www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

ဆားငန်သီးငါးပေါင်း

ဒီမှာတော့ ရန်ကုန်မှာလို ဆားငန်သီးလေးတွေက
အရမ်းမငန်ဘူး။ ရှိတဲ့ ဆားငန်သီးလေးတွေနဲ့ပဲ
ပေါင်းစားရတယ်။ အရသာကတော့အရမ်းကောင်းပါတယ်။
ဒီမှာက ကကတစ်ငါးက ၀ယ်လို့လွယ်ပါတယ်။
Sea Bass လို့ခေါ်တယ်။ ကင်စားရင်ပဲဖြစ်ဖြစ်၊
ကြော်ပြီးနှပ်စားရင်ပဲဖြစ်ဖြစ် ကကတစ်ငါးက
စားလို့အလွန်ကောင်းပါတယ်။ သူ့အရသာက
နဂိုတည်းက ချိုပြီးသားပါ။ ဒီလအတွက်တော့
အိသက်က ကကတစ်လေးကိုဆားငန်သီးလေးနဲ့
ပေါင်းကျွေးပါရစေနော်။

ပါဝင်ပစ္စည်းများ
***********
• ကကတစ်ငါး - တစ်ကောင်
• ဆားငန်သီး - ၅^ ၆ လုံး
• သံပရာရည် - စားပွဲဇွန်း ၂ ဇွန်း
• ငံပြာရည် - လက်ဖက်ရည်ဇွန်းတစ်ဝက်
• ချင်း - အနည်းငယ်
• ကြက်သွန်ဖြူ - ၂ဥ
• ငရုတ်သီး - ၂တောင့်
• ရှောက်ရွက် - ၄ ရွက်
• ဆား - လက်ဖက်ရည်ဇွန်း၂ ဇွန်း
• ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း၂ ဇွန်း

** Sauce - ကြက်သွန်ဖြူ၊ ငရုတ်သီး၂တောင့်တို့ကို ဓားဖြင့် နုပ်နုပ်စဉ်းထားပါ။ သံပရာရည်၊ ငံပြာရည်၊
ကြက်သားမှုန့်၁ဇွန်း တို့ဖြင့်ရောထားပါ။

ချက်ပြုတ်နည်း
**********
၁/ ငါးကိုသန့်စင်အောင်ဆေးပြီး ကိုယ်ထည်ကို
ကြက်ခြေခတ် သဏ္ဌာန်ဓားလေးများဖြင့်မွှမ်းထားပါ။
ဆားအနည်းငယ်၊ ကြက်သားမှုန့်၁ဇွန်းတို့ဖြင့်နယ်ထားပါ။
ချင်းကိုအချောင်းလေးများလှီးထားပါ။

၂/ ထည့်ပေါင်းမယ့်Kitchen Foil မှာဖြစ်စေ၊
ပန်းကန်ပေါ်ဖြစ်စေ ချင်း၊ ရှောက်ရွက်၂ရွက်၊
ဆားငန်သီးတို့ဖြန့်ခင်းထားပါ။

၃/ ငါးကိုအပေါ်ကခင်းကာ ချင်း၊ ရှောက်ရွက်၂ရွက်၊ ဆားငန်သီးတို့ထပ်တင်ပါ။
(ဆားငန်သီး မရှိရင် သံပရာသီးပါးပါးလှီးများ
ထည့်ပေါင်းလို့ရပါတယ်)

၎/ ရောထားသော Sauce ရည်ကိုအပေါ်ကဖြန့်တင်ပါ။

၅/ ပြီးမှ ပေါင်းအိုးထဲကို မိနစ်၃၀ခန့်ရေနွေးခံ ပေါင်းပါ။
အနံ့အရသာ အထူးကောင်းသော ဆားငန်သီး ငါးပေါင်းရပါပြီ။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်