www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

မှိုအမဲသားလိပ်တာရီယာကီ



ပါဝင်ပစ္စည်းများ

• အမဲသား ၂၀၀ ဂရမ်
• ရွှေအပ်မှို ၂၀၀ ဂရမ်
• ဆား လက်ဖက်ရည်ဇွန်း ထက်ဝက်
• သကြား လက်ဖက်ရည်ဇွန်းထက်ဝက်
• ခရုဆီ လက်ဖက်ရည် ၁ ဇွန်း
• ငရုပ်ကောင်း အနည်းငယ်
• ပြောင်းဖူးမှုန့် လက်ဖက်ရည် ၁ ဇွန်း
• ချင်း- ခြစ်ထားပြီးသား အနည်းငယ်


ပြုလုပ်နည်း


1. ရွှေအပ်မှိုကလွဲလို့ ကျန်တာအားလုံးကို သမအောင်ရောမွှေထားပါ
2. မှိုလေးတွေကို ရေဆေးပြီး ၆ ပုံ (သို့) ၅ ပုံ အညီအမျှခွဲထားလိုက်ပါ
3. အမဲသား ကွမ်းသီးလုံးခန့်ကို လက်ဝါးထဲမှာ ပြားအောင်ဖိပေးပါ။
4. ပြီးရင် ရွှေအပ်မှိုကိုထည့်ပြီး မှိုအောက်ပိုင်းလေးတွေ အမဲသားနဲ့ဖုံးသွားအောင် ပုံပါအတိုင်း ဆုပ်နယ်ပေးပါ။
5. မှိုနဲ့ အမဲသားများကုန်အောင် ဆက်လုပ်သွားပါ။
အားလုံးပြင်ပြီးပြီဆိုရင်တော့ စပြီးကြော်ဖို့အတွက် ဆီစားပွဲဇွန်း ၁ ဇွန်းကို ပူအောင်တည်ပါ။
6. အမဲသား၊မှိုလုံးများကို အိုးထဲထည့်ပြီး အဖုံးဖုံးကာ ၅ မိနစ်ခန့်တည်ပါ။ ကြားထဲမှာ အကျက်ညီအောင် တစ်ဖက်ကိုလှန်ပေးပါ။
7. ၅ မိနစ်ပြည့်ပြီ။ အမဲသားတွေ လည်းအရောင်ပြောင်းပြီဆိုရင် Teriyaki ဆော့စ် စားပွဲဇွန်း ၁ဇွန်းခွဲ နဲ့ သကြား လက်ဖက်ရည် ၁ ဇွန်းကိုထည့်မွှေပါ။ ရေအနည်းငယ်ထည့်ပြီး ၃ မိနစ်လောက် အရသာစိမ့်ဝင်အောင် ထားလိုက်ရင် စားဖို့ အသင့်ဖြစ်ပါပြီ

by evy-foodlover

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်