www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ကိုရီးယား ကိုက်လန်ကြော်

ပါဝင်ပစ္စည်းများ
ကိုက်လန် တစ်စည်း၊
ဆီ ငါးကျပ်သား၊
ဆားသင့်ရုံ၊
ထောပတ် စတီးဇွန်းတစ်ဇွန်း၊
ပဲငံပြာရည်ကြည် တစ်ဇွန်း၊
ဟင်းခတ်မှုန့် တစ်ဇွန်း၊
ကြက်သွန်ဖြူ သုံးလုံး၊
အာလူး နှစ်ဆယ်သား။
ပြုလုပ်ပုံအဆင့်ဆင့်
ကိုက်လန်ကို အရိုး အရွက် သပ်သပ်စီပြုလုပ်ပါ။ ပြုလုပ် ပြီး ရေစင်အောင်ဆေးပါ။ ရေဆူ ထဲကို ဆီ၊ ဆားထည့်ပါ။ ရေဆူလာရင် ကိုက်လန်ကိုထည့်ပါ။ အရောင် မပျက်အောင် စိမ်း နေပါစေနော်။ ပြီးရင် ဒယ်အိုးကို ပူအောင်လုပ်ပါ။ ဒယ်အိုးထဲကို ထောပတ် စတီးတစ်ဇွန်း ထည့်ပါ။ ကြက်သွန်ဖြူဓားပြားရိုက်ထည့်ပါ။ ဆီမွှေးထည့်ပါ။ တစ်ဇွန်းပဲထည့်ပါ။ ကိုက်လန် ကိုထည့်လိုက်ပါ။ ကြက်သွန်ဖြူ ရွှေရောင်ရမှထည့်ပါ။ ကြက်သွန်ဖြူမတူးပါစေနဲ့၊ သတိထား ပါ။ ပဲငံပြာရည်အကြည်ထည့်ပါ။ ဟင်းခတ်မှုန့် ထည့်ပါ။ ငါးမိနစ်ခန့်ကြာရင် ချလိုက်ပါ။ ချပြီး ပန်းကန်ထဲကို ခရမ်းချဉ်ဆော့ထည့်ပါ။ အပေါ်မှ ကိုက်လန်ကြော်ကို လှပစွာထည့်ပြီး သုံးဆောင်နိုင်ပါသည်။
၎င်းနှင့်တွဲဖက်စားဖို့ အလူးကို မီးခြစ်ဆံပုံလှီးပြီး ကြော်ပါ။ ရွှေအိုရောင်ရရင် ဆယ်ပြီး ၎င်းကိုက်လန်ကြော်နှင့် တွဲ၍စားသုံးပါ။ သက်သတ်လွတ်ဆိုရင် ကြက်စွပ်ပြုတ်ရည်မထည့် ပါနှင့်။ မဟုတ်ရင် ကြက်စွပ် ပြုတ်ရည်ထည့်ပေးရမည်။
Ref : The Flower News

0 comments:

Post a Comment

 

Popular Posts

Blog Archive

လပ်ကီးမြို့တော်