxy အကြောင်းကို အပြည့်အစုံရေးပေးပါလို့ သူငယ်ချင်း ဖြစ်သူ ညီညီမှ တောင်းဆိုလာသည့်အတွက် မရေးတာကြာပြီဖြစ်တယ့် Blog ထဲကို Login ပြန်ဝင်ပြီး CCProxy အကြောင်းကို အသေးစိတ် ဖော်ပြလိုက်ပါတယ်။
CCProxy ကို ဘယ်နေရာတွေမှာအသုံးပြုလို့ရလဲဆိုရင် မိမိ Network မှာ Internet Connection ကို Share ပေးတယ့်အခါမှာ Proxy Server တစ်ခုအနေနဲ့အသုံးပြုလို့ရပါတယ်။ CCProxy ရဲ့အားသာချက်ကအနေနဲ့ ဘာတွေရှိသလဲဆိုရင် Windows Server/Client ဘယ် Operative System မှာ Run နိုင်တာရယ် Portable ဖြစ်တာရယ်။ Internet အသုံးပြုတယ့် User တွေကို Username, Password တွေနဲ့တင်မကပဲ Mac address, IP Address တွေနဲ့ထိန်းချုပ်ထားလို့ရသလို Bandwidth ကိုလဲ User အလိုက် ခွဲခြားသတ်မှတ်လို့ရပါတယ်။ အဲ့ဒါအပြင် Website တွေကိုလဲ filter လုပ်ထားနိုင်ပါတယ်။ User တွေ Internet သုံးချိန်ကိုလဲ Shedule ဆွဲပြီးထိန်းချုပ်ထားလို့ရပါသေးတယ်။ User တွေကို ထိန်းချုပ်တယ့် နေရာမှာလဲ User တစ်ယောက်ချင်းစီကို စိတ်ကြိုက် ထိန်းချုပ်လို့ရသလို Group ဖွဲ့ပြီးတော့လဲ ထိန်းချုပ်လို့ရပါတယ်။ CCProxy မှာသုံးလို့ရတယ့် Feature တစ်တွေကို အောက်ဘက်မှာ အသေးစိတ်ရှင်းပြသွားပါ့မယ်။
အရင်ဆုံး CCProxy ကို ဒီနေရာကနေ Download လုပ်ယူပါ။
Download လုပ်ပြီးရင်တော့ RAR File ကိုဖြည်လိုက်ပါ CCProxysetup file ရယ် Keygen folder ရယ်တွေ့ရပါလိမ့်မယ် Keygen folder ထဲမှာတော့ CCProxy Register လုပ်ရာမှာလိုအပ်တယ့် Keygen file ပါရှိပါလိမ့်မယ်။
အခု Install စလုပ်ပါမယ်၊ CCProxysetup.exe ကို Double Click လုပ်လိုက်ရင် အောက်ကပုံအတိုင်းမြင်ရပါလိမ့်မယ်။
Next ကို Click လုပ်ပါ
CCProxy ကို Install လုပ်မယ့် Path (လမ်းကြောင်း) ကိုရွေးပေးပြီး Next ကို နှိပ်ပါ။

Start Menu မှာပေါ်စေချင်တယ့်စာသား ကို ရိုက်ထည့်လို့ရပါတယ် ပြီးရင် Next ကိုနှိပ်ပါ။

Quick Launch Toolbar ထဲမှာ CCProxy Shortcut ကိုထည့်သွင်းချင်ရင် ရွေးပြီး Next ကိုနှိပ်ပါ။

CCProxy Install လုပ်ဖို့ လိုအပ်တယ့် အချက်အလက်တွေပြည့်စုံပြီ ဖြစ်လို့ စတင် Install လုပ်ဖို့ Install ကိုနှိပ်ပါ။

Install လုပ်ပြီးကြောင်း ပြသတယ့်အခါ Launch CCProxy ကိုရွေးပြီး Finish ကိုနှိပ်ပါ။ အောက်မှာပြထားတယ့် ပုံအတိုင်း CCProxy windows ကိုမြင်ရမှာဖြစ်ပါတယ်။

Install လုပ်လို့ပြီးသွားရင်တော့ Register လုပ်ဖို့အတွက် CCProxy Windows ထဲက Register button ကိုနှိပ်လိုက်တယ့်အခါ Registration Windows ပေါ်လာပါလိမ့်မယ်

အဲ့ဒီ Registration Windows ထဲက Machine ID ကို Copy ကူးယူပြီး အောက်မှာပြထားတယ့် Keymaker Windows

ထဲက Your Machine ID Text box ထဲမှာ Paste လုပ်ပြီး Generate ကိုနှိပ်လိုက်ရင် Serial No နဲ့ Register Code ထွက်လာပါလိမ့်မယ် အဲ့ဒီ ၂ ခုကို အသုံးပြုပြီး အဲ့ဒီ Windows ထဲကို Serial No. နဲ့ Register Code ကိုထည့်ပြီး Register button ကိုနှိပ်လိုက်ပါ။ Register လုပ်ပြီးကြောင်း Message ပြလာရင် Ok ကိုနှိပ်လိုက်ပါ။ ပြီးရင် တော့ Registration Windows ကို Close နဲ့ပိတ်လိုက်ပါ။ CCProxy ကို Full Version အနေနဲ့ အသုံးပြုလို့ရပါပြီ။
Configuration ပိုင်းကိုတော့ မကြာခင်မှာ Post တင်ပေးပါ့မယ်။

by  mandalarnet

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်