www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

ငါးပုပ်ခြောက် ထမင်းကြော် (၂ယောက်စာ)

• ငါးပုပ်ခြောက် ထမင်းကြော် (၂ယောက်စာ)

ပါဝင်ပစ္စည်းများ
• ချက်ပြီးသားဆန် - နို့ဆီဘူး ၁လုံး
(အနည်းငယ် မွထားပေးပါ)
• ငါးပုပ်ခြောက် - ၂လက်မအရွယ်
• မုန်လာဥနီ - ၁တောင့်
(အတုံးသေးများ တုံးပေးထားပါ)
• ဗိုလ်စားပဲ - ၇ တောင့်
(အတုံးသေးများ လှီးပေးပါ)
• ပြောင်းဖူးသေး - ၅ဖူး
(အတုံးသေးများ တုံးပေးပါ)
• ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
• နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
• ဆား - လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
• ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
• ကြက်သွန်ဖြူ - ၂မြွှာ (နုပ်နုပ်စဉ်းထားပါ)

ချက်ပြုတ်နည်း
၁။ အရင်ဆုံး ငါးပုပ်ခြောက်ကို မီးဖုတ်လိုက်၊
ထုလိုက် လုပ်ပေးပါ။ ငါးပုပ်ခြောက်အနံ့ သင်းနံ့
ရလျှင် ရပါပြီ။

၂။ မီးဖုတ်ထားသော ငါးပုပ်ခြောက်များကို အရေခွံဖယ်ပြီး ငါးသားများကို နွှင်ပေးပါ။

၃။ ပြီးမှ ဒယ်အိုးထဲသို့ ဆီ(စားပွဲဇွန်း ၃ဇွန်း) ထည့်ကာ ကြက်သွန်ဖြူများ ဆီသတ်ပေးပါ။

၎။ ထို့နောက် မုန်လာဥနီ၊ ပြောင်းဖူးသေး၊ ဗိုလ်စားပဲ တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။

၅။ အရသာအတွက် ဆား၊ ခနောကြက်သားမှုန့် တို့ကိုထည့်ပေးပြီး အရွက်များနူးရန် ရေအနည်းငယ်ထည့်ပါ။

၆။ အရွက်များ နူးမှ (ထမင်း၊ ငါးပုပ်ခြောက်) များကို ထည့်ကာ ရောမွှေလိုက်ပါ။

၇။ အပေါ်မှ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်လေးများဖြူးကာ ငါးပုပ်ခြောက် ထမင်းကြော် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

by food magazine

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်