www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

ချင်းကြက်သားခါးပတ်ကင် (Gingered Chicken Kebabs)

ပါဝင်ပစ္စည်းများ
***********
• ကြက်ရင်ပုံ - ရင်ပုံ ၁ ခြမ်း (အတုံးများ)
• သံပရာရည် - စားပွဲဇွန်း ၁ ဇွန်း
• ချင်း - စားပွဲဇွန်း ၁ ဇွန်း (နုပ်နုပ်စဉ်း)
• ငရုတ်သီးအနီ - ၁ တောင့် (နုပ်နုပ်စဉ်း)
• ဟင်းသီးဟင်းရွက်ဆီ - စားပွဲဇွန်း ၂ ဇွန်း
• ကြက်သွန်နီ - ၁ လုံး (ပါးပါးလှီး)
• ကြက်သွန်ဖြူ - ၂ မြွှာ (နုပ်နုပ်စဉ်း)
• ခရမ်းသီး - ၁ ၀က် (ပါးပါးလှီး)
• ငရုတ်ပွသီး - ၁ ၀က် (အတုံးလေးများ)
• အနီရောင်ဟင်းအနှစ် - စားပွဲဇွန်း ၁ ဇွန်း
• ပဲငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
• သကြား- လက်ဖက်ရည်ဇွန်း၁ ဇွန်း
• ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း၁ ဇွန်း
• ချက်ပြီးသားထမင်း - တွဲဖက်စားသုံးရန်
• ကျောက်ဖရုံသီး - ၅ တုံး (အတုံးလေးများ)

ပြင်ဆင်ပြုလုပ်ပုံ
***********
၁။ ကြက်သားတုံးလေးများကို
ဇလုံတစ်ခုထဲတွင် သံပရာရည်၊
ချင်း၊ ငရုတ်သီးတို့နှင့်ရော၍ နယ်ပြီး
၃ နာရီခန့်နှပ်ထားပါ။

၂။ Wooden Skewers၀ါးတုတ်များကို
ရေထဲတွင် မိနစ်(၃၀)ခန့်စိမ်ထားပါ။

၃။ နှပ်ထားသော ကြက်သားတုံးလေးများကို
တုတ်ထိုး၍ မီးဖိုပေါ်တွင်
ကျက်သည်အထိ ကင်ပေးပါ။

၎။ ဒယ်အိုးတစ်ခုထဲတွင် ဆီထည့်၍
ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို
ဆီသတ်ပေးပါ။ ရနံ့မွှေးလာလျှင် ခရမ်းသီး၊
ကျောက်ဖရုံသီးနှင့် ငရုတ်ပွသီးတို့ကို
ထည့်၍ မွှေပေးပါ။

၅။ အနီရောင်ဟင်းအနှစ်၊ ပဲငံပြာရည်၊
ကြက်သားမှုန့်နှင့် သကြားတို့ကိုပါထည့်၍ မွှေပေးပါ။

၆။ ပုံတွင် ပြထားသည့်အတိုင်း ချင်း၊
ကြက်ခါးပတ်ကင်၊ ဟင်းသီးဟင်းရွက်ကြော်နှင့်
ထမင်းတို့ကိုတွဲဖက် စားသုံးနိုင်ပါပြီ။

by food magazine

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်