ဝက်သား သုံးထပ်သား ၁၅ ကျပ်သား
ဂျင်းနု ၂တက် ပါးပါးလှီး
ကြက်သွန်နီ ၁ဥပါးပါးလှီး
ကြက်သွန်ဖြူ ၅မွှာ
ကြက်သွန်ဖြူမြိတ်များလှီးထားပါ။
ချက်နည်းတို့ရဲ့ထုံးစံပါပဲ ဆီစားပွဲတင်ဇွန်း ၁ဇွန်းနှင့် ကြက်သွန်နီနွမ်းအောင်ကြော် ၀က်သားများထည့်လုံးပါ။ ရေဟင်းခတ်ဇွန်း ၂ဇွန်းထည့် အသားနူးအောင်ချက်ပါ။ ဆားထမင်းစားဇွန်းတ၀က်ထည့်ပါ။ ရေခန်းခါနီးလျှင် ကြက်သွန်ဖြူ ဂျင်းနုထည့်ပါ။ အသားများနူးလာလျှင် ကြက်သွန်ဖြူမြိတ်ထည့်ပါ။
အရွက်များနွမ်းလာလျှင် ကော်ရည်ကျဲကျဲ ထမင်းစားဇွန်း၁ဇွန်းထည့် ၁မိနစ်ခန့်မွှေကြော်ပေးပါ။ ဂျင်းနံ့မွှေးမွှေးလေးနဲ့ ၀က်သားဟင်းလေးရပါပြီ
by satesaeyar
0 comments:
Post a Comment