www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

ဝက်သား သုံးထပ်ပေါင်း (တရုတ်နည်း)

Braising လုပ်တယ်လို့ ခေါ်ပါတယ်။
ချက်နည်း၂မျိုးပေါင်းပြီး ချက်ထားတာမျိုးပေါ့။
ကင်ပြီးဖြစ်စေ၊ ကြော်ပြီးဖြစ်စေ
၊ အသားအပြင်ဘက်ကို ကျက်စေပြီးမှ
နူးအိနေအောင် ပေါင်းထားတာကိုပြောတာပါ။
ဒီပေါင်းနည်းက အရည်များများပါပါတယ်။
ပေါင်းမယ့် အသားက အရည်များများ
လုံလောက်အောင် ထုတ်မပေးနိုင်မှာမို့
ဟင်းသီးဟင်းရွက်များနဲ့ ပေါင်းကြပါတယ်။
ဥပမာ- ဘီယာ၊ ၀ိုင်၊ ခရမ်းချဉ်သီး
အစရှိသည်ဖြင့်ထည့်ပါတယ်။
အမဲသား၊ သိုးသားတို့ကိုလည်းဒီလိုပဲပေါင်းကြပါတယ်။
ဒီနေ့တော့ အိသက်က တရုတ်နည်းနဲ့
ဝက်သား Braise လုပ်ပါမယ်နော်။

ပါဝင်ပစ္စည်းများ
***********
• ၀က်သား၃ထပ်သား - ၃၀သားခန့်
• ရှယ်ရီဝိုင် - စားပွဲဇွန်း ၃ ဇွန်း
• ပဲငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဆား - နည်းနည်း
• ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း၂ ဇွန်း
• ချင်း - စားပွဲဇွန်း ၁ ဇွန်း
• တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း ၁ဇွန်း
• သကြား - လက်ဖက်ရည်ဇွန်း၂ဇွန်း
• နာနတ်ပွင့် - ၃ပွင့်
• ကြက်သွန်မြိတ် - ၃ချောင်း
• ကိုက်လန် (သို့) မုန်ညင်း

ချက်ပြုတ်နည်း
**********
(၁) သန့်စင်ပြီးဝက်သားသုံးထပ်သားကို
ချင်း၊ ဆားနယ်ကာ အခေါက်ကို
အောက် ဘက်ထားပြီး ဆီမြုပ်ရုံကြော်ပါ။

(၂) ၁၀ မိနစ်ခန့် မွှေးပြီးရဲလာပြီဆိုရင်
ဖယ်လိုက်ပါ။Pressure Cooker ထဲတွင်
ကြက်သွန်မြိတ်များခင်းပါ။
အဲဒီအပေါ်ကမှ ၀က်ခေါက်သားတင်ပါ။

(၃) ပြီးလျှင် ရှယ်ရီဝိုင်၊ ပဲငံပြာရည်၊
ဆားနည်းနည်း၊ ကြက်သားမှုန့်၊ တရုတ်မဆလာ၊
သကြား၊ နာနတ်ပွင့်တို့ထည့်ကာ
ရေနွေးနွေးကိုအသားမြုပ်ရုံထည့်ပြီး
မီးမျှင်းမျှင်းဖြင့်တည်ပါ။

(၄) ၄၅-၅၀ မိနစ် လောက်တည်ပြီး
အသားနူးအိပြီဆိုရင် အရွက်ထည့်ပါ။
မီးပိတ်ပြီး အဖုံးပြန်အုပ်လိုက်ပါ။
အရွက်တွေက နူးလွယ်လို့ ၅မိနစ်ဆိုရပါပြီ။

(၅) ပြီးရင် ထမင်းပူပူနဲ့ တွဲဖက်စားသုံးနိုင်ရန်
ဝက်သားပေါင်း မွှေးမွှေးအိအိလေး အဆင်သင့်ရပါပြီ။


by facebook page

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်