www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

ခရမ်းချဉ်သီးနှင့် ကြက်သားအစပ်ကင် (Spicy Tomato Chicken)


ပါဝင်ပစ္စည်းများ
***********
• ကြက်ရင်ပုံ - ရင်ပုံ ၁ ခြမ်း (အတုံးလေးများ)
• ခရမ်းချဉ်သီးအနှစ် - စားပွဲဇွန်း ၂ ဇွန်း
• ပျားရည် - စားပွဲဇွန်း ၁ ဇွန်း
• ငရုတ်သီးဆော့စ် - စားပွဲဇွန်း ၂ ဇွန်း
• နံနံပင် - စားပွဲဇွန်း ၁ ဇွန်း (နုပ်နုပ်စဉ်း)
• ခရမ်းချဉ်သီး - ၃ လုံး-၄ လုံး (အတုံးများ)
• ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ၀ါးတုတ်

ပြင်ဆင်ပြုလုပ်ပုံ
***********
၁။ ဇလုံတစ်ခုထဲတွင် ကြက်သားတုံးလေးများကို
ခရမ်းချဉ်သီးအနှစ်၊ ပျားရည်၊ ငရုတ်သီးဆော့စ်၊
ကြက်သားမှုန့်၊ နံနံပင်တို့နှင့် ရောနယ်ထားပါ။

၂။ ၀ါးတုတ်များကို ရေထဲတွင် မိနစ်(၃၀)ခန့် စိမ်ထားပါ။
ကြက်သားတုံးများနှင့် ခရမ်းချဉ်သီးများကို
တစ်ခုခြားစီ ၀ါးတုတ်များနှင့်ထိုး၍
ကျက်သည်အထိ ကင်ပေးပါ။
ခရမ်းချဉ်သီးနှင့် ကြက်သားအစပ်ကင် ရရှိပါပြီ။

by food magazine

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်