www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

ကြက်ကောက်ညှင်း အဆာသွပ်ပေါင်း


ကချင်ပြည်နယ် ဗန်းမော်-မိုးမောက် ဒေသက အစားအသောက် တစ်မျိုးနဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ အဲဒါကတော့ "ကြက်ကောက်ညှင်း အဆာသွပ်ပေါင်း" ဆိုတဲ့ အစားအစာ တစ်မျိုးပဲ ဖြစ်ပါတယ်။ ကြက်ကောက်ညှင်းအဆာသွပ်လုပ်ဖို့ အတွက် သိပ်မကြီးတဲ့ အနေတော် ကြက်တစ်ကောင် လိုအပ်ပါတယ်။ ကြက်အကောင်ကြီးရင် အသားရင့်ပြီး စားမကောင်းတဲ့ အတွက် ကြက်အကောင် အသေးကို ရွေးရပါတယ်။ ကြက်ဝမ်းဗိုက်ထဲကို ထည့်ပြီးပေါင်းဖို့ အတွက် သင့်တော်သလောက် ကောက်ညှင်းငချိတ်ကိုလည်း ကြိုပေါင်းထားပြီး အအေးခံထားရပါမယ်။

Image Hosted by PicturePush - Photo Sharing

ပုံတွင်ပြသည့်အတိုင်း ကြက်အကောင်သေး တစ်ကောင်ကို အမွေးအမှင်များ စင်အောင်နှုတ်၊ ရေစင်စင် ဆေးပြီး ရင်အုံအောက်( ပေါင်ရင်းနားလောက်) မှနေ၍ အပေါက်သေး တစ်ခုကို ဓားဖြင့်ခွဲကာ ကလီစာများကို အခုလို ပန်းကန် တစ်ချပ်ဖြင့် အရင် ဖယ်ထုတ်ထားလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

အသင့်ပေါင်းပြီးသား ကောက်ညှင်း ငချိတ်
Image Hosted by PicturePush - Photo Sharing

ချောက်ကောပါးကော အမှုန့်များ (နာနတ်ပွင့်၊ ဖာလာစေ့)
Image Hosted by PicturePush - Photo Sharing

ကြာညို့ အချိုအငံ နှစ်မျိုးလုံးကို ထည့်ပါတယ်
Image Hosted by PicturePush - Photo Sharing

၎င်း ကြက်တစ်ကောင်လုံးကို အသားမှုန့်၊ ကြာညို့အချိုအငံနှစ်မျိုး၊ ဂျင်းရည်၊ ချောက်ကော ပါးကော အမှုန့်တို့ဖြင့် အသားထဲ စိမ့်ဝင်အောင် နယ်ထားပါတယ်။


Image Hosted by PicturePush - Photo Sharing

ကလီစာများကို ရေစင်အောင် ဆေးပြီး ပါးပါးလှီးကာ အသင့်ပေါင်းထားသော ကောက်ညှင်းဖြင့် ဂျင်းရည်၊ ကြာညို့၊ ဆား၊ ချောက်ကော ပါးကော၊ အသားမှုန့်၊ ဂျင်း စသည်တို့ကို လိုအပ်သလို ထည့်ကာ သမအောင် ထပ်နယ် ထားပါတယ်။

Image Hosted by PicturePush - Photo Sharing

ကြက်ဝမ်းဗိုက်ထဲ အဆာသွတ်ရန် အဆင်သင့်ဖြစ်နေသော ကောက်ညှင်းငချိတ်နှင့် ကလီစာများ။
Image Hosted by PicturePush - Photo Sharing

ထိုနောက် အသင့်ပြင်ထားသော ကောက်ညှင်းငချိတ်နှင့် ကလီစာများကို ကြက်ဝမ်းဗိုက်ထဲသို့ သိပ် ထည့်ရပါတယ်။

Image Hosted by PicturePush - Photo Sharing

အဆာသိပ်ပြီးသွားတဲ့ အချိန်မှာ ဓားဖြင့်ခွဲထားသော ကြက်ဝမ်းဗိုက်ကို အပ်နှင့် အပ်ချည်ကို အသုံးပြုပြီး အဆာများ ပြန်မထွက်လာစေရန် သေချာစွာ ပိတ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ပေါင်းရန် အသင့်ဖြစ်နေသော ကြက်ကောက်ညှင်းငချိတ် အဆာသွတ်
Image Hosted by PicturePush - Photo Sharing

ပေါင်းအိုးထဲသို့ မထည့်မှီ ကြက်ခြေထောက် ဒူးဆစ်နေရာလောက်မှ အကြောကို ဓားသေးသေးဖြင့် ဖြတ်ထားဖို့ လိုအပ်ပါတယ်။ ပေါင်းအိုးထဲ ထည့်တဲ့ အချိန်ရော၊ ကြက်ကို ပေါင်းနေစဉ် အချိန်မှာပါ အဆင်ပြေစေဖို့ ဖြစ်ပါတယ်။


စပေါင်းရန် အဆင်သင့် ဖြစ်နေသောကြက်ကို Rice Cooker သို့မဟုတ် ပေါင်းအိုးထဲ ထည့်ပြီး ရေ အနည်းငယ် ထည့်ကာ အချိန် တစ်နာရီ ( သို့မဟုတ်) ကြက်အသားနူးသည်အထိ ပေါင်းလိုက်ပါတယ်။


ထို့နောက် အသားများ နူးညံ့ အရသာရှိလှပြီး ရနံ့မွေးကြိုင်လှသော ကြက်ကောက်ညှင်း အဆာသွပ်ပေါင်း ကို ရပါပြီ။

Image Hosted by PicturePush - Photo Sharing

အချဉ်ရည်ဖြင့် တွဲဖက်စားသုံးရန် အဆင်သင့် ဖြစ်နေသော ကြက်ကောက်ညှင်းအဆာသွပ်ပေါင်း။

Image Hosted by PicturePush - Photo Sharing

ဒါကတော့ ကြက်ရဲ့ ဝမ်းဗိုက်ထဲက ကောက်ညှင်းနဲ့ ကလီစာတွေကို ခုလို မြင်ရတဲ့ ပုံပါ။

by missgreenlady

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်