www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

Firefox Setting ကိုဘယ်လို Backup လုပ်မလဲ?

Firefox ကို Backup လုပ်ဖို့ အတွက် Mozbackup ဆိုတဲ့ ဆောဖ့်ဝဲလ်လေး လိုအပ်ပါတယ်။ သူ့ကို ဒေါင်းလော့လုပ်ချင်ရင် Firefox မူရင်း ဆိုဒ်မှာတင် ဒေါင်းလော့ လုပ်နိုင်ပါတယ်။ ဒီနေရာမှာ ဒေါင်းလော့သွားလုပ် လိုက်ပါ။ ဘက်ကပ်လုပ်နည်းကတော့ သူ့ကိုဖွင့်ပြီး အောက်ပါအတိုင်း Backup a Profile ကိုရွေး ၊
ပြီးရင်တော့ သူက မိမိဘက်ကပ်လုပ်မဲ့ဖိုင်ကို ဘယ်နေရာမှာ သိမ်းမလဲဆိုတာ မေးပါမယ်။ မိမိကြိုက်တဲ့နေရာမှာ သိမ်းလိုက်ပါ။
ပြီးရင်တော့ မိမိဘက်ကပ်လုပ်ချင်တဲ့ အစိတ်အပိုင်းတွေကို အမှန်ခြစ်ပေးယုံပါပဲ ။ မလိုအပ်တဲ့ဟာတွေကို အမှန်ခြစ်ဖြုတ်ပြီး ထားခဲ့ပေါ့ ။
ဒါဆိုရင် firefox setting တစ်ခုလုံးကို ဘက်ကပ်လုပ်ပြီးပြီးဖြစ်ပါတယ် ။ မိမိက အဲဒီအတိုင်း ပြန်လို ချင်ရင်တော့ import ကနေ စောစောက မိမိဘက်ကပ်လုပ်ထားတဲ့ဖိုင်ကို ပြန်ညွှန်း ပေးလိုက်ရင် သူ့ဘာသာအော်တို rewrite လုပ်သွားပါလိမ့်မယ်။
(ကိုရဲ)

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်