www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

အကောင်းဆုံး ဖောင်ဒေးရှင်း မိတ်ကပ် ရွေးချယ်ရာတွင်

ဖောင်ဒေးရှင်း မိတ်ကပ် ရွေးချယ် ဝယ်ယူတဲ့ အခါမှာ သင် ဘယ်နှကြိမ်လောက် များ စေ့စေ့စပ်စပ် ရွေးချယ် ၀ယ်ယူခဲ့ဖူးပါသလဲ။အများသူငါတွေ ညွှန်းလို့ ကောင်းမယ်ထင်ပြီး ဝယ်ခဲ့တာလား ဒါမှမဟုတ် ဈေးသက်သာလို့လား။ တကယ်လို့ သင်နဲ့မလိုက်ဖက်တဲ့ ဖောင်ဒေးရှင်း မိတ်ကပ်ကိုရွေးပြီး လိမ်းမိပါက သင့်အသားအရေနဲ့ အဆင်မပြေတာမျိုး ဖြစ်တတ်ပါတယ်။ဒါကြောင့် ဖောင်ဒေးရှင်းမိတ်ကပ် ရွေးချယ်ဝယ်ယူရာမှာ သင့်အသားအရေနဲ့ လိုက်ဖက်တင့်တယ်စေဖို့ လိုက်နာသင့်တဲ့ အချက်ငါးရပ်ကို ရေးသားလိုက်ရပါတယ်။
  • သင်နဲ့လိုက်ဖက်တဲ့ ဖောင်ဒေးရှင်းမိတ်ကပ်အရောင်ကို ရရှိဖို့ တစ်ခုတည်းသောနည်းက မေးရိုးတစ်လျှောက် စမ်းသပ် လိမ်းကြည့်ဖို့ပဲ ဖြစ်ပါတယ်။ မေးရိုးတစ်လျှောက်မှာ ဖောင်ဒေးရှင်းမိတ်ကပ်ကို များများလိမ်းပြီး သင့်လည်ပင်း အရေပြားနဲ့ လိုက်ဖက်မှု ရှိ၊ မရှိ ကြည့်ရှု စစ်ဆေးသင့်ပါတယ်။
  • သင့်အသားအရေက နွေးထွေးတဲ့ အရောင်လား၊ အေးမြတဲ့ အရာင်လား ဆိုတာ သင်သိပါသလား။ အဲဒါကို သိနိုင်ဖို့ လွယ်ကူတဲ့ စမ်းသပ်နည်းတစ်ခု ရှိပါတယ်။ ဖောင်ဒေးရှင်းမိတ်ကပ်အရောင် နှစ်မျိုးနဲ့ စမ်းသပ်ပါ။ တစ်မျိုးက ပန်းရောင်၊ တစ်မျိုးက ရွှေဝါရောင်ပါ။ အဲဒီဖောင်ဒေးရှင်းမိတ်ကပ် နှစ်မျိုးကို သင့်မေးရိုးပေါ်မှာ အပြိုင်မျဉ်းပုံစံ ဆွဲလိမ်းကြည့်ပါ။ ဘယ်အရောင်က သီးသန့်ဖြစ်နေပြီး ဘယ်အရောင်က သင့်အရေပြားနဲ့ တစ်သားတည်းဖြစ်သွားသလဲ ဆိုတာလေ့လာကြည့်ပါ။ပန်းရောင်နဲ့ လိုက်ဖက်ရင် သင့်အသားအရေက နွေးထွေးတဲ့ အရောင်ပါ။ ဖောင်ဒေးရှင်းမိတ်ကပ်ရွေးချယ်ရာမှာ ပန်းရောင်ဘက်သန်းတဲ့ အရောင်ကို ရွေးပါ။ ရွှေဝါရောင်နဲ့လိုက်ရင် သင့်အသားအရေကအေးမြတဲ့ အရောင်ဖြစ်ပြီး အသားရောင်ဖောင်ဒေးရှင်းမိတ်ကပ်ကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။
  • ဖောင်ဒေးရှင်း မိတ်ကပ်အရောင်က သင့်အတွက် သင့်တော်တယ်လို့ထင်ရင် သင့်မျက်နှာတစ်ပြင်လုံးကို ဖောင်ဒေးရှင်းမိတ်ကပ်တွေ လိမ်းစရာ မလိုပါဘူး။ လိုအပ်တဲ့ နေရာတွေကိုသာ ဖောင်ဒေးရှင်းမိတ်ကပ်အစက်ချပြီး မိတ်ကပ်ဘရပ်ရှ်နဲ့ ညီညာပြန့်ပြူးသွားအောင် လိမ်းပေးပါ။ ဒီလိုလုပ်ပေးတာကြောင့် သင့်ပင်ကိုအသားအရေနဲ့ တစ်ညီတည်းဖြစ်သွားပြီး သဘာဝကျကျ လှပနေစေပါတယ်။
  • မျက်ဝန်းအောက်နေရာတစ်ဝိုက်နဲ့ အပြစ်အနာအဆာရှိတဲ့ အရေပြားနေရာမှာ ကွန်ဆဲလ်လာကို ဘရပ်ရှ်နဲ့ ညင်ညင်သာသာ လိမ်းပေးပါ။
  • တကယ်လို့ မျက်နှာအသားအရေကို တောက်တောက်ပပလေး ဖြစ်လိုရင် အစိုဓာတ်ထိန်းခရင်မ်နဲ့ ဖောင်ဒေးရှင်းမိတ်ကပ်ကို ရောပြီး လိမ်းပေးသင့်ပါတယ်။

By Good Health

0 comments:

Post a Comment

 

Popular Posts

Blog Archive

လပ်ကီးမြို့တော်